ယူနန်မှ အင်တာနက်စာရေးဆရာများသည် စာပေလက်ရာများဖြင့် ယူနန်၏ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်း ယတိပြတ်တိုက်ပွဲကို ဂုဏ်ပြုခဲ့

2020-10-30 15:52|ရောင်စုံတိမ်တံတား

1

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၂၀ ပြည့်နှစ်သည် ကဏ္ဍစုံတွင် အလယ်အလတ်ချမ်းသာကြွယ်ဝသော လူ့အဖွဲ့အစည်းအား အပြည့်အဝ တည်ဆောက်ခြင်း၏ အနိုင်အရှုံးကို ဆုံးဖြတ်ရန် ယှဉ်ပြိုင်သည့်နှစ်နှင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်းကို ယတိပြတ်တိုက်ခိုက်သည့်နှစ် ဖြစ်ပါသည်။ အောက်တိုဘာလ ၁၉ ရက်နေ့တွင် “အလှအပ ကူမင်းမြို့ရှိ” ၂၀၂၀ ပြည့်နှစ် ကူမင်းစာပေအနုပညာ လှုပ်ရှားမှုများထဲမှ အင်တာနက်စာပေလှုပ်ရှားမှု ကျင်းပရာတွင် ယူနန့်ဒေသခံ ဖြစ်သည့်အင်တာနက်စာရေးဆရာများသည် မာကျားတာ့ယွန့်ဟုခေါ်သည့် အိမ်ဝင်းထဲ၌ စုစည်း၍ သူတို့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဖူးကြုံဖူးခဲ့သည့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်းနှင့်ပတ်သက်သည့် ပုံပြင်များကို ပြောပြ၍ မည်သို့ ဘဝထဲသို့ နက်နှိုင်းစွာ ဝင်ရောက်၍ ပြည်သူလူထုထဲတွင် အမြစ်တွယ်ကာ အင်တာနက်စာပေ၏ အင်အားဖြင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်သော ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှု ဖြစ်လာရန် စူးစမ်းလေ့လာခဲ့ပါသည်။

4

ဤလှုပ်ရှားမှု ကျင်းပရာတွင် “စာပေ၏အင်အားဖြင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် ကူညီထောက်ပံ့ပေးခြင်း” ဟူသော စားပွဲဝိုင်းဖိုရမ်ကို ကျင်းပ၍ အင်တာနက်စာရေးဆရာ ယူဝေဖေး၊ လျူကျိဟွေ့၊ စောင်ဝေဟွာ၊ ဝန်ယန်တို့သည် သူတို့၏ စာပေလက်ရာများ ရေးသားခဲ့သည့် ကြံဆချက်ဖြစ်စဉ်ကို ပြောပြခဲ့ပါသည်။

3

ကူမင်းမြို့သည် ကဏ္ဍစုံတွင် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရန် အနိုင်အရှုံးဆုံးဖြတ်ရာတွင် ကူမင်း၌ မွေးဖွား၊ ကြီးပင်းလာသည့် စာရေးဆရာများ၊ ကဗျာဆရာများသည် လက်တွေ့အခြေအနေ အကြောင်းအရာများဖြင့်  ထူးချွန်သော လက်ရာတစ်စောင်စောင်ကို ရေးသားဖန်တီး၍ မတူသောရှုထောင့်များမှ ကူမင်းမြို့ရှိ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရေး၏ လူတွေပျော်ရွှင်စေသည့် အောင်မြင်မှုများကို ဖော်ပြခဲ့ပါသည်။

2

ဤနှစ် ကူမင်းမြို့ စာပေအနုပညာရှင်များသမဂ္ဂတို့သည် ကူမင်းမြို့ပါတီကော်မတီ ပြန်ကြားရေးဝန်းကြီးဌာန၏ ညွှန်ကြားရှေ့ဆောင်ခြင်းအားဖြင့် Kunming Information Hub စိုင်လုံဝက်ဘ်ဆိုက် (https://www.clzg.cn/) မှတစ်ဆင့် ၂၀၂၀ ပြည့်နှစ် ကူမင်းမြို့ “ကဏ္ဍစုံတွင် အလယ်အလတ်ချမ်းသာကြွယ်ဝသော လူ့အဖွဲ့အစည်းအား အပြည့်အဝ တည်ဆောက်ခြင်း၏ အနိုင်အရှုံးကို ဆုံးဖြတ်ရန် ယှဉ်ပြိုင်ခြင်း၊ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်းကို ယတိပြတ်တိုက်ခိုက်ခြင်း” ဟူသော ခေါင်းစဉ်ဖြစ်သည့် စာပေလက်ရာများ စုဆောင်းသည့်လှုပ်ရှားမှုကို ကျင်းပခဲ့ပါသည်။ ဤလှုပ်ရှားမှုကို ၄ လကြာ ကျင်းပရာတွင် စာမူ စုစုပေါင်း အစောင် ၃၀၀ ကျော်ကို စုဆောင်းထား၍ ပထမဆု ၂ စောင်၊ ဒုတိယဆု ၄ စောင်၊ တတိယဆု ၆ စောင်ကို အကဲဖြတ်ရွေးချယ်ခဲ့ပါသည်။ ဤအကြိမ် အင်တာနက်စာပေလှုပ်ရှားမှုတွင် ဆုချီးမြှင့်ပွဲကိုလည်း ကျင်းပခဲ့ပါသည်။

5

ဤအကြိမ် “အလှအပ ကူမင်းမြို့ရှိ” ၂၀၂၀ ပြည့်နှစ် ကူမင်းစာပေအနုပညာ လှုပ်ရှားမှုများထဲမှ အင်တာနက်စာပေလှုပ်ရှားမှုတွင် “ကူမင်း၊ ယူနန့် ထူးခြားချက်ရှိသည့် အင်တာနက်စာပေကို ထုလုပ်ဖန်တီးခြင်း” ဟူသော ခေါင်းစဉ်ဖြစ်သည့် စားပွဲဝိုင်းဖိုရမ်ကိုလည်း ကျင်းပခဲ့၍ နာမည်ကျော်သော အင်တာနက်စာရေးဆရာများသည် ကူမင်း၊ ယူနန့် အင်တာနက်စာပေ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတူ ဆွေးနွေးလေ့လာခဲ့ကြပါသည်။

1

昆明信息港讯 记者苏雯芊 2020年是决胜全面建成小康社会、决战脱贫攻坚之年。10月19日,在“美在春城”——2020昆明文艺周网络文学专场活动上,多位云南本土网络文学作家齐聚马家大院,讲述他们亲历的脱贫一线故事,探讨如何深入生活、扎根人民,以网络文学力量为实现脱贫攻坚目标做出积极贡献。

4

活动现场举行了“以文学力量助力脱贫攻坚”圆桌论坛,网络作家余文飞、刘继慧、曹卫华、王焱上台,讲述他们创作的心路历程。

3

在昆明市夺取脱贫攻坚全面胜利过程中,生于斯长于斯的作家、诗人们创作出一部部优秀的现实题材作品,从多个角度展现了昆明脱贫攻坚的喜人成果。

2

今年,昆明市文联在市委宣传部指导下,通过昆明信息港彩龙社区开展了2020年昆明市“决胜全面小康•决战脱贫攻坚”主题文学作品征集活动。活动征稿历时4个月,共征得稿件300余篇,评选出一等奖作品2个,二等奖作品4个,三等奖作品6个。活动当天举办了颁奖仪式。

5

这场“美在春城”——2020昆明文艺周网络文学专场活动,还举办了主题为“打造昆滇特色网络文学”的圆桌论坛,知名网络作家共话昆滇网络文学发展。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

287.78MMK

1 ယွမ်=287.78 ကျပ်