၂၀၂၀ ခုနှစ် ကူမင်း နိုင်ငံတကာ ကျောက်ပြပွဲ ရုပ်သိမ်း၍ လူအယောက် ၁၁ သောင်းခန့်သည် ကြည့်ရှုလာခဲ့

2020-09-27 16:09|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) စက်တင်ဘာလ ၂၂ ရက်နေ့တွင် ၂၀၂၀ ခုနှစ် ကူမင်း နိုင်ငံတကာ ကျောက်ပြပွဲသည် ကူမင်းနိုင်ငံတကာပြသရေးစင်တာ၌ ရုပ်သိမ်းခဲ့ပါသည်။ ဤကျောက်ပြပွဲကို လုပ်ငန်းကုမ္ပဏီ အခု ၁၅၀၀ ခန့်သည် ပါဝင်၍ လူအယောက် ၁၁ သောင်းခန့်အား ကြည့်ရှုလာရန် ဆွဲဆောင်ပြီး ပြပွဲတွင် အရောင်းအဝယ် များများပြုခဲ့ပါသည်။

 1

2

ဤအကြိမ်ကျောက်ပြပွဲသည် “ကျောက်ယဉ်ကျေးမှု တိုးပွားအောင် ဆောင်ရွက်ခြင်း၊ ကျောက်လုပ်ငန်း စည်ပင်ဖွံ့ဖြိုးတိုးတက်စေခြင်း” ရည်မှန်းချက်အဖြစ် “ကျောက်စိမ်း ယူနန်မှ ထွက်ခြင်း၊ ကျောက်လာသောကြောင့် ကံကောင်းလာခြင်း” ခေါင်းစဉ်အဖြစ် ဆင်းသက်ခြင်း၊ စုစည်းပေါင်းစပ်ခြင်း၊ အဆန်းထွင်ခြင်းတို့အားဖြင့် တရုတ်နိုင်ငံ ရှေးဟောင်းအနုပညာ၏ အသက်ဝင်လှုပ်ရှားခြင်း၊ အမျိုးသား ကျောက်မျက်ရတနာ ယဉ်ကျေးမှု၏ ညှို့နိုင်စွမ်းနှင့် ခေတ်မီ အမျိုးမျိုးအဖုံဖုံရှိသည့် ခေတ်စားမှု ရေစီးကြောင်းတို့ကို ပြသ၍ တရုတ် ရိုးရာသော ကျောက်ယဉ်ကျေးမှု၏ အလှကို ဘက်စုံထုတ်ယူဆင်ခြင်၍ လုပ်ငန်း၏ သစ်လွင်သော ခေတ်စားမှုကို လည်တဆန့်ဆန့် ဆောင်ရွက်ခဲ့ပါသည်။ 

3

4

 ပြပွဲကျင်းပရာတွင် ဦးစီးကျင်းပသူသည် အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့ ကျောက်မျက်ရတနာ နှင့်ပတ်သက်ပြီး အပြန်အလှန် စကားပြောဆိုခြင်း၊ ကျောက်နှင့် လက်ဖက်ခြောက် အပြန်အလှန် စကားပြောဆိုခြင်း၊ ယူနန်တိုင်းရင်းသား ရိုးရာအဆင်တန်ဆာနှင့် ဥရောပရှေးဟောင်းရတနာ အပြန်အလှန် စကားပြောဆိုခြင်း၊ ဟိုင်လင်ဒီဇိုင်းဆွဲအနုပညာဖိုရမ်၊ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းတို့ အဝတ်တန်ဆာများ ဒီဇိုင်းဆွဲခြင်း အဆန်းထွင်မှု ပူးပေါင်းပြသခြင်း စသည့် လှုပ်ရှားမှု အခု ၄၀ ကျော်ကို စီစဉ်ကျင်းပခဲ့၍ ပရိသတ်များအတွက် အကြားအမြင် ကောင်းမွန်သော ပြပွဲ တစ်ကြိမ်ကြိမ်ကို တင်ပြခဲ့ပါသည်။

5

ထို့ပြင်၊ ဖွဲ့စည်းရေးကော်မတီသည်လည်း ဝယ်သူများ တိကျမှန်ကန်စွာ ဖိတ်ကြားခြင်း၊ VIP ဝန်ဆောင်မှုပေးခြင်း စသည့် နည်းလမ်းများနှင့် အရောင်းအဝယ်ပြုရန် အောင်သွယ်ပေး ခဲ့ပါသည်။ လုပ်ငန်းထဲမှ ပိုအောင်မြင်သည့်သူများ၊ နာမည်ကျော်သည့် စုဆောင်းသိုမှီးသူများ၊ ပါရကူနှင့် ပညာရှင်များ၊ ပြည်တွင်းပြည်ပ နာမည်ကျော်သည့် လုပ်ငန်းရှင်များ၊ ငွေရေးကြေးရေးတတ်ကျွမ်းသူများ၊ ယဉ်ကျေးမှုအနုပညာနှင့် ကုန်သွယ်ရေးလုပ်ငန်းတို့မှ လူတော်လူကောင်းများ၊ ခေတ်မီသူများ စသည့် အရည်အသွေးကောင်းမွန်သော ဧည့်သည်တွေ အယောက် ၈ ထောင်ကျော်အား ပြပွဲထဲမှ လှုပ်ရှားမှု အခုခုကို ပါဝင်လာရန် ဖိတ်ခေါ်၍ တစ်ကြိမ် တစ်ယောက်သာအတွက် ဝန်ဆောင်ပေးမှုကို ဆောင်ရွက်ပြီး ဧည့်သည်များ၊ ဝယ်လူများနှင့် ကုန်သည်များတို့ အကြားမှ ဆွေးနွေးဖလှယ်ခြင်းကို တိုးမြှင့်ပြီး နှစ်ဦးနှစ်ဘက်တို့သည် ထောက်ပံ့မှုနှင့် လိုအပ်မှုတို့ နှင့်ပတ်သက်သည့် သတင်းများ၏ စုံတွဲဖြစ်အောင် ထိရောက်စွာ တွဲပေးစေရန် တွန်းအားပေး ခဲ့ပါသည်။

 6

7

၂၀၂၁ခုနှစ် ကူမင်းနိုင်ငံတကာကျောက်ပြပွဲကို ၂၀၂၁ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပ၍ အကြောင်းအရာ၊ ပုံစံများကို ကျယ်ပြန့်မှု၊ လေးနက်မှုနှင့် ဆက်သွယ်မှုတို့မှ ဘက်စုံအတန်းတက်၍ ကျောက်မျက်ရတနာ ဒီဇိုင်းဆွဲခြင်း၊ ကျောက်ရှုစားခြင်း ယဉ်ကျေးမှု၊ ခေတ်မီဒီဇိုင်းဆွဲခြင်း၊ အမျိုးသားယဉ်ကျေးမှုတို့ကို အခြေခံပြုပြီး နယ်ပယ်အသီးသီးတွင် အပြန်အလှန်ဖလှယ်ပြီး ပါဝင်လာသည့် ဧည့်သည်များအတွက် အားလုံးသစ်လွင်သော ကြီးကျယ်ခမ်းနားသော ကျောက်မျက်ရတနာပြပွဲ တစ်ကြိမ်ကို ကျင်းပမည်။

 

昆明信息港讯 记者甘凌菲 9月22日,2020昆明国际石博览会在昆明国际会展中心落幕。本届石博会参展商约1500家,吸引了近11万人次观众到场参观,现场交易活跃。

本届石博会以“弘扬石文化·繁荣石产业”为宗旨,以“玉出云南、石来运转”为主题,通过传承、融汇、创新,展现东方古典艺术神韵、民族珠宝文化魅力和现代多元时尚潮流,全方位演绎中华传统石文化之美,引领行业新风尚。

展会期间,主办方组织开展了宝石东西方对话、石与茶的对话、云南少数民族传统首饰对话欧洲古董珠宝、海玲设计艺术论坛、云南高校首饰设计创意联展等40余场系列精彩活动,为现场观众带来一场又一场的视听盛宴。

同时,组委会还采取精准邀约买家和提供VIP服务等办法撮合交易。邀请到行业大咖、著名收藏家、专家学者、国内外知名企业家、金融家、文化艺术和商届精英、时尚人士等8000多名高品质客户群体,参加展会各项活动,实行一对一服务,加强嘉宾、买家与参展商的交流沟通,促进双方供求信息的有效配对。

据悉,2021年昆明国际石博览会将于7月8日—12日举办,从广度、深度和维度上对内容、模式进行全面升级,以珠宝设计,赏石文化,时尚设计,民族文化为基础,跨界互动,力图为参展嘉宾带来一场全新的珠宝盛宴。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်