ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း ၁၅ ကြိမ်မြောက် နိုင်ငံများညီလာခံကို ၂၀၂၁ ခုနှစ် ကူမင်းမြို့၌ ကျင်းပမည်
2020-08-17 18:02|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဇူလိုင်လ ၂၈ ရက်နေ့တွင် တရုတ်ဇီဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်းကြီးဌာနသည် ၇ လပိုင်း ထုံးစံအတိုင်းသတင်းရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း (Convention on Biological Diversity - CBD) ၁၅ ကြိမ်မြောက် စာချုပ်ချုပ်ဆိုသောနိုင်ငံများညီလာခံ (COP15)ကို မူလအစီအစဉ်အတိုင်း ၂၀၂၀ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၈ရက်နေ့အထိ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် (COVID-19) အဆုတ်ရောင်ရောဂါ၏ ထိခိုက်မှုကြောင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း အတွင်းရေးမှူးအဖွဲ့၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း အရပ်ရပ်များသည် ရွှေ့ဆိုင်းသွားကြ၍ ဤနှစ် COP15 ကို မူလသတ်မှတ်ထားသည့် အချိန်အတိုင်း မကျင်းပနိုင်ချေ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း အတွင်းရေးမှူးအဖွဲ့နှင့် သက်ဆိုင်သည့်လုပ်ငန်းရပ်များကို တက်ကြွစွာ ရှေ့သို့တွန်းတင်၍ COP15 ကျင်းပမည့် အချိန်သစ်ကိုလည်း ညှိနှိုင်းဆွေးနွေးပြီးနောက် နိုင်ငံတော်ကောင်စီ၏အတည်ပြုခြင်းအားဖြင့် ၂၀၂၁ခုနှစ် မေလ ၁၇ရက်နေ့မှ ၃၀ရက်နေ့အထိ ယူနန်ကူမင်း၌ ကျင်းပပြီး တစ်ချိန်တည်း ဇီဝလုံခြုံရေးသဘောတူစာချုပ်နှင့် မျိုးရိုးလိုက်ခြင်းသယံဇာတသဘောတူစာချုပ်များ ချုပ်ဆိုသောနိုင်ငံများညီလာခံတို့ကိုလည်း ကျင်းပမည်အား သတ်မှတ်ထားပါသည် ဖြစ်ကြောင်း ဟု ဇီဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်းကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျူရူပင်သည် သတင်းရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့