ဒူလုံကျန်းမြို့နယ်၌ မျက်နှာပုံဖော်သည့် အမျိုးသမီးတို့၏ ချမ်းမြေ့သာယာသော ဘဝ
2020-12-22 18:28|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန်ပြည်နယ် နုကျန်း လီစူးလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ကုန့်ရှမ်း ဒူလုံလူမျိုး၊ နုလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင် ဒူလုံကျန်းကျေးရွာအုပ်စု၌ မျက်နှာပုံဖော်သည့် ဒူလုံအမျိုးသမီး အယောက် ၂၀ သည် နေထိုင်နေပါသည်၊ လျန်ဇီရှန်းသည် ၎င်းထဲမှ တစ်ယောက် ဖြစ်ပါသည်။ “နိုင်ငံတော်ရဲ့ ပေါ်လစီများက ပိုကောင်းလာပါတယ်၊ အိမ်ထောင်စုတိုင်းက သစ်လွင်တဲ့အိမ်မှာ နေထိုင်နိုင်ပါတယ်၊ ရုပ်မြင်သံကြားစက်နဲ့ အင်တာနက်စလုံး ရှိပါတယ်၊ စားတာ၊ ဝတ်တာလည်း ပြည့်ဝပါတယ်။” အခု တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အစိုးရတို့၏ ဂရုစိုက်ယုယမှုကို စံစားထား၍ ဘဝသည် ပိုချမ်းသာလာပါသည် ဟု ဒီနှစ် အသက် ၇၉ နှစ် ရှိသည့် မျက်နှာပုံဖော်သည့် အမျိုးသမီး လျန်ဇီရှန်းသည် ပြောဆိုခဲ့ပါသည်။
ဒူလုံကျန်းကျေးရွာအုပ်စုသည် တရုတ်နိုင်ငံ ဒူလုံလူမျိုး စုစည်းနေထိုင်သည့် နေရာဖြစ်၍ သမိုင်းအခြေအနေနှင့် သဘာဝအခြေအနေများ၏ ကန့်သပ်ခြင်းကြောင့် ဤနေရာသည် ယူနန်နှင့် တစ်နိုင်ငံလုံးအတွင်း အဆင်းရဲဆုံးသော နေရာတစ်ခု ဖြစ်ခဲ့ပါသည်။ အဘက်ဘက်တို့၏ ကြိုးစားမှုအားဖြင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ကာလတွင် ကျေးရွာအုပ်စု တစ်ခုလုံးထဲမှ ဆင်းရဲသည့် အိမ်ထောင်စု ၆၁၁ စု၊ လူ ၂၂၉၇ ယောက်စလုံးသည် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခဲ့ပါပြီ ဖြစ်၍ ဒူလုံလူမျိုး မိသားစုအားလုံး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ပြီး ဒူလုံကျန်းကျေးရွာအုပ်စု တစ်ခုလုံး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် အကောင်အထည်ဖော်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ဧပြီလတွင် ဒူလုံကျန်းကျေးရွာအုပ်စုသည် 5G စမ်းသပ်ရေး အခြေစိုက်စခန်းကို ဖွင့်လှစ်ခဲ့၍ ယူနန်ပြည်နယ်၌ 5G ပထမဦးဆုံး ဖွင့်လှစ်သည့် ကျေးရွာအုပ်စု(မြို့နယ်) ဖြစ်လာခဲ့ပါသည်။
ဒူလုံကျန်းကျေးရွာအုပ်စု၌ နေထိုင်သည့် မျက်နှာပုံဖော်သည့် အမျိုးသမီးတို့ကို ၂၀၂၀ ခုနှစ် ဆောင်းရာသီတွင် စူးစမ်းရှာဖွေခဲ့ပါသည်၊ သူမတို့သည် အခု ကောင်းမွန်သော ဘဝကို ပြောဆိုသည့်အခါ မျက်နှာပေါ်တွင် ချမ်းမြေ့သာယာသော ပြုံးရွှင်ချိုမြမှုကို ဖြိုးဝေထားပါသည်။
ဒူလုံကျန်းကျေးရွာအုပ်စုမှ သစ်တောအောက် စီးပွားရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဆင်းရဲသူများကို ကူညီပံ့ပိုးရေး စက်ရုံအလုပ်ဌာနစသည့် ထူးခြားချက်ရှိသည့် လုပ်ငန်းများသည် မြိုင်မြိုင်ဆိုင်ဆိုင် ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အမျှ ၂၀၁၉ ခုနှစ် နှစ်ကုန်အထိ ဤကျေးရွာအုပ်စု၏ လူတစ်သီးချင်းစီ အသားတင်ဝင်ငွေ အယွမ် ၇၆၃၇ အထိ ရောက်ရှိခဲ့ပါသည်။
昆明信息港综合整理 在云南省怒江傈僳族自治州贡山独龙族怒族自治县独龙江乡,现居住着20位独龙族文面女,莲字仙便是其中一位。“国家的政策越来越好,家家有新房住,电视、网络样样有,吃穿更是不用愁。”今年79岁的文面女莲字仙说,如今享受着党和政府的关怀,日子越过越幸福。
独龙江乡是我国独龙族聚居地,由于历史和自然条件的制约,独龙江乡曾是云南乃至全国最为贫穷的地区之一。在各方努力下,2018年底,全乡建档立卡户611户2297人已全部脱贫,独龙族实现整族脱贫,独龙江乡实现整乡脱贫出列。2019年4月,独龙江乡开通5G试验基站,成为云南省第一个开通5G的乡镇。
2020年秋季,探访深居在独龙江乡的文面女,她们聊起当下的好日子,脸上都洋溢着幸福的笑容。
随着独龙江乡林下产业、养殖业、扶贫车间等特色产业的蓬勃发展,截至2019年底,该乡人均纯收入达到7637元。(邵维岑 汪明婷)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
290.22MMK
1 ယွမ်=290.22 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့