Larus ridibundus များသည် ဟိုင်ကိန်ဥယျာဉ်၌ ဆိပ်ကမ်းကပ်၍ ကူမင်းမြို့၌ Larus ridibundus ကြည့်ရှုချိန် ရောက်ရှိ
2020-10-28 15:17|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) "Larus ridibundus များက ဆိပ်ကမ်းကပ်ပြီး ကြည့်ရှုလို့၊ အစာကျွေးလို့ ရပြီ။" အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းတွင် ကူမင်းဟိုင်ကိန်ဥယျာဉ်ထဲ၌ လူများနှင့် Larus ridibundus များအကြား ဝမ်းမြောက်စွာ အပြန်အလှန်လှုပ်ရှားသည့် မြင်ကွင်းကို တွေ့မြင်၍ ဝေးလံသောအရပ်မှ ရောက်လာသည့် Larus ridibundus အကောင် ၃၀၀ ကျော်သည် ဆိပ်ကမ်းစတင်ကပ်ပြီး မြို့သူမြို့သားများ၏ ကျွေးမွေးခြင်းကို လက်ခံခဲ့ပါသည်။ ဤနှစ်သည် Larus ridibundus များ ကူမင်းသို့ လာသည့် ၃၆ နှစ်မြောက် ဖြစ်ပါပြီ၊ ကူမင်းမြို့ သစ်တောနှင့် မြက်ခင်းပြင်လုပ်ငန်း ဦးစီးဌာနသည် နေရာ ၆၂ ခုတွင် Larus ridibundus များကို အစာကျွေးရန် စီစဉ်ထားပါသည်။
ဤနှစ် တင်ဒါခေါ်ခြင်းအားဖြင့် ကျွေးမွေးအစာ ထုတ်လုပ်မည့် လုပ်ငန်းကုမ္ပဏီအဖြစ် ကူမင်း ကူဟွာနည်းပညာ ကုမ္ပဏီလီမိတက်ကို သတ်မှတ်ခဲ့ကြောင်း သတင်းထောက်သည် ကူမင်းမြို့ သစ်တောနှင့် မြက်ခင်းပြင်လုပ်ငန်း ဦးစီးဌာနထံမှ သိရှိခဲ့ပါသည်။ "ကျွန်တော်တို့က Larus ridibundus များ ဆိပ်ကမ်းကပ်သည့် သတင်းများကို အမြဲတမ်း အာရုံစိုက်ကြတယ်၊ သူတို့ ဆိပ်ကမ်းကပ်ပြီး တည်ငြိမ်ဖြစ်ပြီးမှ ကျွေးမွေးအစာ ထုတ်လုပ်ဖို့ ဝန်ထမ်းတွေကို စီစဉ်မယ်။ ဒီနှစ် ကျွေးမွေးအစာရဲ့ ဈေးက မနှစ်ကနဲ့ တူတယ်၊ စက်ရုံက ထွက်ဈေး ၁.၂ ယွမ်၊ လက်လီဈေး ၂.၅ ယွမ် ဖြစ်တယ်"ဟု ဤကုမ္ပဏီ၏ ဝန်ထမ်းသည် ပြောဆိုခဲ့ပါသည်။
Larus ridibundus များကို အစာကျွေးလျှင် သင့်တော်သည့် အကွာအဝေး ထိန်းသိမ်းရမည် ဖြစ်၍ အောက်တွင် ဖော်ပြသည့် အချက်အလက်များကို လုပ်ရမည်။။ Larus ridibundus များကို လက်ဖြင့် ဖမ်းခြင်း၊ သူတို့၏ ချေးကို ကိုင်သွယ်ခြင်းနှင့် လူစုစည်းပြီး အစာကျွေးခြင်း စသည့်တို့ကို မလုပ်သင့်ကြောင်း၊ Larus ridibundus များနှင့် အနီးကပ် ထိတွေ့ချိန်တွင် Mask တပ်ရကြောင်း၊ ထွက်သွားသည့်အခါတွင် လက်ကို မကြာခဏ ဆေးကြောရကြောင်း ဟု ကူမင်းမြို့ ငှက်မျိုးလေ့လာသူများအသင်း၏ ဒုတိယ အတွင်းရေးမှူး ဝမ်ဇိပင်သည် တိုက်တွန်းခဲ့ပါသည်။
“红嘴鸥靠岸了,可以观鸥喂鸥了。”10月22日上午,昆明海埂公园内出现了人鸥相欢的一幕,300多只远道而来的红嘴鸥开始靠岸接受市民投喂。据了解,今年已是红嘴鸥到昆明的第36年了,昆明市林业和草原局今年计划在62个点上投喂红嘴鸥。
红嘴鸥靠岸了,鸥粮准备得如何呢?记者从昆明市林业和草原局了解到:今年通过招投标,确定鸥粮生产企业为昆明昆华科技有限公司。该公司工作人员说:“我们一直在关注红嘴鸥靠岸的消息,只要它们靠岸稳定了,就组织员工生产鸥粮。今年鸥粮的价格和去年一样,100克鸥粮的出厂价是1.2元,零售指导价为2.5元。”
昆明市鸟类协会副秘书长王智斌表示,投喂红嘴鸥要保持适当的距离,要做到以下几点:不要用手抓它们;不要去接触它们的粪便;不要太多的人聚集在一起投喂;与红嘴鸥近距离接触时应该戴着口罩;离开时要勤洗手等。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့