သတ္တမအကြိမ် တရုတ်-ပြင်သစ် ပတ်ဝန်းကျင်ကာကွယ်ရေးလနှင့် သက်ဆိုင်သောလှုပ်ရှားမှုများကို ကူမင်းမြို့တွင် စတင်ကျင်းပခဲ့

2020-10-21 14:15|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မြို့ထဲတွင် နက်ရှိုင်းသော ပယ်လယ်အတွင်း၏ လျှို့ဝှက်မှုများကို စူးစမ်းရှာဖွေခြင်း၊ ဓာတ်ပုံရိုက်ခြင်းအားဖြင့် သတ္တဝါ၏ ညှို့နိုင်စွမ်းကို လက်ဆင့်ကမ်းခြင်း၊ လူငယ်များ သတ္တဝါ အမျိုးမျိုးအဖုံဖုံရှိရန် ကာကွယ်စောင့်ရှောက်ရေးကို အတူတကွ အဆိုပြုခြင်း စသည့် အကြောင်းအရာများ ပါဝင်သည့် သတ္တမအကြိမ် တရုတ်-ပြင်သစ် ပတ်ဝန်းကျင်ကာကွယ်ရေးလ သတ္တဝါအမျိုးမျိုးအဖုံဖုံရှိခြင်း ဧည့်ခံစည်းဝေးပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကူမင်းမြို့ရှိ ဆိုဖေထဟိုတယ်၌ ကျင်းပခဲ့ပါသည်။

ဤအကြိမ် တရုတ်-ပြင်သစ် ပတ်ဝန်းကျင်ကာကွယ်ရေးလသည် “သတ္တဝါအမျိုးမျိုးအဖုံဖုံရှိရန် ကာကွယ်စောင့်ရှောက်ရေး” ဟူသည့် ခေါင်းစဉ်ကို ဝိုင်းပတ်ပြုလုပ်ထားပါသည်။ အောက်တိုဘာလ ၁၇ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တရုတ်နိုင်ငံမှ ချမ်ဒို၊ ချွန်ချင့်နှင့် ကူမင်း ၃ မြို့၌ သစ်ဆန်းကြွယ်ဝသော လှုပ်ရှားမှု ၂၃ ခုများကို ကျင်းပ၍ လူတွေကို သတ္တဝါအမျိုးမျိုးအဖုံဖုံရှိခြင်းနှင့် သယံဇာတပစ္စည်းများ၏ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးတို့အား အတူတကွ ကာကွယ်စောင့်ရှောက်ရန် အားပေးမည်။ လှုပ်ရှားမှုကျင်းပနေ့တွင် ချမ်ဒိုမြို့ အခြေစိုက် ပြင်သစ်နိုင်ငံ ကောင်စစ်ဝန်ရုံးသည်လည်း ယူနန်တက္ကသိုလ်နှင့် “လူငယ်များ သတ္တဝါအမျိုးမျိုးအဖုံဖုံရှိရန် ကာကွယ်စောင့်ရှောက်ရေးကို အဆိုပြုခြင်း” ဟူသည့် နှီးနှောဖလှယ်ပွဲကို အတူတူ ကျင်းပခဲ့ပါသည်။ နှီးနှောဖလှယ်ပွဲတွင် သိကျွမ်းသည့် ပညာရှင်များ၊ ကျောင်းသူကျောင်းသားများနှင့် လုပ်ငန်းကုမ္ပဏီများသည် သတ္တဝါအမျိုးမျိုးအဖုံဖုံရှိခြင်းနှင့် နိုင်ငံတကာဆက်ဆံရေးအပေါ် ဆွေးနွေး၍ နှစ်နိုင်ငံအစိုးရသို့ “ကူမင်းမြို့လူငယ်များသည် သတ္တဝါအမျိုးမျိုးအဖုံဖုံရှိခြင်း နှင့်သက်ဆိုင်သည့် အဆိုပြုချက်-ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း (Convention on Biological Diversity - CBD) ၁၅ ကြိမ်မြောက် စာချုပ်ချုပ်ဆိုသောနိုင်ငံများညီလာခံ (COP15)သို့ ဝင်ရောက်နီးစပ်ခြင်း” ဟူသော အဆိုပြုချက်စာကို ပို့ခဲ့ပါသည်။

လက်တွေ့လှုပ်ရှားမှုများ အပြင် ဤအကြိမ် တရုတ်-ပြင်သစ် ပတ်ဝန်းကျင်ကာကွယ်ရေးလ၏ လှုပ်ရှားမှုတစ်ချို့ကို Online အပေါ်သို့ ပြောင်းလဲကျင်းပမည်။ မှတ်တမ်းတင်ရုပ်ရှင်ကားများ၊ Online နှီးနှောဖလှယ်ပွဲများနှင့် ပို့ချချက်သင်တန်းပုံရိုက်ခြင်း စသည်များဖြင့် ရှုခင်းရပ်ကွက်၏ တိုးမြှင့်ခြင်း၊ ကူးစက်ရောဂါများသည် ခရီးထွက်နည်းအတွက် ဖြစ်ပေါ်သည့်ထိခိုက်မှု၊ ဇီဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဇုန်၊ အလင်းညစ်ညမ်းမှု၊ “ကွန်ရက်စိမ်း”နှင့် “ကွန်ရက်ပြာ”တို့၏ တည်ဆောက်ရေး စသည့် ဆွေးနွေးဖွယ်ရာအကြောင်းတို့ကို စူးစမ်းလေ့လာမည်။ တရုတ်၊ ပြင်သစ် နှစ်နိုင်ငံတို့မှ လာသည့် အဘိဓမ္မပညာရှင်များ၊ စီးပွားရေးဆိုင်ရာပညာရှင်များ၊ လူသားဆိုင်ရာပညာရှင်များ၊ သမိုင်းဆိုင်ရာပညာရှင်များနှင့် စာရေးဆရာများ၏ အမြင်များကိုလည်း ပတ်ဝန်းကျင်ကာကွယ်ရေးလ အတွင်း ဆောင်းပါးများ သို့မဟုတ် ဗီဒီယိုများဖြင့် ထုတ်ပြန်မည်။

တရုတ်-ပြင်သစ် ပတ်ဝန်းကျင်ကာကွယ်ရေးလကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့၍ အခုအထိ တရုတ်နိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံရုံးသည် ပတ်ဝန်းကျင်ဟူသောခေါင်းစဉ်ဖြင့် ကျင်းပသည့် လှုပ်ရှားမှုပွဲ တစ်ခုတည်း ဖြစ်ပါသည်။

昆明信息港讯 记者李欣怡 在城市探索深海奥秘、以摄影传递生命的魅力、青年共倡生物多样性...... 10月16日,“第七届中法环境月——生物多样性招待会” 在昆明索菲特酒店召开。

本届中法环境月围绕“保护生物多样性”主题展开。10月17日到11月15日期间,将在成都,重庆和昆明三座城市陆续举办23场新颖而丰富的活动,鼓励人们共同保护生物多样性及其资源的可持续利用。活动当天,法国驻成都领事馆还与云南大学共同举行了“昆明青年生物多样性倡议”研讨会。研讨会上,专业学者、学生和企业共同就生物多样性和国际关系议题展开讨论,并向两国政府发起《昆明青年生物多样性倡议:走近COP15》倡议信。

除线下活动外,本届中法环境月也将部分活动转移至线上。通过一系列纪录片、网络研讨会及讲座录影探讨景观的提升、传染病对出行方式的影响、生态保护区、光污染、“绿网”和“蓝网”的建设等议题。来自中法两国哲学家、经济学家、人类学家、历史学家和作家的观点也将在环境月期间通过系列文章或视频的形式发布。

据悉,中法环境月创立于2014年,是迄今为止唯一一个由法国驻华大使馆举办的以环境为主题的活动节。


အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်