၂၀၂၀ပြည့်နှစ် ယူနန်ပြည်နယ် ဝှာတင်ဇာတ်နှင့် အော်ပရာဇာတ် အနုပညာရက်သတ္တပတ်ကို ယွမ်မိုခရိုင်၌ ကျင်းပခဲ့
2020-11-18 17:16|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန၊ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဦးစီးဌာန၊ ယူနန်ပြည်နယ် စာပေအနုပညာရှင်များ သမဂ္ဂနှင့် ယူနန်အသံနှင့် ရုပ်မြင်သံကြားဌာနတို့ ကြီးမှူးကျင်းပသော ၂၀၂၀ပြည့်နှစ် ယူနန်ပြည်နယ် ဝှာတင်ဇာတ်နှင့် အော်ပရာဇာတ် အနုပညာရက်သတ္တပတ်ကို နိုဝင်ဘာလ ၁၆ ရက်နေ့ည ယူနန်ပြည်နယ် ယွမ်မိုခရိုင်၌ စတင်ကျင်းပခဲ့ပါသည်။ ဤအကြိမ် အနုပညာရက်သတ္တပတ်၏ အဓိက အကြောင်းအရာများသည် ဖွင့်ပွဲအခမ်းအနားနှင့် "အိမ်ပြန်ခြင်း" အော်ပရာဇာတ် အထူးကပြပွဲ၊ အရည်အသွေးကောင်းသော ဇာတ်များ ကပြပွဲ၊ ဝှာတင်ဇာတ်နှင့် အော်ပရာဇာတ် လူငယ်များ သီချင်းဆိုပြိုင်ပွဲ၊ ဇာတ်သဘင်များကို ကျောင်း၊ ကွန်မြူနီတီနှင့် ကုမ္ပဏီများထဲတွင် ကပြပွဲ၊ ယွမ်မို ဒေသခံ ဇာတ်သဘင်များ အထူးကပြပွဲ၊ ကပြပြိုင်ပွဲ နှင့်ပတ်သက်သည့် ကျွမ်းကျင်သူသုံးသပ်ပွဲ၊ ရုပ်သိမ်းခြင်းအခမ်းအနားနှင့် ဆုချီးမြှင့်ခြင်း ညပွဲစသည်တို့ ပါဝင်ပါသည်။
တစ်ပြည်နယ်လုံးမှ ကိုယ်စားလှယ်အဖွဲ့ ၁၆ ဖွဲ့၊ ဝှာတင်ဇာတ် ၂၃ ဇာတ်၊ အော်ပရာဇာတ် ၁၂ ဇာတ်နှင့် ဝှာတင်ဇာတ် အဆိုအက ၁၅ ခုသည် ပါဝင်ကပြ၍ တင်ဆက်ပြသသူ ၅၂ ယောက်သည် လူငယ်သီချင်းဆိုပြိုင်ပွဲကို ပါဝင်ပြီး တင်ဆက်ပြသသူ စုစုပေါင်း အယောက် ၈၀၀ ကျော်သည် ဝှာတင်ဇာတ်နှင့် အော်ပရာဇာတ် အနုပညာရက်သတ္တပတ်၏ ကပြပွဲအခုခုကို ပါဝင်ခဲ့ကြပါသည်။
ဝှာတင်ဇာတ်နှင့် အော်ပရာဇာတ် အနုပညာရက်သတ္တပတ်သည် ယူနန်ပြည်နယ်၏ အရေးကြီးသော လူထုကောင်းစားရေး၊ လူထုပါဝင်ခြင်း၊ စံနမူနာပြခြင်းနှင့် သက်ဆိုင်သော ယဉ်ကျေးမှုလှုပ်ရှားမှုတံဆိပ် ဖြစ်၍ ကျင်းပသည့် ရည်ရွယ်ချက်မှာ ဇာတ်သဘင်များအား လူထုများထဲသို့ ဝင်ရောက်စေပြီး ပြည်သူလူထုအား ယဉ်ကျေးမှုအကျိုးကျေးဇူးများ ရရှိစေကာ ပြည်သူလူထု၏ ယဉ်ကျေးမှုဘဝကို အဆက်မပြတ် ကြွယ်ဝပြည့်စုံစေ၍ အရည်အသွေးကောင်းသော ဝှာတင်ဇာတ်များနှင့် အော်ပရာဇာတ်များကို တင်ပြ၍ ဒေသခံ ဇာတ်သဘင်အနုပညာ ဖွံ့ဖြိုးတိုးတက်စေ၍ အရည်အသွေးကောင်းသော ရိုးရာယဉ်ကျေးမှုများကို ဆက်ခံစေခြင်း ဖြစ်ပါသည်။ ဤလှုပ်ရှားမှု ကျင်းပကတည်းက ကူမင်း၊ ယိုရှီ၊ ဆူရှုံ၊ တာ့လီ၊ ချူကျင့်၊ ဝင်စန်နှင့် ဟုံဟယ်စသည့် ပြည်နယ်ခွဲနှင့် မြို့များတွင် ရှေ့စဉ်နောက်ဆက် ကျင်းပခဲ့ပါသည်။
由中共云南省委宣传部、云南省文化和旅游厅、云南省文学艺术联合会、云南广播电视台主办的2020年云南省花灯滇剧艺术周16日晚在云南花灯起源传承地之一的元谋县拉开帷幕。
本次艺术周的主要内容有开幕式暨滇剧《回家》专场演出、优秀剧(节)目展演、青年花灯滇剧演员演唱比赛、戏曲进校园进社区进企业演出活动、元谋地方戏曲专场演出、展演比赛专家评论会、闭幕式暨颁奖晚会等。全省共有16支代表队和23个花灯小戏、12个滇剧小戏、15个花灯歌舞参加剧(节)目展演,52名演员参加青年演员演唱比赛,共800多名演员参加花灯滇剧艺术周各项演出活动。
花灯滇剧艺术周是我省一个重要的公益性群众性、示范性文化活动品牌,举办的目的是还戏于民、文化惠民,不断丰富群众文化生活,推出优秀花灯和滇剧作品,繁荣振兴地方戏曲艺术,传承弘扬优秀传统文化。举办以来,先后在昆明、玉溪、楚雄、大理、曲靖、文山、红河等州市举办。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့