ယူနန်ပြည်နယ် ပင်ချွမ်ခရိုင်မှ လယ်ပြင်များ၌ Dendranthema morifolium(Ramat.)Tzvel. များသည် ပွင့်ဖူးနေ
2020-11-18 09:31|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ခွဲ ပင်ချွမ်ခရိုင် လာဦးမြို့နယ် ပီကျီကျေးရွာကော်မတီ ဆောင်ဖန် အုပ်စု ၅ ရှိ Dendranthema morifolium(Ramat.)Tzvel. များ စိုက်ပျိုးရေးအခြေခံစခန်းတွင် ထောင်နှင့်ချီသော Dendranthema morifolium(Ramat.)Tzvel. များသည် ဝေဝေဆာဆာပွင့်ဖူးနေကာ ဆောင်းရာသီ အစပိုင်းထဲမှ လာဦးမြို့နယ်၏ လယ်ပြင်များကို အလှဆင်ထားပါသည်။ ရွာသူရွာသား တို့သည် ဝေဝေဆာဆာ ပွင့်ဖူးနေသည့် ပန်းများတွင် လွန်းထိုးကဲသို့ သွားချည်ပြန်ချည်လုပ်ပြီး ပန်းတစ်ပွင့်ပွင့်ကို ဆွတ်ခူးနေကြပါသည်။
Dendranthema morifolium(Ramat.)Tzvel. သည် ရွှေဝါရောင်ဖြစ်သော အရောင်အဆင်း၊ လှပသော အသွင်အပြင်နှင့် မွှေးကြိုင်သော အနံ့ကြောင့် "ဂန္ဓမာပန်းများထဲမှ ဘုရင်" အဖြစ် ချီးကျူးခံ၍ ၎င်းထဲတွင် အေမီနိုအက်ဆစ်၊ ဗီတာမင်နှင့် စိုးစဉ်းဒြပ်စင် အမျိုးမျိုးကို ပါဝင်သည့်အတွက် မြင့်မားသော ဆေးဘက်ဝင်မှုနှင့် စီးပွားရေးတန်ဖိုး ရှိပါသည်။ လာဦးမြို့နယ်သည် နိုင်ငံတော်အဆင့် သဘာဝမြို့နယ် ဖြစ်၍ မြို့နယ်တစ်ခုလုံးကို တောင်များဝန်းရံပြီး မြေဆီလွှာ ကောင်းမွန်ပြီး ဇီဝပတ်ဝန်းကျင် ကောင်းမွန်၍ ဆောင်းချဉ်းရာသီနှင့် ဆောင်းရာသီတို့တွင် ရာသီဥတု ပိုအေးသောကြောင့် Dendranthema morifolium(Ramat.)Tzvel. များ၏ ကြီးပြင်းမှုအတွက် အလွန်သင့်လျော်ပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့