နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များသည် ကူမင်းမြို့၌ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို အတူတူဆွေးနွေးခဲ့ကြ
2020-12-08 16:49|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ယူနန်ပြည်နယ် ဒုတိယအကြိမ် ယူနန့် တရားဥပဒေစိုးမိုးရေး ထိပ်သီးဖိုရမ်ကို ကူမင်းမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ်ပြည်နှင့် နိုင်ငံခြားတိုင်းပြည်များမှ တရားဥပဒေဆိုင်ရာ ပါရဂူနှင့် ပညာရှင်များ၊ နိုင်ငံရေးနှင့်ဥပဒေရေး ဌာနများမှ ဝန်ထမ်းများ၊ လုပ်ငန်းများမှ ဥပဒေရေးရာ ကိုယ်စားလှယ်များသည် ကူမင်းမြို့၌ စုစည်း၍ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စူးစမ်းရှာဖွေခြင်းဟူသော ခေါင်းစဉ်အဖြစ် စူးစမ်းလေ့လာခဲ့ကြပါသည်။
ဤဖိုရမ်တွင် နယ်စပ်ဖြတ်ကုန်သွယ်ရေးထဲမှ ဥပဒေပြဿနာများ၊ တရုတ် (ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်မှ ဥပဒေပြဿနာများ၊ တရုတ်ဥပဒေစနစ်သည် တောင်အာရှ အရှေ့တောင်အာရှ နိုင်ငံအသီးသီးမှ မျက်မှောက်ခေတ် ဥပဒေစနစ်အတွက် ထိခိုက်မှုများ၊ ကိုရိုနာဗိုင်းရပ်စ် (COVID-19) အဆုတ်ရောင်ရောဂါ တိုက်ဖျက်ရာမှ ဥပဒေစူးစမ်းရှာဖွေခြင်း စသည့် ပြဿနာများကို စူးစမ်းလေ့လာခဲ့ကြပါသည်။
ကူမင်းမြို့ အခြေစိုက် မလေးရှားကောင်စစ်ဝန်ချုပ် မစ္စတာဖန်ယီစ၊ ကူမင်းမြို့ အခြေစိုက် ထိုင်းကောင်စစ်ဝန်ရုံး ကုန်သွယ်ရေးဆိုင်ရာကောင်စစ်ဝန် မစ္စစ်နစ်ထွေ၊ ကူမင်းမြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ရုပ်ဝင်းတို့သည် ဖိုရမ်ကို ပါဝင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ကြပါသည်။ သူတို့သည် ဖိုရမ်၏ ကျင်းပခြင်းအတွက် ဂုဏ်ပြု၍ ဖိုရမ်၏ အောင်မြင်စွာကျင်းပခြင်းဖြင့် အခွင့်အဖြစ် ကူမင်းမြို့ အခြေစိုက် ကောင်စစ်ဝန်ရုံးများ၏ တံတားကဲ့သို့ အကျိုးသက်ရောက်မှုကို မှီခိုပြီး ဘေးနားမှ နိုင်ငံများနှင့် နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် တိုးချဲ့ပြီး ဥပဒေပညာ၊ တရားဥပဒေ ဆွေးနွေးဖလှယ်ရေးကို တစ်ဆင့်တိုးပြီး အားဖြည့်ပေးကာ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းနှင့် ကိုက်ညီသော တရားဥပဒေစိုးမိုးရေး ပတ်ဝန်းကျင်ကို တိကျသေချာစွာ ကောင်းကောင်း စီမံဆောက်လုပ်နိုင်မည်ဟု မျှော်လင့်ခဲ့ကြပါသည်။
ဖိုရမ်သည် အဓိကရည်ရွယ်ချက်ရှိ မိန့်ခွန်းပြောကြားခြင်း၊ သီးခြားအကြောင်းအရာ နှီးနှောဖလှယ်ခြင်း စသည့် အစိတ်အပိုင်းများကို ခွဲခြားခဲ့ပါသည်။ တရုတ် (ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်) စီမံခန့်ခွဲရေးကော်မတီနှင့် တရုတ်ပင်လယ်ရေကြောင်းရေးရာ အနုညာတစီရင်ဆုံးဖြတ်ရေး ကော်မတီတို့သည် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြပါသည်။ ဤအကြိမ်ဖိုရမ်တွင် စာတမ်း စုစုပေါင်း ၁၈၄ ပုဒ် လက်ခံ၍ ဆုရသည့် စာတမ်း ၃၈ ပုဒ်ကို ချီးကျူးဂုဏ်ပြုခဲ့ကြပါသည်။
昆明信息港讯 记者苏雯芊 11月24日,云南省“第二届滇峰法治论坛”在昆明举行。近200位中外法学、法律专家学者、政法部门工作者及企业法务代表汇聚春城,以“法治合作与探索”为主题开展交流探讨。
论坛以“法治合作与探索”为主题,对跨境贸易中的法律问题、中国(云南)自由贸易试验区法律问题、中华法系对南亚东南亚各国当代法律制度的影响、抗击新冠肺炎疫情中的法律探索等一系列问题进行探讨。
马来西亚驻昆明总领事馆总领事法依萨先生、泰王国驻昆明总领事馆商务领事娜姹暾女士、缅甸联邦共和国驻昆明总领事馆领事佑温先生出席会议并作主旨演讲。他们对论坛的举办表示祝贺,希望以论坛的成功举办为契机,借助驻昆领事馆桥梁纽带作用,不断拓展与周边国家各领域合作,进一步加强法学法律交流,切实营造好与国际接轨的法治环境。
论坛分为主旨演讲、专题研讨等部分。中国(云南)自由贸易试验区昆明片区(昆明经开区)管委会与中国海事仲裁委员会签署合作框架协议。此次论坛共征集论文184篇,对38篇获奖论文进行了表彰。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့