အွန်လိုင်း တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ပါဝင်ရန် ကုမ္ပဏီ အခု ၇ ထောင်ကျော်သည် နာမည်စာရင်းပေးသွင်းခဲ့ပါပြီ
2020-12-07 17:40|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဒီဇင်ဘာလ ၆ ရက်နေ့အထိ ဤနှစ် အွန်လိုင်း တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ပါဝင်ရန် နိုင်ငံနှင့် ဒေသ အခု ၈၀ ကျော်မှ ကုမ္ပဏီ အခု ၇ ထောင်ကျော်၊ သီးခြားဝယ်သူ အယောက် ၂ထောင်ကျော်တို့သည် နာမည်စာရင်းပေးသွင်းခဲ့ပါပြီ။ ပြပွဲပါဝင်သည့် နိုင်ငံနှင့် ဒေသများ၏ အရေအတွက်၊ ပြပွဲပါဝင်သည့် ကုမ္ပဏီပမာဏစလုံးသည် ယခင်ကျင်းပခဲ့သည့် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ၅ ကြိမ်ထက် ပိုများ၍ ပြပွဲကျင်းပရာတွင် လှုပ်ရှားမှုများသည် ထွေပြားစုံလင်လှပါသည်။
နိုင်ငံခြားကုမ္ပဏီဆိုလျှင် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် ဂျပန်၊ ကိုရီးယား၊ ချက်၊ နယူးဇီလန်၊ ဒိုမီနီကန် စသည့် နိုင်ငံနှင့် ဒေသ ၈၂ခုမှ ကုမ္ပဏီ ၁၁၇၃ ခုသည် မှတ်ပုံတင်ပါဝင်၍ တောင်အာရှ ၈ နိုင်ငံ၊ အရှေ့တောင်အာရှ ၁၀ နိုင်ငံတို့ကို အပြည့်အဝ ဖုံးလွှမ်းရန် အကောင်အထည်ဖော်ခဲ့ပါသည်။ ပြည်တွင်းကုမ္ပဏီဆိုလျှင် ပီကျင်း၊ ဖူကျန့်၊ ဟူပေ စသည့် ပြည်နယ်၊ ပြည်နယ်ခွဲ၊ မြို့ ၂၄ ခုမှ ကုမ္ပဏီ ၂၉၄ ခုသည် မှတ်ပုံတင်ပါဝင်၍ ယူနန်ပြည်နယ် ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ စသည့် ဌာန အသီးသီးသည်လည်း ကုမ္ပဏီများ ပြပွဲပါဝင်စေရန် တက်ကြွစွာစီစဉ် နေပါသည်။
ပြပွဲကျင်းပချိန်အတွင်း ကွင်းဖွင့်ပွဲအခမ်းအနား အပြင် ၂၀ ကြိမ်မြောက် တရုတ်-ဗီယက်နမ် (ဟယ်ခုပ်) နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံ နိုင်ငံတကာ နည်းလမ်းများဖြင့် ပူးပေါင်းသယ်ယူပို့ဆောင်သည့် မီးရထား စတင်ခုတ်မောင်းခြင်း အခမ်းအနား၊ တရုတ်-ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုမူဝါဒ ပြန်ကြားရေးနှင့် ကုမ္ပဏီများ အွန်လိုင်းစာချုပ်ချုပ်ဆိုခြင်း အခမ်းအနား၊ ပထမအကြိမ် RCEP (ယူနန်) ပါရဂူများ ဖလှယ်ပွဲ၊ “ပြည်ပကုန်သွယ်ရေး တည်ငြိမ်စေခြင်း၊ နိုင်ငံခြားအရင်းအနှီး တည်ငြိမ်စေခြင်း” တရုတ်ဘဏ် နယ်စပ်ဖြတ်ပြီး စီမံကိန်းအောင်သွယ်ပေးခြင်း အွန်လိုင်း ချိတ်ဆက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ယူနန်ပြည်နယ် အားကစားဆိုင်ရာ ခရီးသွားလာရေးစီမံကိန်း နှင့်ပတ်သက်သည့် ကုန်သည်ဖိတ်ခေါ်ခြင်းနှင့် အားကစားလုပ်ငန်း လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ တရုတ်-မြန်မာ E-Commerce လူချွန်များ အွန်လိုင်းလေ့ကျင့်ပျိုးထောင်ပေးခြင်း စသည့် လှုပ်ရှားမှုများကိုလည်း အတူတူကျင်းပမည်။
သမရိုးကျသော အွန်လိုင်းပြပွဲတွင် ရှိသည့် 2D ပြသခြင်း၊ အွန်လိုင်းတိုင်ပင်ဆွေးနွေးခြင်း၊ B2B အရောင်းအဝယ်ပြုခြင်း တို့အပြင် အွန်လိုင်း တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် Blockchain အီလက်ထရောနစ်စနစ်ဖြင့် စာချုပ်ချုပ်ဆိုခြင်း စသည့် တစ်နိုင်ငံလုံး ပထမဦးဆုံး စတင်တည်ထောင်သည့် စွမ်းဆောင်နိုင်မှုများကို အကောင်အထည်ဖော် ခဲ့ပါသည်။ တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်၊ ၂၀ ကြိမ်မြောက် တရုတ်-ဗီယက်နမ် (ဟယ်ခုပ်) နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ၊ Market-Based Purchasing စနစ် စမ်းသပ်ကျင့်သုံးခြင်း၊ ပြည်ပသို့ပံ့ပိုးကူညီခြင်း၊ နိုင်ငံတကာကုန်သွယ်ရေး တစ်မျိုးတည်းသာရှိသည့် ကတင်းပေါက် စသည့် ထူးခြားချက်ရှိသည့် သီးခြားပြခန်းနေရာ ၁၀ ခုကျော်ကို ဖွင့်လှစ်ခဲ့ပါသည်။
ပြပွဲကျင်းပရာတွင် တိုက်ရိုက်ထုတ်လွှင့်ခြင်း လှုပ်ရှားမှု အကြိမ် ၅၀၀ ကျော် (ပါဝင်သည့် ကုမ္ပဏီများသည် အလိုအလျောက်ဖြစ်ပွားလာသည့ိုက်ရိုက်ထုတ်လွှင့်ခြင်း လှုပ်ရှားမှုများ အပါ)ကို ကျင်းပမည်ဖြစ်၍ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်များ ကုန်စည်ရောင်းရန် တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ နိုင်ငံခြားအခြေစိုက် ကုန်သွယ်ရေးကိုယ်စားပြုဌာနများ တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ E-Commerce ကျေးရွာသို့ ဝင်ရောက်ရန် တိုက်ရိုက်ထုတ်လွှင့်ခြင်း စသည်တို့ကို ပါဝင်ပါသည်။ ကြီးမှူးသူကဲ့သို့ အသံလွှင့်သူ Viya သည် အွန်လိုင်း တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၏ ပြန်ကြားရေးကိုယ်စားလှယ် အဖြစ် ပြန်ကြားရေးနှင့် မိတ်ဆက်ဖြန့်ချီရေးတို့ကို ဆောင်ရွက်ရုံသာမက ပြပွဲကျင်းပရာတွင် ကုန်စည်ရောင်းရန် တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ပြုလုပ်မည်။ သက်ဆိုင်သည့် ကြီးမှူးသူကဲ့သို့ အသံလွှင့်သူများနှင့် နာမည်ကျော်ကြားသော မင်းသား၊ မင်းသမီးများကို အွန်လိုင်း တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၏ ကုန်စည်ကောင်းများ ထောက်ခံအကြံပေးသူ အဖြစ် တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ပြုလုပ်ရန် ဖိတ်ခေါ်မည်။
截至12月6日,已有超过80个国家和地区的7000余家企业、2000余名专业买家报名参展今年“永不落幕的南博会在线展”(简称“云上南博会”)。参展国家和地区数量、参展企业数量均超过前5届中国-南亚博览会(即南博会),展会会期活动亮点纷呈。
境外企业方面,共有来自南亚、东南亚以及日本、韩国、捷克、新西兰、多米尼加等82个国家和地区的1173家企业注册参展,实现了对8个南亚国家、10个东南亚国家的全覆盖。国内共有北京、福建、湖北等24个省区市的294家企业注册参展,我省商务、工信、文旅、农业农村等各部门也正积极组织企业参展参会。
会期除启动仪式外,还将同期举办第20届中越(河口)边交会、中国-东盟国际多式联运班列开行仪式、中越投资政策宣传和贸易企业线上签约仪式、第一届RCEP(云南)专家对话会、“稳外贸 稳外资”中银跨境撮合项目线上对接会、2020年云南省体育旅游项目招商暨体育产业培训会、中缅电商人才线上培训等活动。
除了常规线上展会具有的2D展示、在线洽谈、B2B交易等功能外,“云上南博会”还实现了区块链电子签约等一批全国首创性功能。开设了中国(云南)自由贸易试验区、第20届中越(河口)边交会、市场采购贸易试点、对外援助、国际贸易单一窗口等10余个特色专题展区。
会期将举办500余场直播类活动(不含参展企业自发开展的直播活动),包括驻昆总领事“带货直播”、驻外商务代表处直播、电子商务进农村直播等。电商主播薇娅将以“‘云上南博会’推广大使”身份开展宣传推介,并在会期开展带货直播;邀请相关主播和明星以“‘云上南博会’好物推荐官”身份,开展直播活动。(云南网记者 韩成圆 熊燕)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့