တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း အများပိုင် တရားဥပဒေဝန်ဆောင်မှုစင်တာကို ထူထောင်ခဲ့
2020-08-20 16:27|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော တရုတ်(ယူနန်ပြည်နယ်)လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း အများပိုင် တရားဥပဒေဝန်ဆောင်မှုစင်တာကို ယူနန်ပြည်နယ် လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း အထွေထွေဝန်ဆောင်မှုစင်တာ၌ ထူထောင်ခဲ့ပါသည်။
အများပိုင် တရားဥပဒေဝန်ဆောင်မှုစင်တာသည် ရှေ့နေရှေ့ရပ်၊ ခုံသမာဓိပြုခြင်း၊ ကြားဝင်ဖြန်ဖြေခြင်း၊ တရားရေးအကဲဖြတ်ချက်၊ အနုညာတစီရင်ဆုံးဖြတ်ခြင်း စသည့် စွမ်းဆောင်နိုင်မှုများကို ပေါင်းစပ်၍ အများပိုင် တရားဥပဒေဝန်ဆောင်မှု၏ အာမခံအကျိုးသက်ရောက်မှုကို အပြည့်အဝထုတ်ဖော်ပြီး ပြည်တွင်းပြည်ပ လုပ်ငန်းများနှင့် ပုဂ္ဂလိကများအတွက် လွယ်ကူလျင်မြန်သော အထွေထွေတရားဥပဒေဝန်ဆောင်မှု ပေးမည်။ အခု တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း အများပိုင် တရားဥပဒေဝန်ဆောင်မှုစင်တာသည် ယင်ခါ စသည့် ရှေ့နေရှေ့ရပ်အထွေထွေဌာန ၅ ခု၊ ကူမင်းမြို့မင်ရှင်ခုံသမာဓိရုံးတို့နှင့် ဝန်ဆောင်မှုစာချုပ်ကို ချုပ်ဆိုခဲ့ပါသည်၊ နေ့တိုင်း ကျွမ်းကျင်သော ရှေ့နေရှေ့ရပ်များသည် အလှည့်ကျတာဝန်ထမ်းဆောင်ပြီး တရားဥပဒေအကြံဉာဏ်တောင်းခြင်းနှင့် တရားဥပဒေအရေးကိစ္စ စီမံခန့်ခွဲရေးလမ်းညွှန်ခြင်း ဝန်ဆောင်မှုများကို အခမဲ့ပေးလျက်ရှိပါသညါ။ စင်တာသည် တရားဥပဒေကူညီပေးခြင်း၊ ကြားဝင်ဖြန်ဖြေခြင်း၊ ခုံသမာဓိပြုခြင်းဝန်ဆောင်မှု၊ အကဲဖြတ်ခြင်း၊ တရားဥပဒေပြန်ကြားရေး စသည့် တရားအုပ်ချုပ်ရေးစွမ်းဆောင်နိုင်မှု ၁၂ ခု ပါဝင်သည့် AI တရားဥပဒေစက်ရုပ်ကိုလည်း စီစဉ်ထားပါသည်။
ပြည်တွင်းပြည်ပလုပ်ငန်းများနှင့် ပုဂ္ဂလိကများမဆို ရှေ့နေရှေ့ရပ်တောင်းဆိုချက် ရှိပြီး ဤစင်တာသို့လာလျှင် မျက်နှာမူသည့် ဝန်ဆောင်မှုရနိုင်၍ QR Code scan ပြီးနောက် “12348 WeChat Public Platform” နို့မဟုတ် ” AI တရားဥပဒေစက်ရုပ်” မှတစ်ဆင့် တရားဥပဒေအကြံဉာဏ်တောင်းခြင်း၊ တရားဥပဒေအကြံပေးစာ၊ တရားဥပဒေစည်းမျဉ်း စုံစမ်းမေးမြန်းခြင်း၊ တရားဥပဒေဝန်ဆောင်မှုလုပ်ငန်းဌာန စုံစမ်းမေးမြန်းခြင်း၊ အမှုပုံစံ စုံစမ်းမေးမြန်းခြင်း စသည့် ဝန်ဆောင်မှုများကို ရယူ၍ အင်တာနက်ပေါ်တွင် ကြားဝင်ဖြန်ဖြေခြင်း လျှောက်တင်ခြင်း၊ အင်တာနက်ပေါ်တွင် ခုံသမာဓိပြုခြင်း ကြိုတင်ချန်းထားခြင်း စသည့် ဝန်ဆောင်မှုများကိုလည်း ပေးနိုင်မည်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူ၏ တရားဥပဒေတောင်းဆိုချက်များကို ပြည့်ဝစေ၍ ကောင်းမွန်သော အရောင်းအဝင်ပြုခြင်းပတ်ဝန်းကျင်ကို ထုလုပ်သည့်အတွက် ခိုင်ခံ့သော တရားဥပဒေအာမခံချက် ပေးမည်။
昆明信息港讯 记者周硕 近日,中国(云南)自由贸易试验区昆明片区公共法律服务中心在云南自由贸易试验区昆明片区综合服务中心成立。
公共法律服务中心将整合律师、公证、人民调解、司法鉴定、仲裁等职能,充分发挥公共法律服务保障作用, 为国内外企业及个人提供“一站式”的综合法律服务。目前,中心与盈科等5家律师事务所及市明信公证处签订服务协议,每天有专业的律师在窗口值班,提供免费的法律咨询及法律事务办理指引服务。中心还配有涵盖法律援助、人民调解、公证服务、鉴定、法治宣传等12项司法行政职能的“智能法律机器人”。
任何有法律需求的国内外企业及个人,只要来到中心,可得到面对面的服务,也可扫码通过“12348微信公众号”或”智能法律机器人”获得智能法律咨询、法律意见书、法律法规查询、法律服务机构查询、案例查询等服务,还可进行人民调解在线申请、公证在线预约等多项便民服务,全面满足国内外投资主体的法律服务需求,为营造良好的营商环境提供强有力的司法保障。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့