တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီမြို့၌ Market-Based Purchasing စနစ်ကို တရားဝင်ကျင့်သုံး

2020-11-02 15:58|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) အောက်တိုဘာလ ၂၉ ရက်နေ့တွင် ယူနန်ပြည်နယ် ရွှေလီမြို့၌ Market-Based Purchasing စနစ် စမ်းသပ်ကျင့်သုံးသည့် ပထမရပ် ပို့ကုန်ပစ္စည်းများကို အောင်မြင်စွာ စာတမ်းတင်ပြပြီးနောက် ခွင့်ပြုခဲ့ပါသည်၊ ၎င်းသည် Market-Based Purchasing စနစ်ကို တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီမြို့၌ တရားဝင်ကျင့်သုံး သည့်အပြင် ရွှေလီမြို့၏ သစ်လွင်သော တံခါးဖွင့်ခြင်းသည် အရေးပါသော ခြေလှမ်းတစ်လှမ်းကို ရှေ့ရှုချီတက်ခဲ့သည် သဘောဆောင်ထားပါသည်။

အောက်တိုဘာလ ၂၉ ရက်နေ့မှ ပို့ကုန်ပစ္စည်းများသည် တစ်နိုင်ငံလုံး ပဉ္စမအကြိမ် Market-Based Purchasing စနစ် စမ်းသပ်ကျင့်သုံးသည့် နေရာ ၁၇ ခု၏ ပထမရပ် ဖြစ်၍ ဤကုန်ပစ္စည်းများသည် မြန်မာနိုင်ငံသို့ တင်ပို့မည့် စောင်များ ဖြစ်ပြီး အလေးချိန် ၃၀၂ ကီလိုဂရမ် ရှိပြီး အဖိုး အယွမ် ၁.၂၄ သောင်း ရှိ၍ ရွှေလီမြို့ Market-Based Purchasing အထွေထွေစီမံခန့်ခွဲရေး စနစ်မှတစ်ဆင့် စာတမ်းတင်ပြခဲ့ပါသည်။

Market-Based Purchasing စနစ် စမ်းသပ်ကျင့်သုံးခြင်းမှာ တရုတ်နိုင်ငံသည် ပြည်ပကုန်သွယ်ရေး အဆန်းထွင် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး၍ ပြည်ပကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းအခြေအနေသစ်၊ ပုံစံသစ်ကို မွေးမြူသည့် အရေးကြီးသော မဟာဗျူဟာဆောင်ရွက်ချက် ဖြစ်ပါသည်။ ဤစနစ်သည် အမျိုးအစားများ၊ တစ်သုတ်၏ပမာဏသေး၊ အကြိမ်များသော လက္ခဏာများ ရှိ၍ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လုပ်ငန်းရှင်တို့သည် အကောက်ခွန်ရုံးဝင်ခွင့်ထွက်ခွင့် လျင်မြန်စွာရနိုင်ခြင်း၊ သီးခြားကျင့်သုံးသည့် ကြီးကြပ်ခြင်း၊ တန်ဖိုးတိုးမြင့်ရေးအခွန်တော် စည်းကြပ်ရန် မလိုခြင်း စသည့် သက်သာလျင်မြန်သည့် မူဝါဒများကို ခံစားနိုင်ပါသည်။

နိုင်ငံတော်အဆင့် Market-Based Purchasing စနစ်ကို ရွှေလီမြို့၌ စမ်းသပ်ကျင့်သုံးလျှင် ရွှေလီမြို့၏ ပြည်ပကုန်သွယ်ရေး အားသာချက်များကို အပြည့်အဝ ထုတ်ဖော်ရန်အတွက် သီးခြားဈေးကွက်၏ ပြည်ပကုန်သွယ်ရေး ကိန်းဝပ်စွမ်းအားကို ထုတ်လွှတ်ရန်အတွက် ဒေသခံ ကုန်စည်တင်ပို့ရေး အတိုင်းအတာကို တစ်ဆင့်တိုး၍ တိုးချဲ့ရန်အတွက် ပြည်ပကုန်သွယ်ရေးပမာဏ တိုးတက်မှုကို တည်ငြိမ်စေရန်အတွက် အကျိုးသက်ရောက်မှု ရှိပါသည်။

云南瑞丽市场采购贸易试点第一票出口货物29日顺利申报放行,标志着市场采购贸易正式落户位于中缅边境的瑞丽市,也标志着瑞丽新一轮对外开放迈出了重要一步。

瑞丽市工业和商务科技局介绍,29日的出口货物是全国第五批17个市场采购贸易试点的首票,货物为出口到缅甸的毛毯,重302千克,价值12400元,通过瑞丽市场采购贸易综合管理系统申报。

市场采购贸易方式试点是中国推动外贸创新发展和培育外贸新业态新模式的重要战略举措。这种贸易方式具有多品种、小批量、多批次的交易特点,符合条件的经营者将享受快速通关、专用监管、免征增值税等政策便利。

瑞丽市工业和商务科技局局长王咏说,国家级市场采购贸易方式试点落户瑞丽,有利于充分发挥瑞丽外贸优势,释放专业市场外贸潜能,进一步扩大当地出口规模,稳定外贸增长。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်