၂၀၂၀ ပြည့်နှစ် SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့တွင် Online စနစ်ဖြင့် ကျင်းပမည်
2020-10-21 16:08|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကပ်ရောဂါကို နေသားတကျ ခုခံတိုက်ဖျက်ရေးလုပ်ငန်းနှင့် လိုက်ဖက်ရန်အတွက် ၂၀၂၀ ပြည့်နှစ် SCO (ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) ကူမင်း မာရသွန်အပြေးပြိုင်ပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့တွင် Online စနစ်ဖြင့် ကျင်းပမည်ဟု SCO အတွင်းရေးမှူးအဖွဲ့သည် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပီကင်းမြို့၌ ကြေညာခဲ့ပါသည်။ Online အပြေးပြိုင်ပွဲကို ပါဝင်မည့် အဖွဲ့များနှင့် ပြေးဆွဲသူများသည် ဗီဒီယိုနှင့် ဓာတ်ပုံများ ရိုက်ကူး၍ “SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲ” Appပေါ်တွင် တရုတ်ဘာသာစကား၊ ရုရှားဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား ၃ မျိုးထဲမှ တစ်မျိုးဖြင့် ထုတ်ပြန်ပြီး ဝေမျှခံစားခြင်း၊ ဆွေးနွေးခြင်းနှင့် အပြန်အလှန်ဖလှယ်ခြင်းတို့ကို ပြုလုပ်နိုင်မည်။
SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲ၏ စွဲလမ်းသူများအတွက် Online ပေါ်တွင် ဆွေးနွေးဖလှယ်သည့် ပလက်ဖောင်းကို ဖန်တီးရန် ပြိုင်ပွဲဖွဲ့စည်းရေးကော်မတီသည် “SCO ပြေးဆွဲသူများအဖွဲ့”အသစ်ကို ဖွဲ့စည်းခဲ့ပါသည်။ “SCO ပြေးဆွဲသူများအဖွဲ့”သည် SCO ၏ နာမည်ကျော်သော တောင်တန်းနှင့် မြစ်ချောင်းများ၊ SCO ၏ အံ့ဖွယ်များသော နေရာ ၈ ခုစလုံးများကို ပြေးဆွဲဖုံးလွှမ်း၍ “SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲ” App ဖြင့် “ရှန်းဟိုင်းစိတ်ဓာတ်” ကို ဖြစ်ထွန်းအောင် ဆောင်ရွက်ပြီး SCO ၏ပုံပြင်ကို ကောင်းကောင်းပြောပြပြီး ကျန်းမာသော နေထိုင်မှုနည်းလမ်းများကို ဝေမျှခံစားပြီး တူညီသောနေအိမ်ခြံမြေအား ကာကွယ်စောင့်ရှောက်သည့် စိတ်ပိုင်းဖြတ်မှုကို အချင်းချင်း စေ့ဆော်အားပေးမည်။
၂၀၂၀ ပြည့်နှစ် SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲကို Online စနစ်ဖြင့် ပြီးမြောက်စွာ ကျင်းပပြီးနောက် SCO အတွင်းရေးမှူးအဖွဲ့နှင့် တာဝန်ထမ်းဆောင်သည့် သက်ဆိုင်ရာဌာနများသည် SCO လက်ဝှေ့ပြိုင်ပွဲ၊ SCO နိုင်ငံတော် လူငယ်များ၏ ပန်းချီးလက်ရာများပြပွဲ တို့ကိုလည်း ကျင်းပမည်။
10月18日,上海合作组织秘书处在北京宣布,为配合常态化疫情防控工作,2020年上合昆明马拉松将于12月6日采取线上马拉松模式组织赛事活动。参加线上跑的跑团和跑友,可通过拍摄视频和图片方式,在“上合昆马”App平台上用中俄英三种语言发布并进行分享、交流和互动。
为给上合马拉松赛的粉丝们搭建社交沟通平台,赛事组委会全新成立了“上合跑团”。“上合跑团”将跑遍上合的名山大川和上合八大奇迹,通过“上合昆马”APP,弘扬“上海精神”,讲好上合故事,分享健康生活方式,彼此激励守护共同家园的决心。
在举办完2020年上合昆明马拉松线上赛后,上合组织秘书处与相关执行单位还将在上海举办上合拳击赛、上合国家儿童画展。(云南日报 记者娄莹)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့