တရုတ်(ကူမင်း) အစားအစာယဉ်ကျေးမှု နိုင်ငံတကာ ဖလှယ်ရေးပြပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည်
2020-11-12 15:04|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) “အစားအစာယဉ်ကျေးမှု ဆွေးနွေးဖလှယ်ရန် အားဖြည့်ပေးခြင်း၊ အရည်အသွေး ကောင်းသော စားသုံးမှုကို အဆင့်သစ်သို့ မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် တရုတ်(ကူမင်း) အစားအစာယဉ်ကျေးမှု နိုင်ငံတကာ ဖလှယ်ရေးပြပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကူမင်းနိုင်ငံတတာပြသရေးစင်တာ၌ ကျင်းပမည်။
ဤအကြိမ် ပြပွဲ၏ အကျယ်အဝန်းဧရိယာ စတုရမ်းမီတာ ၅.၅ သောင်း ရှိ၍ သီးခြားပြသရာနေရာ၏ အမျိုးအစားအရ တရုတ်ရိုးရာအစားအစာကောင်းများ ပြတိုက်၊ နေရာအသီးသီးမှ အစားအစာ အမှတ်တံဆိပ်ဆိုင်ရာ ထူးခြားချက်ရှိ ယဉ်ကျေးမှုများ ပြတိုက်၊ စားသုံးခြင်းဖြင့် ဆင်းရဲသူများကို ကူညီပံ့ပိုရေးဆိုင်ရာ ထူးခြားချက်ရှိ လယ်ယာထွက်ကုန်ပစ္စည်းများ ပြတိုက် (ပြခန်း ၂ ခု)၊ တရုတ်အစားအစာယဉ်ကျေးမှုများ ပြတိုက်၊ အစားအစာဆိုင်ရာ သိပံ္ပနှင့်နည်းပညာ အဆန်းထွင်ဖန်တီးခြင်း အောင်မြင်မှုများ ပြတိုက်၊ ယူနန့်ညစ်ညမ်းမဲ့အစိမ်းရောင်သဘာဝအစားအစာများ ပြတိုက် ပါဝင်သည့် သီးခြားပြတိုက် ၇ ခုကို ခွဲခြား၍ ယဉ်ကျေးမှုဖလှယ်ခြင်း၊ ထိပ်သီးဖိုရမ်၊ တရုတ်ရိုးရာအစားအစာကောင်း ထောက်ခံပွဲ၊ တိုင်ပင်ဆွေးနွေးပွဲနှင့် စာချုပ်ချုပ်ဆိုပွဲ စသည့် ကာလတူညီသော လှုပ်ရှားမှုပွဲ ၅ ခုကို စီစဉ်မည်။
ပြပွဲသည် “ကုန်ထုတ်လုပ်ငန်းကြီး၊ အချက်အချာသစ်၊ ဝရန်တာသစ်” ဟူသော အတွေးရေစီးကြောင်း အရ တရုတ်အစားအစာယဉ်ကျေးမှုများ ဖလှယ်ပွဲ၊ အစားအစာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာ ထိပ်သီးဖိုရမ်၊ တရုတ်ရိုးရာအစားအစာကောင်း ထောက်ခံပွဲ၊ တရုတ်အစားအစာဆိုင်ရာ သိပံ္ပနှင့်နည်းပညာ အောင်မြင်မှုများပြပွဲ၊ အစားအစာလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုနှင့် ငွေရင်းစုဆောင်းခြင်း တိုင်ပင်ဆွေးနွေးပွဲနှင့် စာချုပ်ချုပ်ဆိုပွဲ၊ တရုတ်အစားအစာယဉ်ကျေးမှုပြပွဲ၊ အစားအစားကုန်သွယ်မှု ကိုင်ပင်ဆွေးနွေပွဲနှင့် အရောင်းအဝယ်ပြုပွဲ စသည့် ခေါင်းစဉ်ထင်ဟပ်ပေါ်လွင်သော အစားအစာယဉ်ကျေးမှု ဖလှယ်ရေးပွဲများကို ကျင်းပမည်။
ဆင်းရဲသူများကို တိကျမှန်ကန်စွာ ကူညီပံ့ပိုးသည့် ထက်သန်ပြင်းပြသော အခြေအနေကို တစ်ဆင့်တိုး၍ စီမံဆောက်လုပ် သည့်အတွက် ပြသရာနေရာ ၂ ခု၌ စားသုံးခြင်းဖြင့် ဆင်းရဲသူများကို ကူညီပံ့ပိုရေးဆိုင်ရာ ထူးခြားချက်ရှိ လယ်ယာထွက်ကုန်ပစ္စည်းများ ပြတိုက်ကို သီးခြားစီစဉ်ကာ စီချွန်ပြည်နယ် နန်ချုံမြို့၊ ပါကျုံးမြို့၊ လျံစန်းပြည်နယ်ခွဲ၊ ကန်းဇီးပြည်နယ်ခွဲ၊ ယူနန်ပြည်နယ် ဟုံဟယ်ပြည်နယ်ခွဲ၊ ပေါင်စန်းမြို့၊ ကွေ့ကျူးပြည်နယ် ချန်ရှီးနန်ပြည်နယ်ခွဲ စသည့် ဆင်းရဲသူများကို ကူညီပံ့ပိုးလိုသည့် နေရာများအတွက် စံပြပြခန်းများကို ပေးအပ်မည်၊ ပြတိုက်၏ အကျယ်အဝန်း စတုရမ်းမီတာ ၂ သောင်းခန့် ရှိ၍ သူတို့အတွက် ထွက်ကုန်ပစ္စည်းများကို ခင်းကျင်းပြသရောင်းချ ပေးပြီး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရန် ကူညီပံ့ပိုးပေးမည်။
ဤအကြိမ်ပြပွဲကို အွန်းလိုင်းစနစ်ဖြင့်လည်း ကျင်းပ၍ အွန်လိုင်းပြသခြင်း၊ သီးခြားဖိုရမ်၊ လိုအပ်ချက်များ ပေါင်းဖက်ခြင်း စည်းဝေးပွဲ၊ တိုက်ရိုက်ထုတ်လွှတ်ခြင်းဖြင့် ပြန့်ပွားအောင်လုပ်ခြင်း၊ အွန်လိုင်းပညာဝန်ဆောင်ပေးမှု စသည်တို့ကို ပါဝင်မည်။
ပြပွဲတွင် ကုန်သည်များ ခေါ်ယူလက်ခံရန် စီမံကိန်းချသည့် ဦးရေသည် လုပ်ငန်း အခု ၁၃၀၀ ကျော်အထိ ရောက်ရှိမည်၊ ပြည်နယ်၊ မြို့၊ ဒေသတို့ မှ ပြသရေးအဖွဲ့ ၁၅ ခုမှ အခု ၂၀ သည် ပါဝင်၍ တရုတ်လူမျိုးလုပ်ငန်း အခု ၁၃၀ ကျော်ကို ဖွဲ့စည်းပြီး ပြပွဲပါဝင်မည်။ နိုင်ငံခြားနှင့် ပြည်ပဒေသများသည် ပြပွဲတွင် စတုရမ်းမီတာ သုံးလေးငါး ကျယ်ဝန်းသော ပြတိုက်ကို တည်ဆောက်၍ ကမ္ဘာနှင့် ဒေသခံ အမှတ်တံဆိပ်များမှ ထူးခြားချက်ရှိအစားအစာများ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ သိပံ္ပနှင့်နည်းပညာဆိုင်ရာ အောင်မြင်ချက်သစ်များနှင့် ယူနန့်ညစ်ညမ်းမဲ့အစိမ်းရောင်သဘာဝ အစားအစာများကို ပြပွဲတွင် စုစည်းပြသမည်။
昆明信息港讯 记者昝娟娟 据悉,以“加强食品文化交流,推进品质消费提档”为主题的食博会将于2020年11月16-22日在昆明国际会展中心举办。
本次食博会展会规模5.5万平方米,按照专业展区划分为“中华传统好食品馆”、“地方食品品牌特色文化馆”、“消费扶贫特色农产品展示馆”(2个展厅)、“中国美食文化展示馆”、“食品科技创新成果馆”、“云南绿色食品馆”7个专业场馆,设置了文化交流、高峰论坛、中华传统好食品推荐、洽谈签约等五场同期活动。
食博会将按照“大产业+新主体+新平台”的思路,进行“中国食文化交流会”、“食品经济发展国际高峰论坛”、“中华传统好食品推荐”、“中国食品科技成果展”、“食品企业投融资洽谈签约”、“中国美食文化展示”、“食品商贸洽谈与交易”等主题鲜明的食文化交流。
为进一步营造精准扶贫的浓厚氛围,展会专设了两个展区的“消费扶贫特色农产品展示馆”,专门为四川南充市、巴中市、凉山州、甘孜州、云南红河州、保山市、贵州黔西南州等扶贫地区提供标准展位,展馆面积预计2万平方米,为他们提供产品展销,助力脱贫攻坚。
本届展会还将以网上展览的形式举办,包括网上展览、专业论坛、需求匹配会议、直播推广、网上知识服务等。
据悉,本次食博会计划进行招商名额达1300多家企业,15-20个省市区展团参展,将组织130多家华人企业参展。多个境外国家和地区将在食博会现场打造数百平方米的形象馆,世界及地方品牌特色食品、农产品、科技新成果和云南绿色食品将集中亮相展会。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့