ကူမင်းတိရစ္ဆာန်ပြတိုက်သည် ပြန်လည်ဖွင့်လှစ်ခဲ့

2020-08-13 18:15|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ခင်ခင်) ၁၁ ရက်နေ့တွင် ကူမင်းတိရစ္ဆာန်ပြတိုက်သည် ပြန်လည်ဖွင့်လှစ်ခဲ့၍ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အတွင်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်၍ ညနေ ၄ နာရီခွဲမှစ၍ လက်မှတ်ရောင်းခြင်းရပ်စဲပါမည်။ လက်မှတ်ဝယ်ဖို့ မိုဘိုင်းဖုန်းဖြင့်သာ ငွေရှင်းရခြင်းကို သတိထားလိုပါသည်။

ကူမင်းတိရစ္ဆာန်ပြတိုက်သည် အမှတ် ၃၂၊ ကျောက်စန်အရှေ့လမ်းပေါ်တွင် တည်ရှိနေ၍ တရုတ်သိပ္ပံပညာတံခွန်အသင်း ကူမင်းတိရစ္ဆာန်များသုတေသနဌာန လက်အောက်ခံ ဖြစ်ပါသည်။ ဤပြတိုက်သည် စတုရန်းမီတာ ၆ ထောင်ခန့် ကျယ်ဝန်း၍ ရှားပါး၊ သို့မဟုတ် လုံးဝပပျောက်တော့မည့် သတ္တဝါအမျိုးမျိုး၏နမူနာ ၅ ထောင်ကျော်ကို ပြသ၍ ပြတိုက်ထဲ၌ စုဆောင်းထားသည့် နမူနာ ၉ သိန်းနီးပါးကို မှီခိုပြီး ပြသသည့်ပစ္စည်းများကို သတ်မှတ်သောအချိန်အလိုက် ပြောင်းလဲပြသ၍ တရုတ်နိုင်ငံ အနောက်တောင်ဒေသ အထူးသဖြင့် "တိရစ္ဆာန်ဘုရင့်နိုင်ငံ"ဟု နာမည်ကောင်းရရှိသော ယူနန်ပြည်နယ်၏ ဟန်အမူအရာကို အပြည့်အဝ ပြသပါသည်။

ပြတိုက်ဖွင့်ပြီးနောက် နေ့စဉ်ဝင် လူအရေအတွက်ကို ထိန်းချုပ်၍ ဝင်ရောက်သော လူ အယောက် ၁ ထောင် ပြည့်လျှင် ဝင်ရောက်ခွင့် ကန့်သတ်လိုက်ပါမည်။ နွေရာသီကျောင်းပိတ်ရက်များမှာ အဖွဲ့သည် လာရောက်ကြည့်ရှုလျှင် ဖုန်းဆက်ခြင်းအားဖြင့် ကြိုတင်ချိန်ထားနိုင်ပါမည်။ ကပ်ရောဂါ တိုက်ဖျက်ထန်းချုပ်ရာတွင် ခရီးသည်များသည် ခန္တာကိုယ်အပူချိန် တိုင်းတာခံရမည်။ ခန္တာကိုယ်အပူချိန်ပုံမှန်လျှင် (၃၇.၃ ဒီဂရီစင်တီဂရိတ်အောက်)၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူပြင်း၍ မြန်သောသံသယမကင်းဖွယ် လက္ခဏာများ မရှိပြီး မျက်နှာဖုံးကို စနစ်တကျဝတ်ထားလျှင် မှတ်ပုံတင်စာအုပ်ပေါ်တွင် ကိုယ်ပိုင်အချက်အလက်များကို မှတ်ပုံတင်ပြီးမှ ဝင်ခွင့် ရရှိနိုင်ပါမည်။ ပြတိုက်ထဲ ဝင်ပြီးနောက် ခရီးစဉ်တစ်ခုလုံးတွင် မျက်နှာဖုံးဝတ်ဆင်ရမည်။

11日,昆明动物博物馆恢复开放,开馆时间为每周二至周日上午9点至下午5点。下午4:30停止售票,需要注意的是,仅支持手机线上支付。

昆明动物博物馆位于教场东路32号,隶属于中国科学院昆明动物研究所。博物馆现有展厅约6000平方米,展出各类珍稀濒危动物标本5000余号,并依托馆藏近90万号标本定期更换展品,充分展示我国西南地区,尤其是云南“动物王国”的风采。

开馆后,博物馆将对每日入馆人数进行总量控制,人员达到1000人时采取限流措施。暑假期间团队参观可通过大厅电话进行预约。在疫情防控期间,观众要接受体温检测。体温正常(低于37.3℃)、无咳嗽、呼吸急促等可疑症状,正确佩戴好口罩的观众在登记簿上详细登记相关身份信息后方可进入。入馆后,观众须全程佩戴口罩。(春城晚报 记者杨质高 实习生刘圆莉)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်