ယူနန့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲတွင် ဟန်အမူအရာထုတ်ပြခဲ့

2020-11-10 09:37|ရောင်စုံတိမ်တံတား

668411

(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) နိုဝင်ဘာလ ၉ ရက်နေ့ ကြည့်၍ ကောင်းသော ယူနန့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ တင်ဆက်ပြသမှု တစ်ကြိမ်ကို တတိယအကြိမ် နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲတွင် ကျင်းပ၍ ပရိသတ် အများအပြား ဆွဲဆောင်ခဲ့ပါသည်။

ဤအကြိမ်ပြပွဲ၏ လူမှုရေးဖလှယ်ခြင်းလှုပ်ရှားမှုများတွင် ယူနန်ပြည်နယ်သည် နိုင်ငံတော်အဆင့်နှင့် ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ခေါင်းခေါက်၍ ရွေးချယ်ပြီးနောက် အစီအစဉ်များကို ဂရုတစိုက် ဒီဇိုင်းဆွဲပြီး စီစဉ်ဖွဲ့စည်း၍ နိုဝင်ဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် ပြပွဲ၌ ဆက်လက် တင်ဆက်ပြသ ခဲ့ပါသည်။ ယူနန့်ယဉ်ကျေးမှုသည် မူလဇီဝလက္ခဏာနှင့် အမျိုးသား ထူးခြားချက်များ ရှိ၍ ပြပွဲတွင် ပြသခြင်းအားဖြင့် တရုတ်ယဉ်ကျေးမှု၏ အမျိုးမျိုးအဖုံဖုံရှိခြင်းနှင့် လေးနက်သော အကြောင်းစုံများကို ဖြန့်ချီသည် ဖြစ်ကြောင်း ၉ ရက်နေ့မှ တင်ဆက်ပြသမှုကို ကြည့်ရှုသည့် ပရိသတ်မှာ ပြောခဲ့ပါသည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တင်ဆက်ပြသမှုကို ကျင်းပ သည့်အပြင် ယူနန်သည် “ယွန်ဇီ” ဝိုင်းပိတ်ကျား စသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အစီအစဉ်များနှင့် ယဉ်ကျေးမှုလုပ်ငန်းများကိုလည်း ဖွဲ့စည်း၍ ရုပ်ပုံများနှင့် တကယ့်ပစ္စည်းများဖြင့် ပြသမှု၊ လက်တွေ့တွေ့ကြုံခံစားမှု စသည့်ပုံစံများ မှတစ်ဆင့် ပြပွဲတွင် ပြသခဲ့ပါသည်။

668411

11月9日,一场精彩的云南非遗文化演出在第三届中国国际进口博览会举行,吸引了众多观众。

本届进博会人文交流活动板块中,云南精选了一批国家级及省级非遗项目,精心设计、编排节目,于11月9日、10日两天在进博会呈现。现场观看了9日表演的观众说,云南文化原生态,有民族特色,通过在进博会展示,宣传了中国文化的多样性和深厚底蕴。在举行非遗文化演出的同时,云南还组织了“永子”围棋等一批非遗项目以及文化企业,通过图片和实物展示、现场体验等形式亮相进博会。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်