ဆစ်ဆောင်ပန်းနား တိုင်လေ့မီးပြပွဲကို အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကျင်းပမည်

2020-10-23 15:30|ရောင်စုံတိမ်တံတား

139458748_16033398860461n

(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) အောက်တိုဘာလ ၃၀ ရက်နေ့တွင် “ဆစ်ဆောင်ပန်နား တိုင်လေ့မီးပြပွဲ”ဟု ခေါ်သည့် အကြီးစား တိုင်ယဉ်ကျေးမှုဖြင့် ခေါင်းစဉ်ဖြစ်သည့် မီးပြပွဲကို ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ခွဲ ကျင်ဟုံမြို့ ကောက်ကျွမ်းဆစ်ဆောင်ကျင် ရှုခင်းသာရပ်ကွက်၌ ကျင်းပမည်။ ဤအကြိမ် မီးပြပွဲကို ၂၀၂၁ ခုနှစ် မေလ ၁၀ ရက်နေ့အထိ ဆက်လက်ကျင်းပမည် ဖြစ်၍ ပြသရာနေရာများသည် ကောက်ကျွမ်းဆစ်ဆောင်ကျင် ရှုခင်းသာရပ်ကွက်ရှိ ပင်ချောင်လမ်းမကြီး၊ လော်မိုဒေါင်နှင့် ဒေါင်းဇာတ်ရုံတို့ ဖြစ်ပါသည်။

139458748_16033398959471n

ပြပွဲကျင်းပရာတွင် အချင်း ၁၅ မီတာ ရှိသော မဲခေါင်မြစ်ငါးကြီး၊ ၁၈ မီတာ မြင့်သော အလင်းရောင်ထွက်လာသည့် အဖြူရောင်ဘုရား၊ ၁၈ မီတာ မြင့်သော ညတွင် အလင်းရောင်ရှိသည့် အဖြူရောင်ဘုရား၊ ၂၀ မီတာ ရှည်သော နဂါးကြီးနှင့် တိုင်လူမျိုး၏ ဝတ်စုံ ၀တ်ဆင်ထားသော အရုပ်နှင့်တူသည့် ရောင်စုံမီးများသည် ခရီးသည်များအား ကွဲပြားခြားနားသော တိုင်ယဉ်ကျေးမှုများကို ခံစားစေမည်။

139458748_16033399101261n

ထို့ပြင် ၂၀၂၀ ပြည့်နှစ် ဆစ်ဆောင်ပန်းနား ရိုမန်တစ် Loy Krathong ပွဲတော်ကို အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျင်းပမည်။ ဆစ်ဆောင်ပန်နား တိုင်လေ့မီးပြပွဲသည်လည်း သင်္ကြန်ပွဲတော်နေ့နှင့် Loy Krathong ပွဲတော် စသည့် ပွဲတော်များ၏ ဂုဏ်ပြုသည့် အကြောင်းအရာများအား ရောင်စုံမီးများ ထုတ်လုပ်ရာတွင် ထည့်သွင်းပါသည်။ ခရီးသည်များသည် အမျိုးမျိုးအဖုံဖုံရှိသည့် ရောင်စုံမီးများကို ကြည့်ရှုနိုင် ရုံသာမက Loy Krathong လွှတ်ခြင်း ခံစားနိုင်ပြီး ၂၀၂၀ ပြည့်နှစ် ဆစ်ဆောင်ပန်းနား Loy Krathong အလှမယ်ပြိုင်ပွဲ၏ အပြီးသတ်ပြိုင်ပွဲ စသည့် လှုပ်ရှာမှုများကိုလည်း ကြည့်နိုင်၍ "Loy Krathong အလှမယ်" နှင့် "Loy Krathong မင်းသမီး" ၏ ရွေးချယ်စဉ်ကို လက်တွေ့ မျက်မြင်သက်သေခံနိုင်မည်။

139458748_16033398860461n

10月30日,大型傣文化主题灯展“西双版纳傣泐灯展”将在云南省西双版纳傣族自治州景洪市告庄西双景景区璀璨亮灯。此次灯展活动将持续至2021年5月10日,展出地点为告庄西双景景区滨江大道、罗摩岛和孔雀剧场。

139458748_16033398959471n

活动期间,直径15米的湄公河大鱼、18米高的发光白塔、18米夜光白塔、长达20米的巨龙以及身着傣族服饰的人偶彩灯将带游客感受不一样的傣文化。

139458748_16033399101261n

此外,2020西双版纳浪漫水灯节将于10月30日启幕,活动持续至11月1日。西双版纳傣泐灯展还将泼水节、水灯节等节庆元素融入彩灯制作中,游客不仅可以欣赏各式各样的主题彩灯,还能够体验放水灯、观看2020西双版纳水灯小姐选美大赛决赛等活动,现场见证新一届“水灯小姐”“水灯公主”的诞生。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်