ဟွေ့ဇယ်ညန့်ရေကန်တွင်ရှိ အနီရောင် ဘတ်ဟွစ်ဂျုံပန်းများသည် ခရီးသည်များကို ဆွဲဆောင်လာ
2020-07-16 15:31|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကောင်းကင်ပြာနှင့် တိမ်ဖြူအောက်ရှိ ချူကျင့်မြို့ ဟွေ့ဇယ်ခရိုင် ညန့်ရေကန် Grus nigricollis နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်၌ အနီရောင် ဘတ်ဟွစ်ဂျုံပန်းများသည် ရေကန်ဘေးတွင် အများအပြား ဝေဝေဆာဆာ ပွင့်ဖူးနေ၍ ယူကွေ့ကုန်းပြင်မြင့်၏ နွေရာသီတွင် ထူးခြားလှပသော ရှုခင်းတစ်မျိုးကို တိုးဖြည့်ပေးပါသည်။
တချောင်မြို့နယ် ညန့်ရေကန်သည် ငှက်အမျိုးမျိုး၏ အပန်းဖြေရန် နိဗ္ဗာန် ဖြစ်၍ နှစ်တိုင်း ဆောင်းရာသီတွင် ငှက်မျိုး ၁၇၉ မျိုး၊ ရေငှက် အကောင် ၃ သောင်းကျော်သည် ဤနေရာသို့ ဆောင်းရာသီကူး လျက်ရှိပါသည်။ ၎င်းအနက်၊ ဤနေရာသို့ ဆောင်းရာသီလာကူးသည့် Grus nigricollis သည် တစ်ကမ္ဘာလုံးရှိ Grus nigricollis စုစုပေါင်းပမာဏ၏ ၁၀ ရာခိုင်နှုန်း ရှိပါသည်။ ဆောင်းရာသီတွင် ရေငှက်များ ကြည့်ရှုခြင်းသည် ညန့်ရေကန်၏ အမှတ်တံဆိပ် တစ်ခု ဖြစ်လာပါပြီ။
ခရီးသည်များကို ပိုကောင်းစွာ လက်တွေ့ခံစားနိုင်စေရန် ဤနှစ် သဘာဝထိန်းသိမ်းရေးဇုန်သည် ညန့်ရေကန်ဘေး၌ Grus nigricollis ကြိုက်စားသည့် အနီရောင်ပန်း ပွင့်ဖူးသည့် ဘတ်ဟွစ်ဂျုံချိုများနှင့် အစိမ်းရောင်ပန်း ပွင့်ဖူးသည့် ဘတ်ဟွစ်ဂျုံခါးများ အမို ၆၀ကို စိုက်ပျိုးခဲ့ပါသည်။ ဘတ်ဟွစ်ဂျုံစိုက်ပျိုးလျှင် ကုန်ကျစရိတ် နည်းပြီး Grus nigricollis ကြိုက်စားပြီး အုပ်ချုပ်ရန် လွယ်ကူ၍ ပန်းပွင့်ကိုလည်း ကြည့်၍ ကောင်းပါသည်။ ထို့ကြောင့် မင်္ဂလာဆောင်ဓာတ်ပုံကို လာရောက်ရိုက်ကူးသည့် လူများသည် တစ်နေ့ထက်တစ်နေ့ များလာပါသည်။ ရင့်မှည့်ပြီးသော ဘတ်ဟွစ်ဂျုံများကို ရိတ်သိမ်း၍ ဆောင်းရာသီတွင် Grus nigricollis များကို အစာကျွေးနိုင်ပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့