၁၂ ကီလိုမီတာရှည်သည့် အယ်ဟိုင်ရေကန် ecological corridor သည် စမ်းသပ်ဖွင့်လှစ်

2020-10-23 15:19|ရောင်စုံတိမ်တံတား

139458363_16033310587891n

(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဆောင်းချဉ်းရာသီတွင် အယ်ဟိုင်ရေကန် ecological corridor ၌ ပန်းများသည် မူလအတိုင်းသာ ဝေဝေဆာဆာ ပွင့်ဖူးနေ၍ အလွန် နွေးထွေးသာယာပါသည်။ ယောင်နန်ရှီမြစ်ရှိ တာထွက်ရာနေရာတွင် အတူစံစားကြသည့် စက်ဘီးတစ်စီးဖြင့် အယ်ဟိုင်ရေကန် ကမ်းရိုးတန်းမှ ကွေ့တီးကွေ့ကောက်သောလမ်း တစ်လျှောက် မြောက်ဘက်သို့ စီးသွားလျှင် လက်ဝဲဘက်တွင် ချောင်းစန်းတောင် ဖြစ်ပြီး ညာဘက်တွင် အယ်ဟိုင်ရေကန် ဖြစ်၍ မြင်ကွင်းထဲတွင် သာယာလှပသော ရှုခင်းများ ပြည့်လျှံပါသည်။

ပိုင်လူမျိုးဝတ်စုံ ၀တ်ဆင်ထားသည့် အဒေါ် သုံးလေးငါးယောက်သည် ဟိုင်တုန်မြို့မှ ဤနေရာသို့ လည်ပတ်ကြည့်ရှုရန် အထူးလာ၍ "ဒီနေရာက ဥယျာဉ်ကဲ့သို့ လှပတယ်"ဟု ပြောဆိုခဲ့ပါသည်။

ယခုတလော မြို့သူမြို့သားများသို့ စမ်းသပ်ဖွင့်လှစ်သည့် အယ်ဟိုင်ရေကန် ecological corridor သည် ယောင်နန်ရှီမြစ်မှ ဇီချိုင်ဆိပ်ကမ်းသို့အထိ စုစုပေါင်း ၁၂ ကီလိုမီတာ ရှည်ပါသည်။ စမ်းသပ်ဖွင့်လှစ်ချိန်သည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၁၀၂၁ ခုနှစ် ဇုန်လ ၁ ရက်နေ့အထိ ဖြစ်၍ လုပ်ဆောင်သည့် လုပ်ငန်းများသည် ဇရပ်ဝန်ဆောင်ပေးမှု၊ သဘာဝရှုခင်း လည်ပတ်ကြည့်ရှုခြင်း၊ အများပိုင်စက်ဘီး၊ သန့်ရှင်းလုပ်ခြင်း၊ အစီအစဉ်ထိန်းချုပ်ခြင်း၊ ဝါဒဖြန့်အသိပေးခြင်း၊ ခံစားမှုစုံစမ်းခြင်းနှင့် အရေးပေါ်စီမံခန့်ခွဲရေး စသည်တို့ကို ပါဝင်ပါသည်။

နိုင်ငံတော်နေ့နှင့် လမုန့်ပွဲတော်တို့၏ အလုပ်ပိတ်ရက်အတွင်း နေ့စဉ်နေ့တိုင်း ecological corridor သို့ ဝင်ရောက်ကြည့်ရှုသည့်သူ ၁.၈၂ သောင်းကျော် ရှိ၍ ဇရပ်၊ ညစ်ညမ်းမဲ့ အစိမ်းရောင် လည်ပတ်ကြည့်ရှုကားနှင့် အတူစံစားကြသည့် စက်ဘီးများသည် တစ်နေ့လျှင် လူ ၁၄၉၁ ယောက်ကို ဝန်ဆောင်ပေးခဲ့ပါသည်။ နောက်နောင်တွင် အယ်ဟိုင်ရေကန် ecological corridor သည် တာ့လီရှေးဟောင်းမြို့၊ ယောင်လီ့ဖျင်ဇာတ်ရုံ၊ ရှီဇော်ရှေးဟောင်းမြို့နယ် စသည့် အဓိက ခရီးသွားလာရေး သယံဇာတပစ္စည်းများ နှင့်အတူ ပူးတွဲ၍ ခရီးသည်များအား တစ်လျှောက်မှ မြို့နယ်များ၊ ကျေးရွာများသို့ ဒေသခံ “စားခြင်း၊ နေခြင်း၊ သွားခြင်း၊ လည်ပတ်ခြင်း၊ ဝယ်ခြင်း၊ ကာစားပျော်ရွှင်မှု” နှင့်ပတ်သက်သည့် ထူးခြားချက်များကို ခံစားစေရန် ဆွဲဆောင်၍ ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးမည်။

ယခုတလော စုစုပေါင်း ၁၂၉ ကီလိုမီတာ ရှည်သော ကန်ပတ် ecological corridor ၏ အဓိကအစိတ်အပိုင်း ၆၈ ကီလိုမီတာ တည်ဆောက်ပြီးစီး၍ ကျန်နေသည့် ၆၁ ကီလိုမီတာကို အစွမ်းကုန် တည်ဆောက်နေပါသည်။

 

139458363_16033310587891n

秋天,洱海生态廊道依然鲜花盛开、暖意融融。在阳南溪起点,扫码一辆共享自行车,顺着洱海沿岸蜿蜒的骑行道北行,左侧是云卷云舒的苍山,右侧是波光粼粼的洱海,满眼皆美景。

几位身着白族服饰的大妈专程从海东前来游玩,她们说:“这里美得像公园一样。”

目前,向市民试运行开放的洱海生态廊道,从阳南溪至才村码头共12公里。试运营时间为2020年9月21日至2021年6月1日,运营内容包括驿站经营服务,生态观光游览、公共自行车、保洁、秩序管理、宣传教育、体验调查、应急管理等。

“国庆、中秋双节期间,进入廊道观光人员日均超过1.82万人次,驿站、生态观光车、共享自行车日均服务1491人次。”生态廊道工作人员介绍,下一阶段,洱海生态廊道将联动大理古城、杨丽萍大剧院、喜洲古镇等核心旅游资源,将游客精准引流至沿线村镇体验当地“吃住行游购娱”特色,助力乡村经济发展。

目前,全线总长129公里的环湖生态廊道已完成主体建设68公里,其余61公里正在全线推进中。(云南日报 记者黄兴能 摄影报道)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်