တရုတ်-လာအို မီးရထားလမ်း နောက်ထပ် ၁ သောင်း ရှည်သည့် ဥမင်လိုဏ်ခေါင်းသည် တစ်ဆက်တည်းရှိလာခဲ့
2020-07-20 16:45|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဇူလိုင်လ ၁၆ ရက်နေ့တွင် ဆောက်လုပ်သူများသည် ၄ နှစ်ကျော်ကြာ ကြိုးစား ခြင်းအားဖြင့် China Railway No.5 Engineering Group Co. Ltd သည် တာဝန်ယူ တည်ဆောက်သည့် တရုတ်-လာအို မီးရထားလမ်း ထုံးတာဥမင်လိုဏ်ခေါင်းသည် အောင်မြင်စွာ တစ်ဆက်တည်းရှိလာ၍ စီစဉ်ထားသည့် အချိန်ထက် လဝက်ကြာ ကြိုတင်ပြီးမြောက် ခဲ့ပါသည်။
၎င်းသည် တရုတ်-လာအို မီးရထားလမ်း ပြည်တွင်း ဥမင်လိုဏ်ခေါင်း ၉၃ ခုထဲတွင် တစ်ဆက်တည်းရှိလာသည့် ၇၃ ခုမြောက် ဖြစ်ပါပြီ။ ယုခုအထိ တရုတ်-လာအို မီးရထားလမ်း ပြည်တွင်း ဥမင်လိုဏ်ခေါင်း ၉၅ ရာခိုင်နှုန်းကျော် ပြီးဆုံးပါပြီ၊ လာမည့်နှစ်တွင် မီးရထားလမ်း တစ်လျှောက်လုံး လမ်းပေါက်သည့်အတွက် အခြေခံအုတ်မြစ် ချပါသည်။
တည်ဆောက်နေသော တရုတ်-လာအို မီးရထားလမ်း တစ်လျှောက်လုံး ကီလိုမီတာ ၁၀၀၀ ကျော် ရှည်ပါသည်၊ တည်ဆောက်ပြီးသားပြီး လမ်းပေါက်ပြီးနောက် ယူနန်ပြည်နယ် ကူမြင်းမြို့မှ ဆစ်ဆောင်ပန်းနား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်ခွဲ ကျင်ဟုံမြို့သို့ သွားရောက်လျှင် ၃ နာရီလောက် လိုအပ်မည်၊ နံနက်တွင် ထွက်ခွာပြီး လာအို ဗီယင်ကျန်းမြို့သို့ သွားလျှင် ညတွင် ရောက်နိုင်မည် မျှော်လင့်ပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့