ယူနန်ပြည်နယ်၌ မီးရထားစီးလျှင် Mask တပ်ရမည်
2020-10-22 18:09|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော ကိုရိုနာဗိုင်းရပ်စ် (COVID-19) အဆုတ်ရောင်ရောဂါသည် တစ်ကမ္ဘာလုံးတွင် ပျံ့နှံ့ကူးစက်နေ၍ ဆောင်းချဉ်းရာသီနှင့် ဆောင်းရာသီတို့၏ ရောက်လာခြင်း နှင့်အမျှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါလည်း ကူးစက်မှု များသောအချိန်ကာလသို့ ဝင်ရောက်လာပါပြီ။ ယူနန်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ ကပ်ရောဂါခုခံတိုက်ဖျက်ရေးကို ကောင်းကောင်းဆောင်ရွက်နိုင်ရန် သတ်မှတ်ထားသောစည်းကမ်းများအရ ခရီးသည်များသည် ပြည်သူ့လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကိရိယာများကို စီးချိန် Mask တပ်ရမည်၊ လမ်းပန်းဆက်သွယ်ရေးဌာနတို့သည် Mask မတပ်သည့် ခရီးသည်များကို အချိန်မှီ သတိပေးပြီး Mask တပ်ရန် တိုက်တွန်းနှိုးဆော်ရမည်။ အောက်တိုဘာလ ၂၀ ရက်နေ့မှစ၍ တရုတ်မီးရထား ကူမင်းဦးစီးဌာန အုပ်စုကုမ္ပဏီလီမိတက် (China Railway Kunming Group Co.,Ltd.)သည် အထက်ပါ သတ်မှတ်ချက်ကို တင်းကျပ်စွာ ဖော်ဆောင်ရမည်၊ ဘူတာရုံထဲ ဝင်ခြင်း၊ မီးရထားပေါ် တက်ခြင်း၊ မီးရထားစီးခြင်း စသည့် ဆစ်ပိုင်းအသီးသီးတွင် Mask တပ်ရန် ပယ်ချသည့် ခရီးသည်များကို ပြန်ခိုင်းရန် သို့မဟုတ် ဝန်ဆောင်မှုမပေးရန် အခွင့်ရှိမည်။
ခရီးသည်များ၏ စုစည်းခြင်းကို လျှော့ချရန် ကူမင်းဦးစီးဌာန အုပ်စုကုမ္ပဏီလီမိတက်သည် ခရီးသည်များအတွက် လက်မှတ်ဝယ်ခြင်း၊ လုံးခြုံးရေးစစ်ဆေးခြင်း၊ လက်မှတ်စစ်ဆေးခြင်း စသည့် မီးရထားစီးသည့် အစီအစဉ်များ၏ ရှေ့ဆောင်ညွှန်ပြခြင်းလုပ်ငန်းကို အားဖြည့်စွာ ဆောင်ရွက်မည်။ ဘူတာရုံများနှင့် မီးရထားများပေါ်တွင် သီးသန့်ခွဲခြားပြီး အကဲခတ်ရာနေရာကို စီစဉ်ထား၍ ချောင်းဆိုးခြင်း၊ ကိုယ်ခန္ဓာမသင့်တော်ခြင်း စသည့် ရောဂါလက္ခဏာများ ရှိသည့် ခရီးသည်များအတွက် ကိုယ်ပူချိန် ရွေးချယ်တိုင်းမည်။ မီးရထားစောင့်အခန်းများ၊ ပေါက်ရောက်ရာလမ်းများ၊ ဘူတာရုံစင်္ကြံများ၊ မီးရထားများ စသည့် အရေးကြီးသောအစိတ်အပိုင်းများတွင် ရောဂါပိုးသတ်စေခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်။
ထို့ပြင်၊ ဘူတာရုံ၊ မီးရထား အခုခုတွင် ကြော်ငြာစာနှင့် အသံလွှင့်ခြင်းစသည့်နည်းလမ်းဖြင့် သတိရအောင် ဖော်ပြရန် အားဖြည့်ပေး၍ ကူမင်း၊ ကူမင်းတောင်၊ ချူကျင့်၊ တာ့လီ၊ လစ်ကျန်း စသည့် ခရီးသည်များ ပိုမို စုစည်းသည့် ဘူတာရုံများတွင် ကိုယ်ပူချိန် အလိုအလျောက် တိုင်းခြင်းကို အဆက်မပြတ် ဆောင်ရွက်၍ Mask ရောင်းချသည့် ဝန်ဆောင်ပေးနေရာကို ဖွင့်လှစ်ရန် သက်ဆိုင်သည့် ဆေးဘက်ဆိုင်ရာ ကုမ္ပဏီများအား ဖိတ်ခေါ်မည်။
အခု ကူမင်းဦးစီးဌာန အုပ်စုကုမ္ပဏီလီမိတက်သည် Electronic Ticket စနစ်ကို အပြည့်အဝဆောင်ရွက်ခဲ့ပါပြီ၊ စုစည်းခြင်း လျှော့ချရန် 12306 ဝက်ဘ်ဆိုက်တ် သို့မဟုတ် မိုဘိုင်းဖုန်း App တို့ကို အစွမ်းကုန်အသုံးပြုပြီး လက်မှတ်ဝယ်ခြင်း၊ လက်မှတ်ပြန်ပေးအပ်ခြင်းနှင့် အချိန်ရွှေ့ဆိုင်းခြင်း လုပ်ငန်းများကို လုပ်ဆောင်ပါ ဖြစ်ကြောင်း၊ ကူမင်းဘူတာရုံသို့ သွားရောက်မည့် ခရီးသည်များသည် တောင်ဘက်ကွင်းပြင် သို့မဟုတ် မြောက်ဘက်ကွင်းပြင်မှ ဘူတာရုံသို့ ဝင်နိုင်သည် ဖြစ်ကြောင်း၊ ခရီးသည်များသည် ဘူတာရုံထဲ နေချိန်နှင့် မီးရထားစီးချိန်တို့တွင် ခရီးစဉ်တစ်ခုလုံး Mask တပ်ရမည် ဖြစ်၍ ဘူတာရုံဝင်ခြင်း၊ မီးရထားစီးခြင်းနှင့် ဘူတာရုံထွက်ခြင်းစသည့်အချိန်တွင် ကိုယ်ပူချိန်တိုင်းခြင်းနှင့် ကျန်းမာရေး QR code စစ်ဆေးခြင်းတို့ကို ကိုယ်ပိုင်အသိဖြင့် လက်ခံပါ ဖြစ်ကြောင်း မီးရထားဆိုင်ရာဌာနများသည် သတိပေးပါသည်။
昆明信息港讯 记者上官艳君 当前,新冠肺炎疫情仍然在全球蔓延,随着秋冬季节的到来,呼吸道传染疾病也进入高发期。记者19日获悉,按照云南省做好交通运输疫情防控要求,旅客在乘坐公共交通运输工具时必须佩戴口罩,运输部门要对未佩戴口罩的旅客及时提醒督促。从10月20日起,中国铁路昆明局集团有限公司将严格落实上述规定,对进站、上车、乘车等各环节拒绝佩戴口罩的乘客有权进行劝返或不予提供服务。
为减少人员聚集,昆明局集团将加强对旅客购票、安检、验票等乘车流程的引导; 在车站及列车上设置隔离观察区域,对咳嗽、身体不适等的旅客重点进行体温抽测;持续做好候车室、通道、站台、列车等重点部位消毒工作。
同时,在各站、车加强公告及广播提示,在昆明、昆明南、曲靖、大理、丽江等客流较为集中的车站,持续进行体温自动检测,并邀请相关医药企业陆续开设口罩售卖便民服务点。
铁路部门提醒,目前昆明局集团已全面实施电子客票,为减少聚集,请尽量选择12306网站或手机App购票和办理退票、改签业务。前往昆明站乘车的旅客,可就近就便选择南、北广场进站候车。旅客在车站和乘车时须全程佩戴口罩,自觉接受进站、乘车、出站体温检测和健康码查验。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့