ရှန်ဂရီလာမြို့တွင် Stellera chamaejasme Linn များသည် အနီရောင်ဖြစ်လာပါပြီ
2020-09-29 17:22|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ တတိယဆယ်ရက်ပိုင်းမှ နိုဝင်ဘာလ ပထမဆယ်ရက်ပိုင်းအထိ ယူနန်ပြည်နယ် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်ခွဲ ရှန်ဂရီလာမြို့ရှိ မြေပြန့်အရပ်နှင့် ပေါင်းထ၍စိုထိုင်းသောမြေနိမ့်အရပ် များသည် တစ်နှစ်ထဲမှ အရွှန်းတင့်တောက်ပဆုံးသော အချိန်ကာလကို ကြိုဆိုလာ လျက်ရှိသည်၊ Stellera chamaejasme Linn များသည် မီးကဲ့သို့ ရွှန်းတင့်ကာ ဆောင်းချဉ်းရာသီကို အနီးရောင်တင် လျက်ရှိသည်။
ဆောင်းချဉ်းရာသီတွင် ညှိုးလျော်တော့မည့် Stellera chamaejasme Linn များ၏ တစ်ကိုယ်လုံးသည် ဝါဖျော့ဖျော့မှ အနီရင့်သို့ တဖြည်းဖြည်း ပြောင်းလဲသွား၍ အဝေးမှ ကြည့်လျှင် သဘာဝကော်ဇောနီနှင့် တူကာ အနီရောင်ဖြစ်သော ပန်းများသည် ခရီးသည်များအား ဓာတ်ပုံရိုက်ရန် ဆွဲဆောင်ပါသည်။
Stellera chamaejasme Linn များသည် ဟော်ချိုင်ပန်းဟုလည်း ခေါ်၍ နှစ်ရှည်ပင်ပျော့ပင် ဖြစ်ပါသည်၊ အမြစ်သည် အဆိပ်ပါပြီး တရုတ်ရိုးရာတိုင်းရင်းဆေးအဖြစ် သုံးပြုနိုင်၍ သလိပ်ပျော်ခြင်းနှင့် နာကျင်သက်သာခြင်း စသည့် အကျိုးသက်ရောက်မှုများကို ရှိပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့