သတ္တဝါအမျိုးမျိုးအဖုံဖုံရှိရန် ကာကွယ်စောင့်ရှောက်ရေး နှင့်သက်ဆိုင်သည့် ယူနန့်လက်တွေ့ဆောင်ရွက်ချက်များ
2020-10-30 16:32|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ၌ အရေးပါသော သတ္တဝါအမျိုးမျိုးအဖုံဖုံရှိ ရတနာသိုက်နှင့် ဇီဝလက္ခဏာလုံခြုံးရေး အကာအရံ ဖြစ်ပါသည်။ ကဏ္ဍစုံတွင် အလယ်အလတ် ချမ်းသာကြွယ်ဝသော လူ့အဖွဲ့အစည်းအား အပြည့်အဝ တည်ဆောက်ရာတွင် ယူနန်ပြည်နယ်သည် ဇီဝပတ်ဝန်းကျင် ဦးစားပေးပြီး ထိန်းသိမ်းရေးနှင့် ညစ်ညမ်းမဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို စွဲစွဲမြဲမြဲလုပ်ဆောင်၍ မျက်လုံးကို ကာကွယ်သကဲ့သို့ ဇီဝပတ်ဝန်းကျင်ကို ကာကွယ်ပြီး ညစ်ညမ်းမဲ့ အစိမ်းရောင် သဘာဝ ကုန်ထုတ်လုပ်ငန်းများကို ထုလုပ်ပြီး ညစ်ညမ်းမဲ့ နေထိုင်မှုပုံစံကို အဆိုပြုပြီး ညစ်ညမ်းမဲ့ အတော်အသင့် သက်သာချောင်ချိရန် အကောင်အထည်ဖော်မည့် လမ်းကြောင်းကို စူးစမ်းရှာဖွေလျက်ရှိသည်။
နှစ်ပေါင်းအများအပြား ရှိပြီး မလျှောက်သောဇွဲဖြင့် ကြိုးပမ်းအားထုတ်ခြင်းအားဖြင့် ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ၌ သတ္တဝါအမျိုးမျိုးအဖုံဖုံရှိရန် ကာကွယ်စောင့်ရှောက်ရေး နှင့်ပတ်သက်သည့် ဒေသခံဥပဒေစည်းမျဉ်း ပထမတစ်အုပ်ကို ထုတ်ပြန်ကျင့်၍ “တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှ တောရိုင်းသတ္တဝါများ၏ ဂျင်းန်သယံဇာတပစ္စည်းသိုက်”ကို တည်ဆောက်ပြီးသား ဖြစ်၍ မျိုးစိတ် အလွန်သေးငယ်သော သတ္တဝါမျိုး ကာကွယ်စောင့်ရှောက်ရေး အပြုအမူ စသည်တို့ကို ရှေ့ဆောင်ရှေ့ရွက်ပြုပြီး လက်တွေ့ဆောင်ရွက်၍ အမျိုးမျိုးရှိသည့် သဘာဝထိန်းသိမ်းရေးဇုန် ၁၆၆ ခုကို တည်ဆောက်ခဲ့ပါသည်။ ပြည်နယ်တစ်ခုလုံးမှ စံပြဇီဝလက္ခဏာစနစ် ၉၀ ရာခိုင်နှုန်းသည် ထိရောက်သော ထိန်းသိမ်းကာကွယ်မှုခံသည့်အပြင် Elephas maximus Linnaeus၊ Rhinopithecus bieti၊ Nomascus concolor စသည့် ပြည်နယ်တစ်ခုလုံးထဲမှ အရေးပါသော သတ္တဝါ ၈၅ ရာခိုင်နှုန်းသည် ထိန်းသိမ်းကာကွယ်မှု ခံခဲ့ပါသည်၊ ဒေသ၊ နိုင်ငံနှင့် နိုင်ငံတကာတို့၏ ဇီဝလက္ခဏာလုံခြုံရေး ထိန်းသိမ်းကာကွယ်သည့် အရေးပါသော တာဝန်အား တိကျသေချာစွာ ထမ်းဆောင်ခဲ့ပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့