အပူပိုင်းမိုးသစ်တောကို ဖြတ်ကျော်ပြီး ဆစ်ဆောင်ပန်းနား၏ သဘာဝအခြေအနေကို ခံစား

2020-08-21 14:35|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ခင်ခင်) လန်ချာမြစ်ကမ်း၌ ဆစ်ဆောင်ပန်းနားဟု ခေါ်သည့် အိပ်မက်လျှို့ဝှက်နက်နဲသော နေရာတစ်ကွက် တည်ရှိနေပါသည်။ ဤနေရာ၌ ထူထပ်သော တိုင်လူမျိုး၏ ရိုးရာဓလေ့ထုံးစံနှင့် သဘာဝအခြေအနေကို တွေ့ရှိနိုင်၍ သဘာဝသုခဘုံတစ်ခု ဖြစ်သည် ဆိုနိုင်ပါသည်။

တရုတ်သိပ္ပံပညာတံခွန်အသင်း ဆစ်ဆောင်ပန်းနား အပူပိုင်းရုက္ခပင်ဥယျာဉ်ထဲတွင် အသက်ရှင်သော ရုက္ခပင်အမျိုး ၁ သောင်းကျော်ကို စုစည်းထား၍ တရုတ်နိုင်ငံ၌ ဧရိယာအကျယ်အဝန်းအကြီးဆုံးသော၊ စုစည်းသည့်ရုက္ခပင်မျိုး အကြွယ်ဝဆုံးသော၊ သီးခြားသော ရုက္ခပင်မျိုးခြံ အများဆုံးသော ရုက္ခပင်ဥယျာဉ် ဖြစ်ပါသည်။ ကျင်ဟုန်ကောက်ကျွမ်းဆစ်ဆောင်ကျင် (တိုင်ဘာသာစကားဖြစ်ပြီး ဟန်ဘာသာစကားထဲမှ အနက်အဓိပ္ပာယ်သည် ဘုရားစေတီ ၉ ဆူ၊ ရွာ ၁၂ ရွာ ဖြစ်ပါသည်)သည် ရိုးရာပြီး ရှေးဟောင်းဆန်၍ ရိုးရိုးသန့်သန့်ရှိသည့် တိုင်လူမျိုး၏ အဆောက်အအုံပုံစံကို မူလရှိရင်းစွဲအတိုင်း ပြန်၍ဖြစ်လာစေကာ တိုင်ရွာ၏ နေထိုင်မှုဘဝအခြေအနေကိုလည်း မူလရှိရင်းစွဲအတိုင်း ပြန်၍ဖြစ်ပေါ်ပြသပါသည်။ တောရိုင်းအာရှဆင်များသည် တောရိုင်းဆင်ချိုင့်ဝှမ်းထဲ၌ တဖြည်းဖြည်းတစစ ပွားများလာကြပါသည်။ သဘာဝသစ်တောရိုင်းဥယျာဉ်ထဲ၌ ကောင်းစွာ ထိန်းသိမ်းထားသော အပူပိုင်းချိုင့်ဝှမ်းမှ မိုးသစ်တောရှုခင်းသည် လူသားများကို စိတ်ကြည်နူးဆွတ်မောစေပါသည်။ တိုင်လူမျိုးခြံထဲ၌ တိုင်လူမျိုး၏ ထူးခြားသောသမိုင်းယဉ်ကျေးမှုနှင့် နေထိုင်မှုဓလေ့များကို စုပေါင်းပြသပါသည်။ မိန့်ကျင်လိုင်ရွာ၌ ကျေးလက်တောရွာရှုခင်း သာယာလှပပြီး ရွာရိုးသန့်သိမ်မွေ့၍ တိုင်လူမျိုးသည် ဖော်ရွေပျူငှါကြပါသည်။

ဤချမ်းသာကြွယ်ဝသော ဆစ်ဆောင်ပန်းနားမှ အရာအားလုံးသည် လူသားများကို ဆွဲဆောင်ပြီး မျှော်မှန်းတမ်းတစေပါသည်။ ဆစ်ဆောင်ပန်းနားထဲသို့ ဝင်ရောက်၍ တိုင်းရင်းသားလူမျိုး၏ ဓလေ့နှင့်နေထိုင်မှုကို ခံစားကာ ဤအံ့ဖွယ်ကောင်းသော ဒေသနေရာကို ချစ်လွမ့်ပါမည်။ ဤအံ့ဖွယ်ကောင်းသော ဒေသနေရာကို ဝင်ရောက်၍ အပူပိုင်းမိုးသစ်တောကို ဖြတ်ကျော်ပြီး သဘာဝ၏လျှို့ဝှက်နက်နဲချက်များကို ရှာဖွေတွေ့ရှိကြရအောင်။

澜沧江畔,有一片梦幻秘境——西双版纳。这里散发着浓郁的傣族风情,这里是属于自然的乐园。

中国科学院西双版纳热带植物园收集活植物一万余种,是我国面积最大、收集物种最丰富、植物专类园区最多的植物园;景洪告庄西双景“九塔十二寨”还原了传统古朴的傣寨建筑风格,重现了傣寨生活风貌;野生亚洲象在野象谷里繁衍生息;原始森林公园中保存完好的热带沟谷雨林景观引人入胜;傣族园集中展示了傣族独特的历史文化、生活习俗;勐景来田园风光真实自然,村寨古朴典雅,傣家人热情好客……

在西双版纳这片富饶的土地上,一切都令人向往。走进西双版纳,融于民族风情,我们会爱上这片神奇的热土!让我们一起走进这片秘境,穿越热带雨林,探寻自然的奥秘!(作者刘云)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်