ပိုင်လူမျိုး၏ အရောင်တင်လက်မှုအတတ်ပညာသည် ဇာတိရပ်ရွာ လွမ်းဆွတ်တမ်းတစိတ်ကို ဖော်ပြထား
2020-08-21 14:37|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ပိုင်တိုင်းရင်းသားလူမျိုးစု၏ အရောင်တင်လက်မှုအတတ်ပညာသည် အဖြူရောင်အထည်အလိပ်များကို ချုပ်စပ်၍ ဆေးထိုးခြင်း ဖြစ်ပါသည်၊ ၎င်း၏ပန်းပြောက် လှပချင်လျှင် ကောင်းမွန်စွာ ချုပ်စပ်ရ၊ အရောင် လှပချင်လျှင် ကောင်းမွန်စွာ ဆေးထိုးရပါသည်။ လွန်ခဲ့သောအနှစ် ၂၀၀၀ ကျော်တွင် ညဏ်ကောင်းသော၊ ကြိုးစားအားထုတ်စိုက်မှုရှိသော ပိုင်တိုင်းရင်းသားလူမျိုးစုသည် တာ့လီချောင်းတောင်၌ ကြီးထွားခဲ့သော ရက်ဒစ်အက်ဆာတစ်ဒစ်စ်အမြစ်နှင့် Artemisia argyi Levl. et Van စသည့်သဘာဝ ရုက္ခပင်များကို အပြာရောင်၊ အစိမ်းရောင်၊ အပန်းရောင်နှင့် အနီရောင်စသည့် အရောင်အမျိုးမျိုး သဘာဝဆိုးဆေးများအဖြစ် ပြောင်းလုပ်ခဲ့ကြပါသည်။
လိပ်ခြင်း၊ ညှစ်ခြင်း၊ ခေါက်ခြင်း နှင့် ညှပ်ခြင်းစသည့် ကွဲပြားခြားနားသော ချုပ်စပ်ခြင်းနည်းလမ်းဖြင့် ချုပ်စပ်လျှင် မတူသောဒီဇိုင်းပုံစံများကို ဖြစ်နိုင်ပါသည်။ အဖြူရောင်အထည်သည် ပန်းဒီဇိုင်းပုံစံအတိုင်း ချုပ်စပ်ထားပြီး အစည်းအလိပ်ကို ဖြစ်၍ ရေအေး ဒါမှမဟုတ် ရေနွေးထဲသို့ ထည့်သွင်းပြီး အရည်ချွတ်စေသည်။ မည်မျှအရောင် လိုချင်လျှင် စပ်ပေးထားသောဆိုးဆေးအိုးထဲသို့ ထည့်၍ စိမ်ပြီး အရောင်တင်သည်။ မိနစ်အနည်းငယ် ရေစိမ်ပြီးနောက် အိုးမှ ထုတ်ယူသောအထည်သည် အေက်ဆီဂျင်ဓာတ်နှင့် ဒြပ်ပေါင်းတတ်ပါသည်။ သန့်ရှင်းသောရေဖြင့် ဆေးပြီး ရေလျော့ပြီး ပတ်ထားသောခြည်ကို ချုပ်ကြိုးဖြေပြီးနောက် အပြာရောင်၊ အစိမ်းရောင်၊ အပန်းရောင်နောက်ခံအဖြစ် အဖြူရောင်ပန်းဒီဇိုင်းပုံစံသည် မူရင်းအဖြူရောင် ချည်ထည်ပေါ်တွင် ပေါ်လာနိုင်ပါ၏။ စိတ်ဓာတ်ဟောင်းသဘောထားဟောင်းကို ထိထိရောက်ရောက်ပြုပြင်ပြောင်းလဲပစ်သကဲ့သို့ ဖြစ်ပါသည်။
တမူထူးခြားသော အရောင်တင် လက်မှုအတတ်ပညာထဲ၌ လက်မှုအနုပညာသည်တို့၏ လက်ရာမြောက်မှုကို အားသွန်ထား၍ ပိုင်တိုင်းရင်းသားလူမျိုးများ၏ ဇာတိရပ်ရွာ လွမ်းဆွတ်တမ်းတစိတ်ကို ဆက်တိုင်ဖြစ်စေထားပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့