ယူနန်သစ်သီးဝလံများကို တရုတ်-ဥရောပ ကုန်တင်ရထားဖြင့် ရုရှားနိုင်ငံသို့ ပထမအကြိမ် တိုက်ရိုက်တင်ပို့
2020-07-15 10:39|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယခုလောလောဆယ် ယူနန်ပြည်နယ် ပေါင်စန်းမြို့ လုံရမ်ရပ်ကွက် ခမ်းယွင် လယ်ထွက်ပစ္စည်းများ စိုက်ပျိုးရေး သီးခြားသမဝါယမမှ သရက်သီး တန်ချိန် ၂၀ ခန့်ကို တရုတ်-ဥရောပ ကုန်တင်ရထား(ချုံချင့်- ရှင်ကျန်- ဥရောပ ရထားလမ်း)ဖြင့် ရှင်ကျန်ပြည်နယ်ခွဲ ဟော့အကိုစီရထားလမ်းဆိပ်ကမ်း မှထွက်ခွာပြီး ယခု ရှရှားနိုင်ငံ မော်စကိုသို့ ရောက်ရှိပါပြီ။ ၎င်းသည် ယူနန်သစ်သီးဝလံများကို တရုတ်-ဥရောပ ကုန်တင်ရထားဖြင့် ရုရှားနိုင်ငံသို့ ပထမအကြိမ် တိုက်ရိုက်တင်ပို့သည် ဖြစ်ပါသည်။
ခမ်းယွင် လယ်ထွက်ပစ္စည်းများ စိုက်ပျိုးရေး သီးခြားသမဝါယမသည် သရက်သီး မိုပေါင်း တစ်ထောင်နီးပါး စိုက်ပျိုးနေ၍ အမျိုးအစားမှာ ရှန့်ရာသရက်သီးနှင့် ကျင်ဟွမ်သရက်သီး နှစ်မျိုး အဓိကရှိပါသည်။ ယခုအချိန်သည် ရှန့်ရာသရက်သီး ရင့်မှည့်ချိန် ဖြစ်၍ ဤအကြိမ် တင်ပို့သည့် သရက်သီးစလုံးသည် ရှန့်ရာသရက်သီး ဖြစ်ပါသည်။ လွန်ခဲ့သည့်နှစ်တွင် ရှရှားသစ်သီးဝလံကုန်သည် သုံးလေးငါးယောက်သည် လုံရမ်သို့ ရောက်လာပြီး ရှန့်ရာသရက်သီးကို မြည်းကြည့်ပြီးနောက် မှာယူခဲ့ပါသည်ဟု သမဝါယမ အဓိကတာဝန်ထမ်းဆောင်သူ ရှင်ကွမ်ဝင်းသည် မိတ်ဆက်ပေးခဲ့ပါသည်။
သစ်သီးဝလံများ လတ်ဆတ်စေရန် ကူမင်းအကောင်တော်ရုံးသည် ကုမ္ပဏီအတွက် အဝေးပြေးလမ်းနှင့် မီးရထားလမ်း ပူးတွဲသယ်ယူပို့ဆောင်ရန် ဘက်စုံပြေပြစ်ညီညွတ်၍ ကုမ္ပဏီသည် တင်ပို့ရန်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို လျင်မြန်စွာ ဆောင်ရွက်ပြီးမြောက် စေခဲ့ပါသည်။ သရက်သီးအပြင် ရှရှားပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များသည် လုံရမ်ရပ်ကွက် မှထွက်သည့် ဖရဲသီး၊ ခရမ်းချဉ်သီး စသည့်အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကိုလည်း စိတ်ဝင်စားဖွယ်ကောင်းလှကြပါသည်။ နောက်နောင်တွင် သမဝါယမသည် စိုက်ပျိုးရေးစခန်း၏ အထားအသိုကို ပိုမိုကောင်းလာအောင် လုပ်ဆောင်၍ တင်ပို့တိုးချဲ့ခြင်းအတွက် အပြည့်အစုံ ပြင်ဆင်ပါမည်။
昆明信息港讯(昆明日报 记者缪亚平) 近日,保山市隆阳区康源农产品种植专业合作社近20吨芒果,搭乘着中欧班列(渝新欧)从新疆霍尔果斯铁路口岸出境,目前已抵达俄罗斯莫斯科。这是云南水果首次通过中欧班列直运出口俄罗斯。
康源农产品种植专业合作社种植近千亩芒果,品种主要为“象牙芒”和“金煌芒”。目前正是“象牙芒”的成熟期,此次出口俄罗斯的芒果均为“象牙芒”。合作社主要负责人线光文介绍,去年几位俄罗斯水果采购商来到隆阳,品尝了“象牙芒”之后就下了订单。
为了保证水果新鲜,昆明海关为企业多方协调公路、铁路无缝联运,帮助企业快速完成出口手续。除芒果外,俄罗斯合作伙伴对隆阳的西瓜、西红柿等果蔬产品也很感兴趣。线光文表示,下一步,合作社将进一步完善种植基地布局,为扩大出口做好充足准备。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့