ယူနန်ထိန်ချုံး၌ Corybas himalaicus နှင့် Corybas sinii များကို မထမအကြိမ်တွေ့ရှိခဲ့
2020-07-21 10:56|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) အခုတလော ယူနန်ပြည်နယ် ကောင်းလီကုန့်တောင် နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန် ပေါင်စန်းထိန်းသိမ်းအုပ်ချုပ်ရေးဌာန ထိန်ချုံးဌာနခွဲသည် ကောင်းလီကုန့်တောင် တောင်စဉ်စုတွင် Corybas Salisb. တောရိုင်းရုက္ခပင်များကို တွေ့ရှိခဲ့ပါသည်၊ တရုတ်သိပ္ပံပညာတံခွန်အသင်း ရုက္ခပင်သုတေသနဌာန အလွန်ရှားပါးသော တောရိုင်းရုက္ခမျိုး အထွေထွေထိန်းသိမ်းရေးစမ်းသပ်ခန်းမှ သုတေသနပြုအဖွဲ့သည် လက်တွေ့ကွင်းဆင်းလေ့လာပြီးနောက် Corybas himalaicus အဖြစ် အကဲဖြတ်ခဲ့ပါသည်။ ထို့ပြင် သုတေသနပြုရာတွင် ဤအဖွဲ့သည် မျိုးစုတူသော မျိုးသုဉ်းလုနီးရုက္ခမျိုး ဖြစ်သည့် Corybas sinii ကိုလည်း တွေ့ရှိခဲ့ပါသည်။
ဤအကြိမ် တွေ့ရှိခဲ့သည့် Corybas Salisb. ရုက္ခပင် နှစ်မျိုးစလုံးသည် ထိန်ချုံးမြို့၌ ပထမအကြိမ် မှတ်တမ်းသည် ဖြစ်ပါသည်။ Corybas Salisb. ရုက္ခပင်များသည် တရုတ်နိုင်ငံ၌ ၆ မျိုး ပြန့်နှံ့ထား၍ အလွန်ကြီးမားသော သုတေသနပြုတန်ဖိုး ရှိကြပါသည်။ ယူနန်ထိန်ချုံး၌ Corybas himalaicus နှင့် Corybas sinii များကို တွေ့ရှိခြင်းနှင့်အမျှ အခုအချိန်တွင် ကောင်းလီကုန့်တောင် တောင်ပိုင်းတွင် Corybas Salisb. တောရိုင်းရုက္ခပင် ၃ မျိုးကို တွေ့ရှိပါပြီ ဖြစ်၍ တာ့လီ Corybas sinii၊ Corybas himalaicus နှင့် Corybas sinii ပါဝင်ပါသည်။ ဤအကြိမ် သုတေသနပြုရာတွင် Corybas himalaicus အပင် ၂ သောင်းကျော်၊ Corybas sinii အပင် ၇ ရာကျော် တွေ့ရှိခဲ့ပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့