ထိန်ခြုံး-လုံချွမ်း အမြန်လမ်းမကြီးသည် လမ်းပေါက်ခဲ့
2020-08-18 14:26|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) သြဂုတ်လ ၁၅ ရက်နေ့တွင် ယူနန်ပြည်နယ် ထိန်ခြုံး-လုံချွမ်း အမြန်လမ်းမကြီး၏ လမ်းပေါက်ခြင်းနှင့် တက်ဟုန်း ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ခွဲ ခရိုင်တိုင်းတွင် အဝေးပြေးလမ်းမကြီး လမ်းပေါက်အခမ်းအနား၏ အစီအစဉ် အရပ်ရပ်များ ပြီးဆုံးနှင့်အမျှ ထိန်ခြုံး-လုံချွမ်း အမြန်လမ်းမကြီးသည် တရားဝင် လမ်းပေါက်ခဲ့သည်။
ထိန်ခြုံး-လုံချွမ်း အမြန်လမ်းမကြီးသည် ထိန်ခြုံးမြို့ ကြုံဟိုကျေးရွာ မောင်ကျားရင်မှစ၍ ပေါင်စန်း-ထိန်ခြုံး အမြန်လမ်းမကြီးနှင့် ချိတ်ဆက်၍ ထိန်ခြုံးမြို့၊ လျှံဟိုခရိုင်၊ ယင်ကျန်းခရိုင်၊ လုံချွမ်းခရိုင်နှင့် ရွှေလီမြို့တို့ကို ဖြတ်ကျော်၍ ပန်းတိုင်သည် လုံချွမ်းခရိုင် ရွှေကူမြို့နယ်တောင်ဘက်၌ တည်ရှိ၍ အဓိကလမ်းသည် စုစုပေါင်း ၁၅၀.၄၇ ကီလိုမီတာ ရှည်ပါသည်။
ထိန်ခြုံး-လုံချွမ်း အမြန်လမ်းမကြီး လမ်းပေါက်ခြင်းသည် တက်ဟုန်းကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ခွဲရှိ လျှံဟိုခရိုင်၊ ယင်ကျန်းခရိုင်တွင် အမြန်လမ်းမကြီး မပေါက်သောသမိုင်းကို အဆုံးသတ်စေ၍ တစ်ပြည်နယ်ခွဲလုံးရှိ ခရိုင်နှင့်မြို့ ၅ ခု၌ အဝေးပြေးလမ်းမကြီး အကုန်လုံးလမ်းပေါက်ရန် အကောင်အထည်ဖော်၍ ပေါင်စန်းနှင့် တက်ဟုန်းအကြား အစစ်အမှန် ချိတ်ဆက်စေပြီး နှစ်နေရာများ၏ စီးပွားရေးနှင့် လူမှုရေးကိုလည်း အတူတကွ ဖွဲ့ဖြိုးတိုးတက်စေကာ ယူနန်ပြည်နယ် နောက်ပိုင်း၏ ခရီးသွားလမ်းကြောင်းကို ဖြတ်ကျော်ထားသည့် နေရာရပ်ကွက်များ၏ ဖွဲ့ဖြိုးတိုးတက်သောပုံစံကို ဖြစ်ပေါ်စေရန် တွန်းအားပေးပါသည်။ လမ်းကြောင်းတစ်လျှောက်လုံး၏ စီးပွားရေးနှင့်လူမှုရေးကို ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက်၊ နယ်စပ်ဒေသများ၏ အကျိုးဖြစ်ထွန်းအောင် အသုံးပြုခြင်းနှင့် တံခါးဖွင့်ခြင်းကို ပိုမိုဆောင်ရွက်စေရန်အတွက်၊ တရုတ်-မြန်မာနှစ်နိုင်ငံအကြားမှ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးစေရန်အတွက် အရေးပါသော အကျိုးသက်ရောက်မှု ရှိပါသည်။
8月15日,随着云南腾陇高速公路建成通车暨德宏州县县通高速公路仪式各项议程的结束,腾陇高速公路正式通车。
腾陇高速公路起点位于腾冲市中和乡毛家营,与保腾高速公路相连,经腾冲市、梁河县、盈江县、陇川县及瑞丽市,止于陇川县章凤镇南侧,主线长150.47公里。
腾陇高速建成通车,终结了德宏梁河县、盈江县不通高速公路的历史,实现全州5个县市全部通高速公路;真正把保山、德宏连成了一体,真正促进了两地经济社会一体化发展,有力推动形成了大滇西旅游环线片区发展格局,对于进一步促进沿线经济社会发展、扩大沿边开发开放、推动对缅经贸文化交流合作,具有重要意义。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့