၂၀၂၀ ပြည့်နှစ် ကူမင်းစာပေအနုပညာ လှုပ်ရှားမှုကို အောက်တိုဘာလ ၁၈ ရက်နေ့မှ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ကျင်းပမည်

2020-10-21 14:14|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်)  “အလှအပ ကူမင်းမြို့ရှိ” ၂၀၂၀ ပြည့်နှစ် ကူမင်းစာပေအနုပညာ လှုပ်ရှားမှုကို အောက်တိုဘာလ ၁၈ ရက်နေ့မှ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ကျင်းပမည်။ လှုပ်ရှားမှု ကျင်းပရာတွင် ကူမင်းမြို့သူမြို့သားများ၏ စိတ်ဓာတ်ယဉ်ကျေးမှုဘဝ ကြွယ်ဝစေရန်၊ ကူမင်းမြို့မှ စာပေအနုပညာ၏ အကျိုးသက်ရောက်နိုင်စွမ်းကို တိုးချဲ့ရန် ယဉ်ကျေးမှုဖြင့် ပြည်သူလူထု အကျိုးရရှိစေခြင်း လှုပ်ရှားမှုများနှင့် ထူးချွန်သော စာပေအနုပညာ လက်ရာများကို တင်ပြမည်။

ဤအကြိမ် လှုပ်ရှားမှုကို ကူမင်းမြို့ပါတီကော်မတီ ပြန်ကြားရေးဝန်းကြီးဌာန၊ ကူမင်းမြို့ စာပေအနုပညာရှင်များသမဂ္ဂတို့သည် ဦးစီးကျင်းပပါသည်၊ လှုပ်ရှားမှု၏ ခေါင်းစဉ်သည် “ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်း၊ အတော်အသင့် သက်သာချောင်ချိသော လူ့ဘောင်ကို ဘက်စုံတည်ဆောက်ပြီးဖြစ်ခြင်း၊ လှပကောင်းမွန်သောကူမင်း၊ စာပေအနုပညာဖြင့် ပြည်သူလူထု အကျိုးရရှိစေခြင်း” ဖြစ်၍ စာပေအနုပညာ တင်ဆက်ပြသခြင်း၊ ကူမင်း စာပေအနုပညာ ပြသထုတ်လွှင့်ခြင်း၊ စာပေအနုပညာ နှင့်ပတ်သက်သည့် လေ့ကျင့်ပျိုးထောင်ပေးခြင်း ဖြစ်သည့် အစိတ်အပိုင်း ၃ ခုကို ပါဝင်ပါသည်။ ၁ လရှည်သည့် လှုပ်ရှားမှုထဲမှ စာပေအနုပညာ တင်ဆက်ပြသခြင်းသည် ကွင်းဖွင့်ပွဲအပြင် အမျိုးသား ရိုးရာတေးဂီတ တင်ဆက်ပြသခြင်း၊ စေတနာ့ဝန်ထန်းများ၏ သံစုံတေး တင်ဆက်ပြသခြင်း၊ လူထုရိုးရာစာပေအနုပညာ တင်ဆက်ပြသခြင်း၊ ဇာတ်သဘင် တင်ဆက်ပြသခြင်း၊ အကကပြခြင်း၊ ရိုးရာတေးဆိုပုံပြောအနုပညာရပ် တင်ဆက်ပြသခြင်းတို့ကိုလည်း ပါဝင်ပါသည်။ ထိုအချိန်ရောက်လျှင် “ကျွန်မ၏နိုင်ငံတော်” ဟုခေါ်သည့် အမျိုးသားရိုးရာ ကြိုးနှင့်လေတူရိယာတို့ဖြင့် တီမှုတ်သည့် တေးဂီတ၊ “ပျော်ရွှင်မှုဂုဏ်ပြုတေး” ဟုခေါ်သည့် သံစုံတေး၊ “ဟင်းလျား၏အမည်ကို ပို့ခြင်း” ဟုခေါ်သည့် လူရွှင်တော်ပြက်လုံး၊ “ရန်မေနူကျန့်” ဟုခေါ်သည့် တိန်ဇာတ်သဘင် စသည့် နာမည်ကျော်သည့် လက်ရာများကို ပြသမည်။

၂၀၂၀ ပြည့်နှစ်သည် “ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်း၊ အတော်အသင့် သက်သာချောင်ချိသော လူ့ဘောင်ကို ဘက်စုံတည်ဆောက်ပြီးမြောက်ခြင်း” ဆောင်ရွက်သည့် နှစ်ဖြစ်ပါသည်၊ ထို့ကြောင့်၊ ကူမင်းစာပေအနုပညာကို ပြသထုတ်လွှင့်ခြင်း ဖြစ်သည့် အပိုင်းတွင် မြို့သူမြို့သားများသည် လူထုရိုးရာစာပေအနုပညာ ဖြစ်သည့် “ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်း” ကတ်ကျေးညှပ်စက္ကူပြပွဲ၊ “ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်း”နှင့် နိုင်ငံချစ်ဝါဒ နှင့်ပတ်သက်သည့် ရုပ်ရှင်ပြသခြင်းနှင့် ရှင်းပြခြင်း၊ “ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ခြင်း” နှင့်ပတ်သက်သည့် အရည်အသွေးကောင်းသော ဓာတ်ပုံပြပွဲတို့ကို ကြည့်နိုင်မည်။ ထို့ပြင်၊ မြို့သူမြို့သားများသည်လည်း လက်ရေးလက်သားနှင့် ပန်းချီလက်ရာများ လက်တွေ့ဖလှယ်ရေးလှုပ်ရှားမှုကို ပါဝင်၍ လက်ရေးလက်သားလက်ရာများ၊ ပြုလုပ်ပြီးသားဖြစ်သည့် ယပ်တောင်များ စသည်တို့ကို ရရှိနိုင်မည်။ စာပေအနုပညာ နှင့်ပတ်သက်သည့် လေ့ကျင့်ပျိုးထောင်ပေးခြင်းများသည် တေးကဗျာ၊ စကားပြေ၊ ရွတ်ဆိုပွဲနှင့် ပို့ချချက်သင်တန်း၊ “ကူမင်းမြို့ လူငယ်များ” စာဖတ်ပွဲနှင့် မူလတန်းကျောင်းသား၊ အလယ်တန်းကျောင်းသားနှင့် အထက်တန်းကျောင်းတို့ အတွက် ဆောင်းပါးရေးရန် ညွှန်းကြားခြင်း၊ “နာမည်ကျော်သော စာရေးဆရာနှင့် ကောင်းမွန်သောစာအုပ်” ဟုခေါ်သည့် ကောင်းမွန်သောစာအုပ်များ ထောက်ခံ့အကြံပေးပွဲ၊ တေးဂီတနှင့် အကများ ပို့ချချက်သင်တန်း၊ အင်တာနက်စာပေ ပို့ချချက်သင်တန်းတို့ကို ပါဝင်ပါသည်။

昆明信息港讯(昆明日报 记者王姗)10月18日至11月18日,“美在春城”——2020昆明文艺周活动将举行。活动期间,将推出一系列文化惠民活动和优秀文艺作品,丰富市民精神文化生活,扩大昆明文艺影响力。

本次活动由市委宣传部、市文联主办,主题为“脱贫攻坚 全面小康 美好昆明 文艺惠民”,由系列文艺展演、昆明文艺展览展示展播、文学艺术系列培训三大板块组成。在为期一个月的活动中,系列文艺展演板块除开幕式外,还包括民乐专场演出、交响乐志愿者专场展演、民间文艺展演、戏剧专场展演、舞蹈专场展演、曲艺专场展演。届时,民族管弦乐《我的祖国》、交响乐《欢乐颂》、相声《报菜名》、滇剧《杨门女将》等经典作品将一一呈现。

2020年是“决战脱贫攻坚,决胜全面小康”之年,因此,在昆明文艺展览展示展播板块,市民可以看到民间文艺“脱贫攻坚”剪纸展,“脱贫攻坚”、爱国主义题材影片展映和赏析,“脱贫攻坚”精品摄影展览。同时,市民还可参与书画现场交流活动,获得书法作品、成扇等。文学艺术系列培训涵盖诗歌、散文、朗诵会和讲座,《春城少年》阅读会暨中小学生写作指导专场,“名家与好书”好书推荐会,音乐舞蹈专场讲座,网络文学专场讲座。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်