ဆစ်ဆောင်ပန်းနား၌ Victoria regia Lindl. များသည် အကောင်းဆုံးသော ရှုစားချိန်သို့ ဝင်ရောက်
2020-07-20 11:20|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နွေခေါင်ခေါင်ကာလတွင် တရုတ်သိပံ္ပပညာတံခွန်အသင်း ဆစ်ဆောင်ပန်းနား အပူပိုင်းဒေသ ရုက္ခဥယျာဉ်ထဲမှ Victoria regia Lindl. များသည် အကောင်းဆုံးသော ရှုစားချိန်သို့ ဝင်ရောက်ပါပြီ၊ Victoria regia Lindl. ၏ အရွက်သည် အချင်း နှစ်မီတာကျော် ရှိ၍ အများဆုံးမှာ အလေးချိန် ကီလိုဂရမ် ၆၀-၇၀ ခန့် ခံနိုင်၍ ကလေးကို ပေါ့ပေါ့ပါးပါး ထောက်ထားနိုင်ရုံသာမက ရှည်သွယ်သွယ်ဖြစ်သော လူကြီးကိုလည်း ထောက်နိုင်ပါသည်။
Victoria regia Lindl. များသည် အကောင်းဆုံးသော ရှုစားချိန်သို့ ဝင်ရောက်ချိန်တွင် တရုတ်သိပံ္ပပညာတံခွန်အသင်း ဆစ်ဆောင်ပန်းနား အပူပိုင်းဒေသ ရုက္ခဥယျာဉ်၌ ၂၀၂၀ပြည့်နှစ် “ပဒုမ္မာကြာပန်း ရှုစားခြင်း” ဟူသော လှုပ်ရှားမှုကို ကျင်းပခဲ့ပါသည်၊ ဥယျာဉ်ထဲရှိ တိုင်လူမျိုးဝတ်စုံ ဝတ်ထားသည့် အမှုထမ်းများသည် “ပဒုမ္မာကြာပန်းထဲမှ ဘုရင်”၏ အံ့ဖွယ်ကောင်းသော ညှို့နိုင်စွမ်းကို ရှေ့ဦးစွာ ခံစားပြသခဲ့ပါသည်။
“ပဒုမ္မာကြာပန်း ရှုစားခြင်း” လှုပ်ရှားမှုကို အောက်တိုဘာလ ၇ ရက်နေ့အထိ ဆက်လက်ကျင်းပ၍ Victoria regia Lindl. များ အပြင် ကြာပုဏ္ဍရိတ်ပန်း အမျိုး ၈၀ ကျော်နှင့် ကြာပန်းအမျိုးမျိုးများကို ရှုစားနိုင်ပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့