တာ့လီမြု့ စာရှီရှေးဟောင်းမြို့နယ်၌ ဆူညံသံ မရှိ၍ ကြည့်ရှုလည်ပတ်ရန် သွားရကျိုးနပ်
2020-09-18 17:48|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) စာရှီရှေးဟောင်းမြို့နယ်သည် ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ခွဲ ကျင့်ချွမ်ခရိုင်၏ အရှေ့တောင်ပိုင်းတွင် တည်ရှိနေ၍ အရှေ့တောင်ဘက်တွင် အယ်ယွမ်ခရိုင်နှင့် ဆက်စပ်ပြီး အနောက်မြောက်ပိုင်းတွင် ကျင့်ချွမ်ခရိုင်မှ မီစာမြို့နယ်၊ ရမ်စိမ်မြို့နယ်၊ တင်နန်မြို့နယ်တို့နှင့် ဆက်စပ်နေပါသည်။
၂၀၀၂ ခုနှစ်တွင် စာရှီရှေးဟောင်းမြို့နယ်သည် အာရုံစိုက်ရ ကျိုးနပ်သည့် ကမ္ဘာ့ အထိမ်းအမှတ်ပြု အဆောက်အအုံ အမွေအနှစ် ၁၀၁ ခု စာရင်းထဲသို့ ထည့်သွင်းပေးခဲ့၍ ၎င်း၏ ရှိရင်းစွဲအတိုင်း ပြန်ဖြစ်လာခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ၂၀၀၃ခုနှစ်မှ ၂၀၁၀ခုနှစ်အတွင်း စာရှီရှေးဟောင်းမြို့နယ်သည် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများ၏ မွမ်းမံပြင်ဆင်ခြင်းမူဝါဒနှင့် ရှေးဟောင်းအဆောက်အအုံများ၏ မွမ်းမံပြင်ဆင်ခြင်း နည်းပညာစံကို တင်းကျပ်စွာ လိုက်နာ၍ ရှေးဟောင်းမြို့နယ်၏ အရှေ့တံခါး၊ တောင်တံခါးနှင့် စိဖန်းကုန်ဈေးတန်းများ အတွက် မွမ်းမံပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းတို့ကို ဆောင်ရွက်ပြီးသားပြီးမြောက် ဖြစ်၍ မူရင်းအသွင်အပြင်ကို တတ်နိုင်သမျှ ထိန်းသိမ်းပါသည်။
၂၀၁၉ခုနှစ်တွင် စာရှီရှေးဟောင်းမြို့နယ်သည် ပြည်တွင်းပြည်ပ ခရီးသည် စုစုပေါင်း အယောက် ၁၂၇.၅၇ သောင်း ဧည့်ခံ၍ ခရီးသွားလုပ်ငန်း၏ စုစုပေါင်းဝင်ငွေ ၂၁၀၇ သန်း ရရှိပြီး လွန်ခဲ့သည့်နှစ်ထက် ၁၈.၈၁ ရာခိုင်နှုန်း တိုးမြှင့်လာပါသည်။ လက်ရှိအချိန်တွင် စာရှီ၏ ရှေးဟောင်းခြင်းနှင့် ငြိမ်းချမ်းတည်ငြိမ်မှုများသည် ပိုမိုများပြားသော ခရီးသည်များကို လာရောက်လည်ပတ်ရန် ဆွဲဆောင်နေပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
291.16MMK
1 ယွမ်=291.16 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့