ကူမင်းမြေအောက်ရထားလမ်း အမှတ် ၄၊ အမှတ် ၆ ဒုတိယလုပ်ငန်းရပ်သည် စမ်းသပ်လမ်းပေါက်
2020-09-27 14:33|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) စက်တင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းတွင် ကူမင်းမြေအောက်ရထားလမ်း အမှတ် ၄၊ အမှတ် ၆ ဒုတိယလုပ်ငန်းရပ်သည် တရားဝင် စမ်းသပ်လမ်းပေါက် ခဲ့ပါသည်။ ဤရထားလမ်းများ လမ်းပေါက်ခြင်းမှာ ကူမင်းမြို့၏ မြေအောက်ရထားလမ်း လမ်းပေါက်သည့် ခရီးတာသည် ၅၀.၇ ကီလိုမီတာ တိုးပွားစေပြီး စုစုပေါင်း ၁၃၉.၄ ကီလိုမီတာအထိ ရောက်စေ၍ အဓိကမြို့တွင်းရပ်ကွက်နှင့် လေဆိပ်၊ အဓိကမြို့တွင်းရပ်ကွက်နှင့် မြန်နှုန်းမြင့်ရထားဘူတာရုံ၊ အဓိကမြို့တွင်းရပ်ကွက်နှင့် ကားမှတ်တိုင် ၄ ခုနှင့် ချိတ်ဆက်သည့် မီးရထား လမ်းပန်းဆက်သွယ်ရေး အဓိကသွေးလွှတ်ကြော ဖြစ်လာစေခဲ့ပါသည်။ ကူမင်းမြို့ မီးရထား လမ်းပန်းဆက်သွယ်ရေးသည် “ကွန်ရက်”ဆိုင်ရာ လည်ပတ်ခေတ်သို့ ဝင်ရောက်ရန် အမှတ်ပြုထားပါသည်။
ကူမင်းမြေအောက်ရထားလမ်း အမှတ် ၄ သည် ကူမင်းအဓိကမြို့တွင်းရပ်ကွက်၏ အနောက်မြောက်ပိုင်းမှ ကျင်းချွမ်းလမ်းဘူတာရုံ မှအစ၊ ချမ်ကုမ်မြို့သစ်မှ ကူမင်းတောင်ပိုင်းဘူတာရုံ သို့အထိ၊ ဝူဟွာ၊ အဆင့်မြင့်သိပံ္ပနည်းပညာဇုန်နယ်၊ ဖန်လုံ၊ ကွမ်းတု၊ စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန်နယ်၊ ချမ်ကုမ် ဖြစ်သည့် အုပ်ချုပ်ရေးဒေသအပိုင်းအခြား ၆ ခုကို ဖြတ်ကျော်၍ စုစုပေါင်း ၄၃.၄ ကီလိုမီတာ ရှည်ပြီး ဘူတာရုံ ၂၉ ခုကို တည်ဆောင်ပါသည်။ မြေအောက်ရထား သွားလာခုတ်မောင်းချိန်သည် ၆း၂၀-၂၂း၄၅ ဖြစ်၍ ၎င်းအနက် ကျင်းချွမ်းလမ်းဘူတာရုံမှ ကူမင်းတောင်ပိုင်းဘူတာရုံသို့ သွားလျှင် ၆း၂၀-၂၂း၂၀ ဖြစ်ပြီး ကူမင်းတောင်ပိုင်းဘူတာရုံမှ ကျင်းချွမ်းလမ်းဘူတာရုံသို့ သွားလျှင် ၆း၂၀-၂၂း၄၅ ဖြစ်ပါသည်။
မြေအောက်ရထားလမ်း အမှတ် ၄ ၏ လမ်းပေါက်ခြင်းသည် အဓိကမြို့တွင်းရပ်ကွက် အနောက်မြောက်ဒေသနှင့် အဓိကမီးရထားကွန်ရက်တို့ အကြားမှ ခရီးသည်စီးဆင်းမှု လဲလှယ်စေရန် ထိရောက်စွာ တွန်းအားပေးမည်၊ အမှတ် ၁၊ အမှတ် ၂ တို့၏ ပထမလုပ်ငန်းရပ်၊ အမှတ် ၃၊ အမှတ် ၆ လမ်းပေါက်ပြီးနောက် လမ်းပေါက်သည့် အရေးကြီးသော မီးရထားလမ်း တစ်လိုင်း ဖြစ်ပါသည်၊ အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၅ (တည်ဆောက်နေ)၊ အမှတ် ၆ တို့နှင့် ပြောင်းစီး၍ ချမ်ကုမ်မြို့သစ်နှင့် ကူမင်းအဓိကမြို့တွင်းရပ်ကွက်တို့ အကြားမှ ဆက်သွယ်မှုများကို ထိရောက်စွာ တိုးမြှင့်စေ၍ ချမ်ကုမ်မြို့သစ်၏ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးပြီး ချမ်ကုမ်ရပ်ကွက်၏ ဖွံ့ဖြိုးတိုးတက်နိုင်စွမ်း တိုးမြှင့်စေသည့်အတွက် အပြုသဘောဖြင့် စွမ်းဆောင်မည်။ ထို့ပြင်၊ အမှတ် ၄ သည် ကူမင်းတောင်ဘူတာရုံနှင့် ကူမင်းအဓိကမြို့တွင်းရပ်ကွက်တို့ကို ထိရောက်စွာ ဆက်သွယ်မည်၍ ကူမင်းတောင်ဘူတာရုံ၏ လမ်းပန်းဆက်သွယ်ရေး အချက်အချာနှင့် အဓိကမြို့တွင်းရပ်ကွက် ခရီးသည်စီးဆင်းမှု ဖလှယ်ရေးတို့ ဖြစ်သည့် စွမ်းဆောင်နိုင်မှုများကို ထုတ်ဖော်သည့်အတွက် အရေးကြီးသော တွန်းဆော်သည့် အကျိုးသက်ရောက်မှု ရှိပါသည်။
ကူမင်းမြေအောက်ရထားလမ်း အမှတ် ၆ သည် ကူမင်းအဓိကမြို့တွင်းရပ်ကွက်နှင့် ချမ်ဆွေအပြည်ပြည်ဆိုင်ရာလေဆိပ် ဆက်သွယ်သည့် အဓိကလမ်းကြောင်း ဖြစ်၍ အဓိကမြို့တွင်းရပ်ကွက်နှင့် ချမ်ဆွေလေဆိပ်တို့ အကြားမှ ပို့ဆောင်ရေးကို အဓိက တာဝန်ခံပါသည်။ ပထမလုပ်ငန်းရပ်သည် ၂၀၁၂ခုနှစ် ဇွန်လတွင် လမ်းပေါက်ခဲ့ပါပြီ။ ဒုတိယလုပ်ငန်းရပ်သည် တွန်းဖုံးကွင်းပြင် တန်ဇီရှန်မှစ၍ ၂၀၁၅ခုနှစ်မှ တရားဝင် စတင်တည်ဆောက်ပြီး စုစုပေါင်း ၇.၂၈ ကီလိုမီတာ ရှည်ပြီး တန်ဇီရှန်၊ ချကျေး၊ တွန်းကျောင်းလမ်း၊ ကျူဟွာ ဘူတာရုံ ၄ ခုကို စီစဉ်၍ ပထမလုပ်ငန်းရပ်နှင့် ဆက်သွယ်ပြီး မြို့သူမြို့သားများ၊ ခရီးသည်များသည် ခရီးထွက်သည့်အချိန် လွယ်ကူလျင်မြန်စွာ ပြောင်းစီးစေနိုင်ပါသည်။ ဒုတိယလုပ်ငန်းရပ်သည် စမ်းသပ်လမ်းပေါက် ပြီးနောက် မြေအောက်ရထားလမ်း အမှတ် ၆ ၏ လည်ပတ်ချိန်ကို ၆း၂၀-၂၃း၀၀ သို့ ပြန်လည်ပြင်ဆင်၍ ၎င်းအနက် ထန်ဇီရှန်ဘူတာရုံမှ လေဆိပ်သို့ သွားလျှင် ၆း၂၀-၂၂း၅၅ ဖြစ်ပြီး လေဆိပ်မှ ထန်ဇီရှန်ဘူတာရုံသို့ သွားလျှင် ၆း၂၀-၂၃း၀၀ ဖြစ်၍ ရထားအမှတ်စဉ် ၂ ကြိမ်အကြား ၁၀ မိနစ် ကွာဝေးပါသည်။ ခရီးစဉ်တစ်ခုလုံး၏ အချိန်သည် ၂၉ မိနစ် ဖြစ်ပါသည်။
ကူမင်းအဓိကမြို့တွင်းရပ်ကွက်နှင့် လေဆိပ်တို့ ချိတ်ဆက်သည့် အဓိကလမ်းကြောင်း အဖြစ် မြေအောက်ရထား အမှတ် ၆ ဒုတိယလုပ်ငန်းရပ်သည် စမ်းစပ်လမ်းပေါက်ပြီးနောက် ကူမင်းအဓိကမြို့တွင်းရပ်ကွက်၏ အချက်အချာဒေသနှင့် ချမ်ဆွေအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ တိုက်ရိုက်ချိတ်ဆက်၍ အဓိကမြို့တွင်းရပ်ကွက် ဒေသအသီးသီးမှ လေဆိပ်သို့ သွားလာသည့် လွယ်ကူမှုကို များများ တိုးမြှင့်ပြီး လေဆိပ်နှင့် အဓိကမြို့တွင်းရပ်ကွက်တတို့၏ ခရီးသည်ပို့ဆောင်ရေး လိုအပ်ချက်ကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်ပေးနိုင်မည်။ ထို့ပြင်၊ မြေအောက်ရထား အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄ တို့နှင့် ပြောင်းစီး၍ မြို့ပြ ရထားလမ်းပန်းဆက်သွယ်ရေး၏ ပို့ဆောင်ရေး အရေအတွက် ကြီးမားသော၊ အချိန်မှန်မှန်သော၊ လွယ်ကူလျင်မြန်သော အားသာချက်များကို အပြည့်အဝ ထုတ်ဖော်၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အတွက် အားကောင်းသော ထောက်ခံချက်နှင့် ရှေ့ဆောင်ညွှန်ပြခြင်း အကျိုးသက်ရောက်မှုများကို ရှိပါသည်။
昆明信息港讯 记者甘凌菲 9月23日上午,昆明轨道交通4号线、6号线二期正式开通载客试运营。两条新线开通新增运营里程50.7公里,使昆明市的地铁运营里程达到139.4公里,形成连接主城与机场、主城与高铁站、主城与四大客运站换乘的轨道交通大动脉。标志着昆明轨道交通进入"网络化"运营时代。
昆明地铁4号线起于昆明主城区西北部金川路站,止于呈贡新城昆明南火车站,途径五华、高新、盘龙、官渡、经开、呈贡6个行政区,线路全长43.4公里,共设车站29座。运营时间从6:20—22:45,其中,金川路站往昆明南火车站方向为6:20—22:20,昆明南火车站往金川路站方向为6:20—22:45。
地铁4号线的开通将有效促进主城西北片区与轨道交通骨干网的客流交换,是继1、2号线首期、3号线、6号线运营后一条重要的轨道交通线路,分别与1、2、3、5(在建)、6 号线换乘,有效增强呈贡新区与昆明主城区之间的联系,对促进呈贡新区产业发展,提高呈贡区发展活力起到积极作用。此外,4号线将有效连接昆明火车南站与昆明主城,对发挥昆明火车南站交通枢纽与主城客流交换功能起着重要的促进作用。
昆明地铁6号线是昆明主城区与长水国际机场的骨干线,主要承担昆明主城与长水机场之间的运输。一期工程已于2012年6月开通。6号线二期工程起于东风广场塘子巷,2015年正式开工建设,全长7.28公里,设置有塘子巷站、岔街站、东郊路站、菊华站4站4区间,与6号线一期工程相连,极大方便了市民旅客的出行换乘需求。6号线二期开通初期运营后,6号线运营时间调整为6:20-23:00,其中,塘子巷站往机场中心站方向为6:20—22:55,机场中心站往塘子巷方向为:6:20—23:00,行车间隔10分钟。全程时间为29分钟。
作为连接昆明主城和航空港的骨干线,6号线二期开通初期运营后,直接连通了昆明主城核心区和长水国际机场,将大幅提升主城各区域往来机场的便捷度,更好的服务于航空港与主城的客运需求。同时,与地铁2、3、4号线换乘,充分发挥城市轨道交通大运量、准时、便捷的优势,对城市发展起到强力支撑和引导作用。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့