ယူနန်ပြည်နယ် လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း ရင်းနှီးမြှုပ်နှံသူဖိတ်ဖေါ်ခြင်း အစည်းအဝေးကို ကျင်းပခဲ့

2020-08-20 16:24|ရောင်စုံတိမ်တံတား

623444

(ရောင်စုံတိမ်တံတား၊ ခင်ခင်) သြဂုတ်လ ၁၈ ရက်နေ့တွင် တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း ရင်းနှီးမြှုပ်နှံသူ ဖိတ်ခေါ်ခြင်း အစည်းအဝေးကို ကျင်းပခဲ့၍ စုစုပေါင်းရင်းနှီးငွေ အယွမ် ၂၆.၉ ဘီလျံ ရှိသည့် စီမံကိန်း ၅၇ ခုကို စုပေါင်းပြီး လက်မှတ်ရေးထိုး ခဲ့ပါသည်၊ ကူမင်းဧရိယာအပိုင်း၏ နောက်ဆုံး ရေးဆွဲချမှတ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လုပ်ငန်းများကို အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်စေသည့် မူဝါဒများကို အပြင်သို့ ထုတ်ပြန်ခဲ့၍ ရင်းနှီးမြှုပ်နှံသူ ဖိတ်ခေါ်ခြင်းနှင့် ရင်းနှီးငွေသွင်းယူခြင်း တို့၏ စွမ်းရည်ကို ပိုမိုမြှင့်တင်ပြီး ဧရိယာအပိုင်း၏ နာမည်ကျော်ကြားမှု၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် သြဇာလွှမ်းမိုးမှုများကို အဆက်မပြတ် မြှင့်တင်အောင် ဆောင်ရွက်ပါသည်။

623451

ဤစည်းဝေးပွဲတွင် ယူနန်ပြည်နယ် လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်း စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဇုန်နယ်) စီမံခန့်ခွဲမှုကော်မတီသည် ရှင်ရှီဝမ့်၊ အာလီဘာဘာနှင့် ဟွာဝေစသည့် ကုမ္ပဏီများနှင့် စုစုပေါင်းရင်းနှီးငွေ အယွမ် ၂၆.၉ ဘီလျံ ရှိသည့် စီမံကိန်း ၅၇ ခု၏ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများအနက် ပစ္စည်းကိရိယာထုတ်လုပ်ရေး စီမံကိန်း ၁၀ ခု၊ ဌာနချုပ်စီးပွားရေး စီမံကိန်း ၇ ခု၊ ဒီဂျီတယ်စီးပွားရေး စီမံကိန်း၂ ခု၊ သွင်းကုန်ပို့ကုန် ကုန်သွယ်ရေး စီမံကိန်း ၅ ခု၊ ဇီဝဆေးပညာ စီမံကိန်း ၈ ခု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ဝန်ဆောင်မှုစီမံကိန်း ၂ ခု၊ အာလီဘာဘာ ဂေဟဗေဒကုမ္ပဏီ စီမံကိန်း ၆ ခု၊ ဟွာဝေ ဂဟေဗေဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကုမ္ပဏီ စီမံကိန်း ၉ ခု၊ မြို့ပြ အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၆ ခုနှင့် ပညာရေးဆိုင်ရာ စီမံကိန်း ၂ခု စသည်တို့ကို ပါဝင်ပါသည်။

623452

အာလီဘာဘာကုမ္ပဏီ၊ ဟွာဝေကုမ္ပဏီနှင့် ရှင်ရှီဝမ့်ကုမ္ပဏီတို့၏ သက်ဆိုင်ရာ တာဝန်ရှိသူများသည် ကုမ္ပဏီကိုယ်စားလှယ်အဖြစ် မိန့်ခွန်းပြောကြားခဲ့ပါသည်၊ တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်း စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဇုန်နယ်) သည် သဘာဝအခြေအနေ ထူးကဲကောင်းမွန်သော တည်နေရာ အားသာချက်များ၊ တန်ဖိုးရှိသည့် ဖွံ့ဖြိုးရေး အခွင့်အလမ်းများနှင့် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု အာကာသ ရှိ၍ စိတ်အား ထက်သန်သော ဝန်ဆောင်မှုနှင့် အလေးအနက်ထားပြီး လက်တွေ့ဆောင်ရွက်သည့် အလုပ်သဘောထားများကို ခံစားခဲ့ပါသည်၊ ကုမ္ပဏီများသည် သူတို့၏ နည်းပညာနှင့် လုပ်ငန်း အားသာချက်များကို အပြည့်အဝ ထုတ်ဖော်ပြီး ကုမ္ပဏီများ၏ အင်အားဖြင့် ကူမင်းဧရိယာအပိုင်းနှင့် လက်တွဲပြီး အလုပ်လုပ်ကိုင်ရန် အတူတကွ ကြိုးစား၍ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းနိုင်သည့် ကောင်းမွန်သော အလားအလာကို အကောင်အထည်ဖော်မည်ဟု ဖော်ပြခဲ့ကြပါသည်။

623476

623444

昆明信息港讯 记者苟廷廷 8月18日,中国(云南)自由贸易试验区昆明片区举行招商大会,集中签约总投资269亿元的57个产业项目,向社会发布片区最新制定的加强招商引资促进产业高质量发展系列政策,进一步加大招商引资力度,不断提升片区知名度、竞争力和影响力。

623451

云南自贸试验区昆明片区(昆明经开区)管委会此次与新希望、阿里巴巴、华为等多家企业,签订了57个总投资269亿元的项目合作协议。合作内容涉及10个装备制造业项目、7个总部经济项目、2个数字经济项目、5个进出口贸易项目、8个生物医药项目、2个金融商贸服务项目、6个阿里巴巴生态企业项目、9个华为生态合作企业项目、6个城市综合开发项目、2个教育类项目。

623452

阿里巴巴集团、华为技术有限公司、新希望集团有关负责人作为企业代表发言,纷纷表示云南自贸区昆明片区(昆明经开区)具有得天独厚的区位优势,在这里看到了宝贵的发展机遇和广阔的合作空间,感受到了热情服务和认真务实的工作态度,企业必将充分发挥各自技术和产业优势,贡献企业的力量,与片区一道携手、共同努力,实现互利共赢的美好前景。

623476

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်