ယူနန်ပြည်နယ်သည် လည်ပတ်လာသည့် ခရီးသည်များ အတွက် ဦးစားပေးသော ဆောင်ရွက်နည်းကို ရေးဆွဲ

2020-07-20 14:56|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) အဖွဲ့လိုက်လည်ပတ်လျှင် ရှုခင်းသာရပ်ကွင်သို့ အဝင်လက်မှတ်ဝယ်ရန် မလိုနှင့်၊ ကိုယ့်ကိုယ်ကို ကားမောင်းလည်ပတ်လျှင် ဓာတ်ဆီထည့်ရန် ထောက်ပံ့ငွေ ရရှိနိုင်မည်။ ယခုနှစ်အတွင်း ယူနန်ပြည်နယ်သည် ဦးစားပေး ဆောင်ရွက်နည်းကို ရေးဆွဲသတ်မှတ်၍ လည်ပတ်လာသည့် ခရီးသည်များကို စစ်မှန်သော အကျိုးပေးခြင်းအားဖြင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပြန်ကောင်းလာရန် ကူညီပေး၍ စားသုံးရန် ကိန်းဝပ်စွမ်းအားကို တစ်ဆင့်တိုးပြီး နှိုးဆော်နိုင်ရန် မျှော်လင့်ပါသည်။

ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွာလုပ်ငန်းဌာနသည် “A အဆင့်ထက် ရှုခင်းသာရပ်ကွက်များသို့ ခရီးသည်အဖွဲ့များ အခမဲ့လည်ပတ်ခြင်း အုပ်ချုပ်ရေးနည်း”ကို ရေးဆွဲထုတ်ပြန် ခဲ့ပါသည်၊ အစိုးရ၏ လမ်းညွှန်ဈေးနှုန်းကို ကျင့်သုံးသည့် A အဆင့်ထက် ရှုခင်းသာရပ်ကွက်များသည် ယခုနှစ်အတွင်း လက်မှတ်ခ တစ်ဝက်သာလိုပါကြောင်း။

ခရီးသွားလုပ်ငန်းသည် စီစဉ်ပြီး “မိုဘိုင်းဖုန်းဖြင့် ယူနန်လည်ပတ်ခြင်း” APP တွင် လက်မှတ်ဝယ်သည့် အဖွဲ့များသည် အဝင်လက်မှတ်ဝယ်ရန် မလို၍ ဤအခမှာ ယူနန်ပြည်နယ်သည် ထောက်ပံ့ ပေးပါကြောင်း သတ်မှတ်ပါသည်။ အစိုးရ၏ လမ်းညွှန်ဈေးနှုန်းကို ကျင့်သုံးသည့် A အဆင့်ထက် ရှုခင်းသာရပ်ကွက်စာရင်းနှင့် အဝင်လက်မှတ်ခကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဌန၊ ယူနန်ပြည်နယ် ဖွဲ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် တို့သည် စစ်ဆေးအတည်ပြု၍ ယူနန်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးဌနသို့ တိုင်းကြားမှတ်တမ်းတင်ပြီး အများပြည်သူတို့အား တရားဝင် အကြောင်းကြား အသိပေးပါသည်။ အဝင်လက်မှတ်ဝယ်ရန် မလိုသည့် ရှုခင်းသာရပ်ကွက် ၁၂၃ ခုရှိပါသည်။

ထို့ပြင်၊ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွာလုပ်ငန်းဌာနသည် CNPC၊ Sinopec Group နှင့်အတူ အီလက်ထရွန် ဆီဖြည့်လက်မှတ်များ ထုတ်ပေးပါသည်။ “မိုဘိုင်းဖုန်းဖြင့် ယူနန်လည်ပတ်ခြင်း” APP မှတစ်ဆင့် ကိုယ်ပိုင်ကပ်ပြားဖြင့် ကားငှားသည့် ကိုယ့် ကိုယ်ကိုကားမောင်းသည့် ခရီးသည်များသည် တစ်နေ့ ယွမ် တစ်ရာ ဖြစ်သည့် စံနှုန်းအရ အီလက်ထရွန် ဆီဖြည့်လက်မှတ်ကို ထုတ်ယူနိုင်ပါသည်။ လက်မှတ်ထုတ်ယူမိသည့် ခရီးသည်များသည် ကားငှားရာတွင် ယူနန်ပြည်နယ်တွင်းမှ CNPC၊ Sinopec Group တို့အောက်ရှိ ဆီဖြည့်ဌာနများ၌ ဆီဖြည့်အခါ သုံးစွဲ နိုင်ပါသည်။ တစ်ကြိမ် ဆီဖြည့်ခြင်း အယွမ် ၁၀၀ ပြည့်လျှင် တစ်ရွက် သုံးနိုင်ပါသည်။

昆明信息港讯(昆明日报 记者张晓莉)跟团游,能免景区门票;自驾游,能获加油补贴。今年内,云南省推出一系列优惠措施,希望通过真正惠及赴滇游客,助力文化旅游业复苏,进一步激发文化旅游消费潜力。

云南省文化和旅游厅印发《A级以上旅游景区对旅游团队免费入园管理办法》,明确实行政府指导价的A级以上旅游景区年内门票价格一律优惠50%;对旅行社组织并通过“一部手机游云南”平台购票的团队,景区门票全免,免除部分由省级予以补助。实行政府指导价的A级以上旅游景区由省文化和旅游厅、省发展和改革委员会核定名单及门票价格,向省财政厅备案,并予以公示。此次参与免票的旅游景区有123家。

同时,云南省文化和旅游厅还联合中石油、中石化发放电子加油券。通过“一部手机游云南”平台实名租(包)车的自驾游客,可以按照100元/天的标准,领取电子加油券。领到加油券的游客,可于租(包)车期间,在云南省内的中石油、中石化网点加油时使用。单次加油满100元,就可用1张电子加油券。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်