တုန်ချွမ်းရပ်ကွက်၌ သီးထွက်များသော သိပ်ကြွပ်ချိုမြိန်သော ဆီးသီးများကို အောင်မြင်စွာစိုက်ပျိုး
2020-08-05 17:28|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) "ဒီဆီးသီးက ကြီးလဲကြီးတယ်၊ လှလဲလှတယ်၊ အရည်အသွေးလဲ ကောင်းမွန်လို့ စားလို့သိပ်ကြွပ်ချိုမြိန်တယ်။ ကျွန်မက ဆီးပင်ပျို အပင် ၃၀၀ ကို မှာယူပြီး နောက်နှစ်ကျရင် စိုက်ပျိုးမယ်" ဟု တုန်ချွမ်းရပ်ကွက် ပစ်ကူလမ်း ဇီညူရွာ ပိုင်နီထန်ကျေးရွာအုပ်စုမှ အသက် ၅၃ နှစ် ရှိသော ဟွမ်ခြုံသည် ပြောခဲ့ပါသည်။
ဟွမ်ခြုံပြောသည့် သိပ်ကြွပ်ချိုမြိန်သော ဆီးသီးမှာ ဇီညူရွာမှ ရွာသားရှောင်လောင်ကျင့်သည် အောင်မြင်စွာ စမ်းသပ်စိုက်ပျိုးသည့် "ကြွပ်ချိုဆီးသီး" ဖြစ်ပါသည်။ အခုလောက သတင်းထောက်မှာ ရှောင်လောင်ကျင့်၏ သစ်သီးခြံထဲ၌ ဆီးသီးများသည် စပျစ်သီးကဲ့သို့ တစ်ကုံးကုံး ကြီးပွားလာနေ၍ ရင့်မှည့်သည့် ဆီးသီးများသည် နီမောင်းမောင်းအရောင် ဖြစ်ပါသည်ကို တွေ့မြင်ခဲ့ပါသည်၊ ဤဆီးသီးများကို စားလို့ ပျားရည်ကဲ့သို့ ချိုမြိန်လှပါသည်။
သူသည် စန်းတုန်း၊ ဟိုနန်၊ အန်းဟွေနှင့် ရှင်းကျန်းစသည့်ပြည်နယ်များမှ ဆီးပင်ပျိုများကို အသုံးပြု၍ ကြွပ်ချိုဆီးပင်ပျိုကို ပြုစုစိုက်ပျိုးလာပြီး ၄ နှစ်ကြာ စမ်းသပ်စိုက်ပျိုးခြင်းအားဖြင့် ပင်လယ်ရေမျက်နှာပြင်ထက် ၁၆၀၀ မီတာမှ ၁၈၀၀ မီတာအထိ မြင့်သောဒေသတွင် စိုက်ပျိုးအောင် အသင့်အတင့် ဖြစ်ပါသည်။ ၎င်းဆီးသီးများသည် သိပ်ကြွပ်ချိုမွှေးရုံသာမက သီးထွက်အရေအတွက်လည်း မြောက်များလှပါသည်၊ လယ်တစ်မိုထဲ၌ အပင် ၃၀၀ ကို စိုက်လျှင် သီးထွက်ကောင်းချိန်တွင် တစ်ပင် ဆီးသီး ၅ ကီလိုဂရမ်မှ ၁၀ ကီလိုဂရမ်အထိ ထွက်နိုင်ပါသည်၊ ပျမ်းမျှအားဖြင့် လယ်တစ်မို ၁.၅ တန်ထက်မနည်းသော အသီးများကို ထွက်နိုင်၍ တစ်ကီလိုဂရမ် အယွမ် ၃၀ ဖြစ်သောဈေးနှုန်းအလိုက် တွက်ချက်လျှင် ပျမ်းမျှအားဖြင့် လယ်တစ်မို ဝင်ငွေ ၃ သောင်းထက် ရရှိနိုင်ပါသည်ဟု ရှောင်လောင်ကျင့်သည် ဆက်လက်မိတ်ဆက်ပေးခဲ့ပါသည်။
“这个枣子又大又漂亮,品质也好得很,吃着又脆又甜。我定300棵苗,明年要栽300窝。”东川区碧谷街道紫牛村白泥塘小组53岁的黄琼说。
黄琼口中又脆又甜的枣子是紫牛村肖老健试种成功的“脆蜜枣”。近日,记者在肖老健的果园里看到,一串串脆蜜枣状如葡萄,成熟的呈紫红色,摘一个放到嘴里,一股蜜般的香甜就充满了口腔。
肖老健说,这是他利用山东、河南、安徽、新疆等地的苗种培育而成的,经过4年试种,很适合在海拔1600米到1800米左右的地方种植。他说,枣子不仅脆、甜、香,而且很丰产,每亩300棵,每棵丰产期能产5至10公斤枣子,平均亩产不低于1.5吨,按每公斤30元的最低价计算,平均每亩收入不低于3万元。(云南日报 记者茶志福 通讯员郑加升 洪涛 舒顺喜)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့