ယူနန် ပထမအကြိမ် အခွန်ကင်းလွတ်ခွင့်ခံ အနုပညာလက်ရာများပြပွဲကို ကူမင်းဧရိယာအပိုင်း၌ ကျင်းပခဲ့

2020-08-19 15:57|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) တရုတ်(ယူနန်ပြည်နယ်)လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းကို နိုင်ငံတကာ လူမှုရေးဖလှယ်မှုစင်တာအဖြစ် ထုလုပ်စေရန် သြဂုတ်လ ၁၂ ရက်နေ့တွင် တရုတ်(ယူနန်ပြည်နယ်)လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း “ယူနန် အနုပညာလက်ရာများပြသခြင်း”ဟူသော အခွန်ကင်းလွတ်ခွင့်ခံ အနုပညာလက်ရာများပြပွဲကို ကူမင်းအထွေထွေအခွန်ကင်းလွတ်ခွင့်ဇုန်နယ်(စီးပွားရေးဖွံ့ဖြိုးရေးဇုန်နယ်)၌ တရားဝင် စတင်ကျင်းပခဲ့ပါသည်။ ပြပွဲကို သြဂုတ်လ ၁၅ ရက်နေ့အထိ ဆက်လက်ကျင်းပ၍ ပြပွဲကျင်းပရာတွင် အပြင်သို့ အခမဲ့ဖွင့်လှစ်မည်။

1

“ယူနန် အနုပညာလက်ရာများပြသခြင်း”သည် ယူနန်ပြည်နယ် ပထမအကြိမ် အခွန်ကင်းလွတ်ခွင့်ခံ အနုပညာလက်ရာများပြပွဲ ဖြစ်ပါသည်၊ ဤအကြိမ်ပြပွဲတွင် မလေးရှား ပင်းပြည်နယ်၊ ကျီသာပြည်နယ် စသည့်နေရာများနှင့် တရုတ်နိုင်ငံ ပြည်နယ် ၇ ခုတို့မှ အနုပညာရှင် စုစုပေါင်း အယောက် ၆၀ ကျော်၏ ကောင်းမွန်လှသောပန်းချီ အချပ်တစ်ရာကျော်ကို စုစည်းပြသ၍ လက်ရာများအနက် တရုတ်ရိုးရာတိုင်းရင်းပန်းချီ၊ ဆီဆေးပန်းချီ၊ ရေဆေးပန်းချီနှင့် သစ်ထွင်းပန်းချီ စသည့် အမျိုးအစားများ ပါဝင်၍ မတူသောနေရာများမှ သဘာဝရှုခင်း၊ လူမှုရိုးရာဓလေ့ထုံးစံနှင့် သဘာဝအခြေအနေများကို ပြသ၍ အပြည်ပြည်ဆိုင်ရာ သီးခြားသော အနုပညာပြပွဲကို တင်ပြမည်။

2

3

ကူမင်းကောလိပ်ကျောင်းမှ ကျောင်းအောင်ခဲ့သည့် ပန်းချီကျောင်းသူ ချမ်ကျင်သည် ဤပြပွဲတွင် နာမည်စာရင်းတင်သွင်းပြီး ပါဝင်ခဲ့ပါသည်၊ ပြပွဲပြသထားသည့် လက်ရာများ၏ ရေးဆွဲဖန်တီးခြင်းရှုထောင့် ထူးခြားပြီး စတိုင် အမျိုးမျိုးအစုံစုံ ရှိ၍ တရုတ်နှင့် မလေးရှား နှစ်နိုင်ငံတို့၏ လူမှုရေးနှင့် တောတောင်ရေမြေရှုခင်းကို ဖော်ပြ၍ ပြည်တွင်းပြည်ပ ထူးချွန်သော လက်ရာများကို ကြည့်ရှုနိုင်ရုံသာမက ပန်းချီဆွဲနည်းများကိုလည်း သင်ကြားနိုင်ပါသည် ဟု သူသည် ပြောဆိုခဲ့ပါသည်။

4

ဤအကြိမ် အခွန်ကင်းလွတ်ခွင့်ခံ အနုပညာလက်ရာများပြပွဲသည် ယူနန်ပြည်နယ် အထွေထွေအခွန်ကင်းလွတ်ခွင့်ဇုန်နယ်ထဲ၌ ပထမအကြိမ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာပြပွဲ အဖြစ် အခွန်ကင်းလွတ်ခွင့်စနစ်ဖြင့် သွင်းယူလာပြီး တရုတ်(ယူနန်ပြည်နယ်)လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း အထွေထွေအခွန်ကင်းလွတ်ခွင့်ဇုန်နယ်၏ ပေါ်လစီအားသာချက်များကို မှီခို၍ အနုပညာ လက်ရာများသည် ဇုန်နယ်မှ ထွက်ခွာရန် မလိုသည့်အပြင် များပြားသော အကောက်ခွန်နှင့် ဗီအေတီများကို ကောက်ယူရန် မလိုပါနှင့်၊ အခွန်တော်စည်းကြပ်ရေး အချိန်နှင့် အခွန်ငွေ များများလျှော့ချစေပြီး ပြပွဲကုန်ကျစရိတ်ကိုလည်း များများလျှော့ချစေပါသည်၊ ၎င်းသည် ကူမင်းမြို့နှင့် တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများ အနုပညာယဉ်ကျေးမှုနယ်ပယ်တွင် အပြန်အလှန် ဆက်သွယ်သည့် ပေါက်ရောက်ရာလမ်း၊ လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် အခွန်ကင်းလွတ်ခွင့်ခံ အနုပညာလက်ရာများ၏ ပို့ဆောင်ရေး၊ အရောင်းအဝယ်ပြုရေး စနစ်သစ်ကို ထူထောင်သည့် အကျိုးရှိသည့် စူးစမ်းရှာဖွေခြင်း တစ်ကြိမ် ဖြစ်ပါသည်။

5

ထို့ပြင်၊ အခွန်ကင်းလွတ်ခွင့်ခံ အနုပညာလက်ရာများပြပွဲကို ကျင်းပခြင်းအားဖြင့် လူမှုရေးလောကအသီးသီးသို့ နိုင်ငံတကာ အခွန်ကင်းလွတ်ခွင့်ခံ အနုပညာလက်ရာများ ဂိုဒေါင်တွင် သိုလှောင်ထားခြင်းအခြေအနေနှင့် အလုပ်ဆောင်ရွက်ခြင်းစနစ်၏ ကုန်သွယ်ရေးကိန်းဝပ်စွမ်းအား ပြသ၍ သက်ဆိုင်သည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းဌာနများ၊ ကုမ္ပဏီများကို ဆွဲဆောင်ပြီး ဇုန်နယ်ထဲသို့ ဝင်ရောက်လုပ်ကိုင်စေပြီး သက်ဆိုင်သည့် ပေါ်လစီများ အဆန်းထွင်ဖန်တီးခြင်းနှင့် ဝန်ဆောင်မှုစနစ် တည်ဆောက်ခြင်းကို ရှေ့သို့၍ တွန်းတင်ကာ ကူမင်းဧရိယာအပိုင်းသည် အပြည်ပြည်ဆိုင်ရာ လူမှုရေးဖလှယ်ခြင်းစင်တာ ဖြစ်လာစေရန်အတွက် ခိုင်ခံ့သော အခြေခံအုတ်မြစ်ချပေးမည်။

昆明信息港讯 记者苟廷廷 实习记者蒋玲 为助力中国(云南)自由贸易试验区昆明片区打造成为国际人文交流中心,8月12日,云南自贸区昆明片区“艺展云南”保税艺术品展在昆明综合保税区(经开片区)正式开幕。展览持续至8月15日,期间免费向公众开放。

1

据了解,“艺展云南”是云南首届艺术品保税展,本次展览汇聚了来自马来西亚槟城、吉打州等地与我国七个省份共计60名艺术家的百余幅精品画作,作品涵盖国画、油画、水彩、版画等多个门类,展现不同地域的自然景物、人文风情,呈上了一场国际性专业化的艺术盛宴。

2

3

毕业于昆明学院的美术生成璟特地通过学校报名的渠道参加了这次艺术展,她说,参展作品创作视角独特、风格呈多元化,表现了中国和马来西亚的山川人文,既能欣赏国内外优秀作品,也能学习到绘画技巧。

4

据介绍,此次保税艺术品展作为云南省首次在综保区内举办的国际性展览,运用保税模式引进,依托自贸区昆明片区综保区政策优势,艺术展品不出区,且无需缴纳高额关税和增值税,实现了通关时间和税费的大幅减少,大大降低展览成本,这是联通昆明与南亚东南亚国家艺术文化领城大通道、建立自贸区艺术品保税物流交易运营新模式的一个有益探索。

5

此外,通过举办此次保税艺术品展,将向社会各界展示国际保税艺术品仓储、展览运营模式的商业潜力,鼓励吸引相关合作机构、企业入区发展,推动相关制度创新与服务体系建设,为昆明片区打造成为国际人文交流中心奠定坚实基础。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်