ကူမင်းစာပေအနုပညာ လှုပ်ရှားမှုတွင် ကတ်ကြေးညှပ်စက္ကူများ၏ပုံစံကို အဆန်းထွင်၍ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်း အခြေအနေကို ပြသ

2020-10-30 16:04|ရောင်စုံတိမ်တံတား

1

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းတွင် ကူမင်းမြို့ယဉ်ကျေးမှုပြတိုက်ထဲ၌ အလွန်စည်ကား၍ စားပွဲအပေါ် ကြီးသောငယ်သော အနီရောင်ဖြစ်သည့် စက္ကူပန်းပြောက်များကို ခင်းထား၍ ဘေးနားတွင် ကတ်ကြေးညှပ်စက္ကူများ ထုတ်ယူရန် စနစ်တကျ တန်းစီနေသည့် မြို့သူမြို့သားများသည် ဝိုင်းထား၍ လူတွေသည် အမှတ်တရပြုရန် မိုဘိုင်းဖုန်းဖြင့် တင်ဆက်ပြသသည့် “စက္ကူကတ်ကြေးညှပ်သည့် ဘွားဘွား” ဟုခေါ်သည့် ဇန်းယွက်ရှန်းနှင့် အတူတူ ဓာတ်ပုံရိုက်သည့်မြင်ကွင်း မကြာခဏ တွေ့မြင်နိုင်ပါသည်။ ၂၀၂၀ ပြည့်နှစ် ကူမင်းစာပေအနုပညာ လှုပ်ရှားမှုများထဲမှ လှုပ်ရှားမှုတစ်ခုအဖြစ် “ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်း” ဟူသော ကတ်ကြေးညှပ်စက္ကူများ ပြပွဲကို ဤနေရာ၌ တစ်လကြာ ကျင်းပမည်။

2

ကတ်ကြေးညှပ်စက္ကူသည် တရုတ်နိုင်ငံ အရှေးဟောင်းဆုံးသော လူထုရိုးရာအနုပညာ တစ်မျိုး ဖြစ်ပါသည်။ ကတ်ကြေးတစ်လက်နှင့် စက္ကူတစ်စောင်သာဖြင့် များပြားကြွယ်ဝသော၊ သေသပ်သိမ်မွေ့သော အနုပညာပစ္စည်းကို ဖန်တီးနိုင်ပါသည်၊ ကတ်ကြေးညှပ်စက္ကူသည် တရုတ်အမျိုးသား ရိုးရာသော လူထုရိုးရာစက်မှုအနုပညာ အဖြစ် ရှည်ဝေးသောရှေးပဝေသဏီခေတ် မှစပြီး အခုအထိ အလွန်ရှည်ကြာစွာ တည်ရှိထား၍ တရုတ်နိုင်ငံ လူထုရိုးရာအနုပညာထဲမှ အဖိုးတန်ရတနာ ဖြစ်ရုံသာမက ကမ္ဘာ့အနုပညာရတနာသိုက် ထဲမှ အဖိုးတန်လှသော လက်ရာအမျိုး ၁ မျိုးလည်း ဖြစ်လာပါပြီ။

3

၂၀၂၀ ပြည့်နှစ်သည် ကဏ္ဍစုံတွင် အလယ်အလတ် ချမ်းသာကြွယ်ဝသော လူ့အဖွဲ့အစည်းအား အပြည့်အဝ တည်ဆောက်ခြင်း၏ အနိုင်အရှုံးကို ဆုံးဖြတ်ရန် ယှဉ်ပြိုင်သည့်၊ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်းကို ယတိပြတ်တိုက်ခိုက်သည့် နှစ်ဖြစ်ပါသည်။ ကူမင်းမြို့ ကျေးလက်လူထု စာပေအနုပညာရှင်များ အသင်းမှ အနုပညာရှင်များသည်လည်း မြို့တစ်ခုလုံးမှ လူမျိုးအမျိုးမျိုး၏ အလယ်အလတ် ချမ်းသာကြွယ်ဝခြင်းပုံပြင်များ၊ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်းပုံပြင်များ၊ ကြိုးပမ်းတိုက်ခိုက်ခြင်းပုံပြင်များကို ဗဟိုပြု၍ ရိုးရာကတ်ကြေးညှပ်စက္ကူ၊ ခေတ်မီကတ်ကြေးညှပ်စက္ကူ၊ ရောင်စုံကတ်ကြေးညှပ်စက္ကူ၊ စက္ကူလူရုပ်ညှပ်ခြင်း စသည့် အနုပညာပုံစံနှင့် နည်းလမ်းများဖြင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်း၊ သာယာလှပသော နေအိမ်ခြံမြေနှင့် ကျေးလက်ချစ်မေတ္တာတို့အား ဖော်ပြထားသည့်၊ ယူနန့်အခြေအနေများ အပြည့်အဝ ပြသနိုင်သည့်လက်ရာများကို ဖန်တီးခဲ့ပါသည်။

4

ဤအကြိမ်ပြပွဲတွင် ကတ်ကြေးညှပ်စက္ကူ အနုပညာလက်ရာများ စုစုပေါင်း ၁၀၉ ခုကို  ပြသခဲ့၍ ၎င်းအနက် အဆန်းထွင်သည့် ကတ်ကြေးညှပ်စက္ကူများ တစ်ဝက်နီးပါး ရှိပါသည်။ ပြခန်းထဲသို့ ဝင်ရောက်လျှင် “ရွှေတောင်ငွေတောင်” ဟုခေါ်သည့် ကူမင်းမြို့ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်း ကတ်ကြေးညှပ်စက္ကူများပြပွဲ၏ နောက်ခံပန်းချီကို ပထမဦးဆုံး တွေ့နိုင်ပါသည်၊ ဤလက်ရာကို အဓိကအားဖြင့် တောင်တန်းများနှင့် ရေစီးကြောင်းများ ဖွဲ့စည်း၍ အနုပညာရှင်များသည် တောင်ကြီးသုံးလုံးထဲသို့ အအေးပိုင်းဒေသ၊ နွေးသမပိုင်းဒေသနှင့် အပူလျော့ပိုင်းဒေသတို့၏ မြေပြင်ကို ဖုံးအုပ်ထားသော ရုက္ခပင် အခြေအနေများအား ခွဲခြားထည့်သွင်း၍ ယူနန်ပြည်နယ်ရှိ မတူသော နေရာများ၌ “မြစိမ်းရောင်ရေများနှင့် စိမ်းလန်းသောတောင်များသည် ရွှေတောင်ငွေတောင် ဖြစ်ခြင်း” ဟူသော အတွေးအခေါ်ကို တူညီစွာ ကျင့်သုံးပြီး သာယာလှပသော နေအိမ်ခြံမြေကို အတူတကွ တည်ဆောက်ရန် သရုပ်ဆောင်ထားပါသည်။

5

ထို့ပြင်၊ “လှပသော ကျေးရွာသစ်” နှင့်သက်ဆိုင်သည့် ကတ်ကြေးညှပ်စက္ကူများသည် အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်ဖြင့် အဓိကအရောင် ခွဲခြားအဖြစ် တွန်းချွန်းမြေနီပေါ်မှ ကျေးရွာသစ်များ၊ သစ်လွင်တည်ဆောက်ခဲ့သည့် ကျေးလက်နေအိမ်များ၊ လယ်ယာသီးနှံထွက်ကောင်းခြင်း၊ ကျေးလက်ထဲမှ သစ်လွင်တည်ဆောက်ခဲ့သည့် တံတားများ၊ စိမ်ပြာပြာသော ရေပေါ်တွင် စင်ရော်များ ပျံဝဲနေခြင်း၊ လရောင်အောက်မှ ဆိတ်ငြိမ်သော နေအိမ်များနှင့် နှစ်ဘက်တွင် ပန်းများများပွင့်ဖူးနေသည့် မာလုထန်ကျေးလက်လမ်းများ စသည့် လှပသော ကျေးရွာသစ်၏ အခြေအနေများကို ပြသသည့် ပန်းချီတစ်ချပ်ချပ်အား ပါဝင်ပါသည်။

1

昆明信息港讯 记者甘凌菲 10月18日上午,昆明市文化馆内临街展厅内异常热闹,桌子上铺满了大大小小的红色窗花,边上围着在有序排队领取剪纸的市民,不时有人拿出手机和展演嘉宾“剪纸奶奶”张月仙合影留念。作为2020昆明文艺周的系列活动,“脱贫攻坚”剪纸展将在这里展出为期一个月的时间。

2

剪纸是中国最古老的民间艺术之一。一把剪刀一张纸,就能创造出丰富、精美的艺术品,剪纸作为中华民族传统的民间工艺,源远流长,经久不衰,不但是我国民间艺术中的瑰宝,也已成为世界艺术宝库中的一个珍贵品种。

3

2020年是打赢脱贫攻坚战、全面建成小康社会的决胜之年,昆明民间文艺家协会的艺术家们也特别围绕全市各族人民的小康故事、脱贫故事、奋斗故事,通过传统剪纸、现代剪纸、套色叠加剪纸、剪影等多种艺术风格和手法,创作了一系列描绘脱贫攻坚、美丽家园和乡村情深的作品,饱含“滇”韵,“滇味”十足。

4

本次展览共展出剪纸艺术作品109件,其中近半数属于创新型剪纸。走进展厅,首先引入眼帘的是昆明市脱贫攻坚剪纸展背景图《金山银水》,剪纸作品主要由群山和流水构成,艺术家们在三座大山中分别加入了寒带、温带和亚热带植被的元素,象征着云南的不同地点都要同样践行“绿水青山就是金山银山”的理念,共建美好家园。

5

此外,还有《美丽新农村》系列剪纸,分别以红橙黄绿蓝为主色调,展现了东川红土地上的新农村、新建的农村房舍、田间地头庄稼丰收、乡村新建的桥梁、海鸥盘旋在碧蓝的湖面、月光下静谧的房舍,以及两侧开满鲜花的马鹿塘乡村公路等一幅幅美丽的新农村画卷。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်