ယူနန်ပြည်နယ်၌ ရုက္ခပင်မျိုးသစ် လူဆွေ Megacodon stylophorus ထပ်တွေ့
2020-08-06 15:30|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) သိပ္ပံပညာ သုတေသနပြုသူများသည် နုကျန် လီဆူလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်ခွဲ လူဆွေမြို့တွင် ရုက္ခပင်မျိုးသစ်ကို တွေ့ရှိခဲ့ပြီးနောက် လူဆွေ Megacodon stylophorus ဟု အမည်တပ်ခဲ့သည်ဖြစ်ကြောင်း သတင်းထောက်က တရုတ်သိပ္ပံပညာတံခွန်အသင်း ကူမြင်းရုက္ခပင်သုတေသနဌာန တရားဝင်ဝက်ဘ်ဆိုက်မှ သိရှိခဲ့ပါသည်။
Megacodon stylophorus မျိုးစုသည် တရုတ်-ဟိမဝန္တာ ဒေသမှ အထူးရှိသည့် မျိုးစု ဖြစ်ပြီး ဇီဝအမျိုးအစား စုစုပေါင်း ၂ မျိုး ရှိပါသည်၊ ၎င်းအနက်၊ Megacodon stylophorus သည် ဟိမဝန္တာတောင်ရှေ့ဘက်-ဟင်တန့်တောင်မှ ပင်လယ်ရေမျက်နှာပြင်ထက် မြင့်မားသော ဒေသ၌ ပြန့်နှံ့၍ Megacodon venosus သည် စီချွမ်ပြည်နယ်အရှေ့ပိုင်း- ဟူဘေးပြည်နယ်အနောက်ပိုင်း တစ်လျှောက်၌ ပြန့်နှံ့ပြီး တောင်းရိုင်း population သည် အလွန်ရှားပါးပြီး ထိုထက်မက လုံးဝပပျောက်သွားသည့် အခြေသို့ ဆိုက်ရောက်တော့မည် ဖြစ်သည်ဟု တစ်ချိန်တည်းက ယူဆခဲ့ပါသည်။ ထို့ပြင်၊ ရှားပါးရုက္ခပင်များ၏ ပြန့်နှံ့သောနေရာသစ်ကို တွေ့ရှိခြင်းသည် အလွန်အရေးကြီးသော သုတေသနပြုတန်ဖိုး ရှိပါသည်။
Megacodon venosus နှင့် Megacodon stylophorus တို့သည် လုံးဝမတူသော ဒေသ၌ ပြန့်နှံ့သောကြောင့် Megacodon stylophorus မျိုးစု၏ ကွဲပြားမှုသည် မတူသောဒေသတွင် ဇီဝအမျိုးအစား ဖြစ်ပေါ်သည့် ပုံစံ ဖြစ်ပါသည်ဟု ယခင်က ယူဆခဲ့ပါသည်။ သို့သော် ယူနန်ပြည်နယ် အနောက်ပိုင်းမှ လူဆွေ၏ ပင်လယ်ရေမျက်နှာပြင်ထက် ပိုနိမ့်သော ဒေသ၌ လူဆွေ Megacodon stylophorus များကို ပြန့်နှံ့သောကြောင့် သိပ္ပံပညာ သုတေသနပြုသူများသည် Megacodon stylophorus မျိုးစု၏ ဆင့်ကဲပြောင်းလဲတိုးတက်လာရေး သမိုင်း အတွက် သိရှိနားလည်မှုကို ထိထိရောက်ရောက် ပြောင်းလဲခဲ့ပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့