ယူနန် ကျင့်ဟူရေကန်စိုစွတ်မြေသည် ငှက်များကြည့်ရှုရန် အကောင်းဆုံးသော အချိန်သို့ ဝင်ရောက်
2020-12-11 16:59|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) အခုလောက ယူနန်ပြည်နယ် ကျင့်ဟူရေကန်စိုစွတ်မြေ ကာကွယ်ထိန်းချုပ်ရေးဌာနမှ လှည့်လည်စစ်ဆေးသူသည် နေ့စဉ်လှည့်လည်ရာတွင် Ciconia nigra၊ တရုတ်ဟင်္သာ၊ Milvus migrans နှင့် Buteo buteo စသည့် နိုင်ငံတော် အလေးပေးထိန်းသိမ်းသော တောရိုင်းငှက်မျိုးများကို တွေ့မြင်၍ ဓာတ်ပုံရိုက်မိခဲ့ပါသည်။ ထို့ပြင် Fulica atra၊ Phalacrocorax carbo၊ Tadorna ferruginea နှင့် Anser anser စသည့် ဧည့်သည်ငှက်များ အများအပြား ရောက်ရှိလာခြင်း နှင့်အမျှ ကျင့်ဟူရေကန်စိုစွတ်မြေသည် ဆောင်းရာသီတွင် ငှက်များကြည့်ရှုရန် အကောင်းဆုံးသော အချိန်သို့ ဝင်ရောက်ခဲ့ပါသည်။
နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီကူးရန် ကျင့်ဟူရေကန်စိုစွတ်မြေသို့ လာရောက်သော ဧည့်သည်ငှက်များသည် အကောင် ၃ သောင်းခန့် ရှိ၍ ငှက်မျိုးပေါင်း ၁၅၀ ကျော်ကို ကြီးကပ်စစ်ဆေးမိပါပြီ၊ ၎င်းအနက် Ciconia nigra၊ Metopidius indicus၊ Grus grus၊ Plegadis falcinellus၊ Platalea leucorodia နှင့် Anastomus oscitans စသည့် ရှားပါးသော ကာကွယ်စောင့်ရှောက်ရသည့် ငှက်မျိုးများ ပါဝင်ပါသည်။
ကျင့်ဟူရေကန်သည် ယူနန့် ကုန်းပြင်မြင့်စိုစွတ်မြေများထဲမှ စံပြစိုစွတ်မြေ ဖြစ်ရုံသာမက ယူနန်အနောက်မြောက်ဘက် ကုန်းပြင်မြင့်ပေါ်မှ ကိုယ်စားပြုနိုင်သည့် စိုစွတ်မြေ တစ်မျိုးလည်း ဖြစ်ပါသည်။ ကျင့်ဟူရေကန်စိုစွတ်မြေသည် တရုတ်နိုင်ငံ အနောက်ပိုင်းမှ ဧည့်သည်ငှက်များ ပြောင်းရွှေ့သည့် ပေါက်ရောက်ရာလမ်းပေါ်တွင် တည်ရှိနေ၍ ဧည့်သည်ငှက်များ ပြောင်းရွှေ့ဖြတ်ကျော်သည့် အရေးကြီးသော စုစည်းရာနေရာနှင့် အနားယူရာနေရာ ဖြစ်ရုံသာမက ယူနန်-ကွေ့ကျိုး ကုန်းပြင်မြင့်ပေါ်မှ အရေးကြီးသော ရေငှက်များ ဆောင်းရာသီကူးသည့် မှီတင်းနေထိုင်ရာနေရာလည်း ဖြစ်ပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့