ကူမင်းမြို့သည် တစ်ပြည်နယ်လုံး၌ ကုန်သွယ်ရေးစမ်းသပ်ဇုန်ကူမင်းဧရိယာအပိုင်း စာရင်းအင်းစုံစမ်းခြင်းစနစ်ကို ရေးဆွဲချမှတ်
2020-08-20 16:43|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကူမင်းမြို့သည် ယူနန်တစ်ပြည်နယ်လုံး၌ တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း စာရင်းအင်းစုံစမ်းခြင်းစနစ်နှင့် စာရင်းအင်းလုပ်ငန်း လုပ်ကိုင်ခြင်းအဆိုပြုချက်ကို ရှေ့ဆောင်ရှေ့ရွက်ပြုပြီး ရေးဆွဲချမှတ်ခဲ့ပါသည် ဟု သတင်းထောက်သည် အခုတလော ကူမင်းမြို့စာရင်းအင်းဦးစီးဌာနမှ သတင်းသိရှိရခဲ့ပါသည်။
စာရင်းအင်းစုံစမ်းခြင်းစနစ်နှင့် စာရင်းအင်းလုပ်ငန်း လုပ်ကိုင်ခြင်းအဆိုပြုချက်ကို ရေးဆွဲချမှတ်ခြင်းမှာ ကူမင်းဧရိယာအပိုင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေကို ပကတိအခြေအနေနှင့် တကယ့်အဖြစ်မှန်တို့နှင့် ကိုက်ညီစွာ ထုတ်ဖော်ပြသနိုင်၍ နိုင်ငံတော်သက်ဆိုင်ရာဌာနများ၊ ယူနန်ပြည်နယ်ပါတီကော်မတီ၊ ပြည်နယ်ပြည်သူ့အစိုးရနှင့် မြို့ပါတီကော်မတီ၊ မြို့ပြည်သူ့အစိုးရ တို့သည် မက္ကရိုစီးပွားရေးပေါ်လစီ ချမှတ်သည့်အတွက် အရည်အသွေးကောင်းမွန်သော စာရင်းအင်းဝန်ဆောင်မှုကို ပေးနိုင်ပါသည်။ ဤကို ဖော်ထုတ်သည့်အတွက် ကူမင်းဧရိယာအပိုင်း စာရင်းအင်းလုပ်ငန်းအဖွဲ့သည် လွန်ခဲ့သည့်နှစ်ကုန်တွင် ကူမင်းဧရိယာအပိုင်း စာရင်းအင်းစုံစမ်းခြင်းစနစ်နှင့် စာရင်းအင်းလုပ်ငန်း လုပ်ကိုင်ခြင်းအဆိုပြုချက်ကို ပဏာမအားဖြင့် ရေးဆွဲချမှတ်ခဲ့ပါသည်။
ဤနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကူမင်းမြို့စာရင်းအင်းဦးစီးဌာနမှာ သက်ဆိုင်သည့် ဌာနအသီးသီးများကို ဦးဆောင်ခေါ်ယူပြီး စာရင်းအင်းလုပ်ငန်းအဖွဲ့အစည်းအဝေးကို ကျင်းပ၍ စာရင်းအင်းစုံစမ်းခြင်းစနစ်နှင့် စာရင်းအင်းလုပ်ငန်း လုပ်ကိုင်ခြင်းအဆိုပြုချက် စသည့် သက်ဆိုင်သည့်လုပ်ငန်းရပ်ကိစ္စများကို လေ့လာဆွေးနွေး၍ ကူမင်းဧရိယာအပိုင်း စီမံခန့်ခွဲရေးကော်မတီသည် အဆိုပြုချက်နှင့် စနစ်တို့ကို ပြုပြင်ပြည့်စုံကောင်းမွန်စေရန် ထပ်မံညွှန်ကြားပြီး အဖွဲဝင်ဌာန အသီးသီး၏ ထာဝန်နှင့် စာရင်းအင်းရည်မှန်းပရိသတ်၊ အတိုင်းအတာ၊ အဓိကစာရင်းအင်းသည့် အကြောင်းအရာ၊ စာရင်းအင်းနည်း၊ တင်ပြချိန် စသည်တို့ကို တစ်ဆင့်တက်၍ ရှင်းလင်းပြတ်သားစေခဲ့ပါသည်။
ဤနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကူမင်းဧရိယာအပိုင်း စီမံခန့်ခွဲရေးကော်မတီသည် နောက်ဆုံး ပြုပြင်ပြီးမြောက်ပြီးသားဖြစ်သော “တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း စာရင်းအင်းစုံစမ်းခြင်းစနစ် (ရှေ့ပြေးစမ်းသပ်ခြင်း)” နှင့် စာရင်းအင်းလုပ်ငန်း လုပ်ကိုင်ခြင်းအဆိုပြုချက်ကို ကူမင်းမြို့စာရင်းအင်းဦးစီးဌာနသို့ တင်ပြပြီး စစ်ဆေးအတည်ပြုပြီးနောက် ကူမင်းမြို့စာရင်းအင်းဦးစီးဌာနသည် စစ်ဆေးအတည်ပြုလုပ်ငန်း အစီအစဉ်အရ တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း စာရင်းအင်းစုံစမ်းခြင်းစနစ်နှင့် စာရင်းအင်းလုပ်ငန်း လုပ်ကိုင်ခြင်းအဆိုပြုချက်ကို အတည်ပြုခဲ့ပါသည်။ ၎င်းမှာ ကူမင်းမြို့သည် တစ်ပြည်နယ်လုံး လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် ၃ ခုထဲတွင် စာရင်းအင်းစုံစမ်းခြင်းစနစ်ကို ရှေ့ဆောင်ရှေ့ရွက်ပြုပြီး ရေးဆွဲချမှတ်သည်ကို သရုပ်ဆောင်ပါသည်။
昆明信息港讯(昆明日报 记者张星宇) 日前,记者从市统计局获悉,昆明在全省率先建立了中国(云南)自由贸易试验区昆明片区(下称“自贸试验区昆明片区”)统计调查制度及统计工作实施方案。
建立统计调查制度及统计工作实施方案能客观真实地反映自贸试验区昆明片区的发展情况,为国家有关部门,省委、省政府和市委、市政府宏观经济决策提供优质统计服务。为此,自贸试验区昆明片区统计工作组于去年底初步制定了昆明片区统计调查制度及统计工作实施方案。
今年1月16日,昆明市统计局牵头召集各相关部门召开统计工作组会议,研究讨论统计调查制度及统计工作实施方案等相关事项,再次指导自贸试验区昆明片区管委会对方案及制度进行了修改完善,进一步明确了各成员单位的职责以及统计对象、范围、主要统计内容、统计方法、报送时间等。
今年4月22日,昆明片区管委会将最终修改完成的《中国(云南)自由贸易试验区昆明片区统计调查制度(试行)》及统计工作实施方案报昆明市统计局审批,市统计局按审批流程审批通过了自贸试验区昆明片区统计调查制度及统计工作实施方案。这标志着昆明市在全省三个自贸区率先建立起了统计调查制度。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့