၂၀၂၀ ပြည့်နှစ် တောင်အာရှ အရှေ့တောင်အာရှ ပညာရေးပူးပေါင်းဆောင်ရွက်မှု အွန်လိုင်းဖိုရမ်ကို ကူမင်းမြို့၌ ကျင်းပ
2020-10-28 15:05|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) အောက်တိုဘာလ ၂၀ ရက်နေ့တွင် ၂၀၂၀ ပြည့်နှစ် တောင်အာရှ အရှေ့တောင်အာရှ ပညာရေးပူးပေါင်းဆောင်ရွက်မှု အွန်လိုင်းဖိုရမ်ကို ကူမင်းမြို့၌ စတင်ကျင်းပခဲ့ပါသည်။ နိုင်ငံနှင့် ဒေသပေါင်း ၁၈ ခု မှလာသည့် သက်ဆိုင်ရာ ပါရဂူများ၊ ပညာရှင်များသည် အွန်လိုင်းနှင့် အော့ဖ်လိုင်း အချင်းချင်းပေါင်းစပ်သည့် စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အတူတကွ ဆွေးနွေးခဲ့ကြပါသည်။
ဤအကြိမ်ဖိုရမ်မှာ " အချင်းချင်း ရိုင်းပင်းကူညီထောက်ပံ့ခြင်း၊ ရှေ့သို့လှမ်းရန် လက်တွဲလုပ်ဆောင်ခြင်း"ဖြင့် ခေါင်းစဉ်အဖြစ် ကလိုဘယ်လိုက်ဇေးရှင်း၏ နောက်ခံအကြောင်း အောက်မှ ပညာရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှု ဆောင်ရွက်ရာတွင် ရင်ဆိုင်နေသည့် ပြဿနာများကို အဓိက စူးစမ်းလေ့လာ၍ ကပ်ရောဂါဖြစ်ပွားချိန် နောက်ပိုင်းတွင် ပညာရေးနယ်ပယ်မှ အပြည်ပြည်ဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နှင့်ပတ်သက်သည့် စဉ်းစားတွေးခေါ်ခြင်းနှင့် စူးစမ်းရှာဖွေခြင်းများကို မျှဝေ၍ လက်တွေ့ရင်ဆိုင်နေသည့် ပြဿနာများကို ဖြေရှင်းရန် အပြန်အလှန် ရိုင်းပင်းကူညီ၍ ပညာရေးနယ်ပယ်မှ အပြည်ပြည်ဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ရလဒ်သစ်များကို ရရှိရန် တွန်းအားပေး၍ ပညာရေးနယ်ပယ်တွင် အတူတူ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးကြပါသည်။
ဖိုရမ်သည် ကွင်းဖွင့်ပွဲ၊ အဓိကဖိုရမ်၊ တောင်အာရှ အရှေ့တောင်အာရှ တက္ကသိုလ်များမဟာမိတ် ဖိုရမ်၊ တရုတ်-ထိုင်း အဆင့်မြင့်ပညာရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ တောင်အာရှ အရှေ့တောင်အာရှ ဆေးဘက်ဆိုင်ရာ ပညာရေးနှင့် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ လန်ချာမြစ်-မဲခေါင်မြစ် အသက်မွေးပညာရေး မဟာမိတ် ဖိုရမ်နှင့် SCO လူငယ်များ ယဉ်ကျေးမှုဖလှယ်ပွဲ စသည့် လှုပ်ရှားမှုများကို စီစဉ်ထားပါသည်။ ကွင်းဖွင့်ပွဲတွင် ကူမင်းဆေးတက္ကသိုလ်သည် ထိုင်းနိုင်ငံ ဟွမ်ထိုက်ဟုတ်တက္ကသိုလ်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ယူနန်မင်ဆုတက္ကသိုလ် စသည့် ဌာနများသည် "လန်ချာမြစ်-မဲခေါင်မြစ် အသက်မွေးပညာရေး မဟာမိတ်" ထဲသို့ ပါဝင်ရန် စာချုပ်ချုပ်ဆို၍ ယူနန်ခိုင်ဖန့်တက္ကသိုလ် လန်ချာမြစ်-မဲခေါင်မြစ် ခိုင်ဖန့်ကောလိပ်ကို တရားဝင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
10月20日,2020年南亚东南亚教育合作云上论坛在昆明开幕。来自18个国家和地区的相关专家学者以线上和线下相结合的方式“云上”共商合作发展。
本次论坛以“守望相助、携手同行”为主题,重点探讨全球化背景下教育交流合作面临的共同问题,分享后疫情阶段教育国际交流与合作的思考与探索,互相帮助解决实际困难,推动教育国际交流合作取得新成果,促进教育领域的共同进步与发展。
论坛设置开幕式、主论坛、南亚东南亚大学联盟论坛、中泰高等教育合作论坛、南亚东南亚医学教育与医疗卫生合作论坛、澜湄职业教育联盟论坛和上合组织青年文化交流活动等活动。开幕式上,昆明医科大学与泰国皇太后大学签署谅解备忘录;云南民族大学等单位共同进行“澜湄职业教育联盟”入盟签约;云南开放大学澜湄开放学院正式揭牌成立。(云南日报 记者陈怡希)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: 文丽荣
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့