တောမှိုစားချိန် ရောက်ပါပြီ၊ တောမှိုအစားအစာပွဲကို ပါဝင်ရန် ဖိတ်ခေါ်
2020-07-15 11:27|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဇူလိုင်လ ၆ ရက်နေ့တွင် တာ့တင်းယွမ် အစားအစာ ကုမ္ပဏီလီမိတက် ၁၁ ကြိမ်မြောက် တောမှို အစားအစာပွဲကို စတင်ကျင်းပ ခဲ့ပါသည်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ တောမှိုစားကြိုက်သူတွေသည် ဤကုမ္ပဏီအောက်ရှိ တာ့တင်းယွမ်၊ အိုင်ရိုချွင်း၊ လျူလောင်ရဲပုဇွင်ဇုတ် စသည့် စားသောက်ဆိုင်များသို့ တမူထူးသော တောမှိုအစားအစာများကို သွားရောက်မြည်းကြည့် နိုင်မည်။ ၁၁ ကြိမ် အဆက်မပြတ် ကျင်းပခဲ့သည့် အစားအစာပွဲများကို နှစ်သက်ထောက်ခံ ပေးကြသည့် စားသုံးသူများကို ကျေးဇူးတင်ရန် ဤနှစ် ပွဲကျင်းပရာတွင် အဓိကကျင်းပသူသည် စားသောက်ဆိုင်အသီးသီး၌ ဦးစားပေးသော အချက်အလက်များကို တင်ပြမည်။
ယူနန်ပြည်နယ်၌ ထူးခြားသော ရာသီဥတု အခြေအနေသည် ထွက်ကုန် သယံဇာတပစ္စည်းများ ကြွယ်ဝစေ၍ ၎င်းအနက် ကိုယ်စားပြုမှု အရှိဆုံးသော တောမှိုသည် အစားအစာနှစ်သက်သူများ နှစ်သက်ခံသည်။ တာ့တင်းယွမ်သည် အတွေ့အကြုံများကို အဆက်မပြတ် သုံးသပ်ပေါင်းချုပ်ပြီး ချက်ပြုတ်နည်းကို ဆန်းသစ်တီထွင်ကာ ယူနန်ပြည်နယ်၌ တစ်ခုတည်းရှိသည့် အစားအစာပစ္စည်းများနှင့် ပိုများသော ချက်ပြုတ်နည်းများကို ပြီးပြည့်စုံစွာ ပေါင်းစပ်၍ တရုတ်နိုင်ငံနှင့် အနောက်တိုင်းနိုင်ငံ ပေါင်းစပ်ထားသည့် တောမှိုဟင်းလျာများကို တီထွင်ဖန်တီး ခဲ့ပါသည်ဟု တာ့တင်းယွမ် အစားအစာ ကုမ္ပဏီလီမိတက် ဦးဆောင်ညွှန်ကြားရေးမှူး လှူဇီခွင်က ပြောခဲ့ပါသည်။
ယခင်က ကျင်းပခဲ့သည့် အစားအစာပွဲများကို ထောက်ခံပေးကြသည့် စားသုံးသူများကို ကျေးဇူးတင်ရန် ဤအကြိမ်အစားအစာပွဲ ကျင်းပရာတွင် ကုမ္ပဏီအောက်ရှိ စားသောက်ဆိုင်များတွင် တစ်ခုဝယ်လျှင် တစ်ခုလက်ဆောင်ပေးခြင်း စသည့် ဦးစားပေးခြင်း လှုပ်ရှားမှုများကို ကျင်းပမည် ဟု လှူဇီခွင်က ဆက်လက် မိတ်ဆက်ပေး ခဲ့ပါသည်။
အခု ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ချိန် အတွင်း အစားအစာပွဲ ကျင်းပရာတွင် စားသောက်ဆိုင်များသည် လာရောက်သည့် စားသုံးသူများ အတွက် ခန္ဓကိုယ်အပူချိန် တိုင်းတာခြင်း၊ ပိုးသတ်ဆေးဖြင့် လက်ဆေးခြင်း စသည်တို့ကို ဆောင်ရွက်မည်၊ ထို့ပြင် စားသုံးသူများသည် ဆိုင်ထဲသို့ဝင်ချင်လျှင် နှာခေါင်းစည်းတပ်ရမည် ဟု အဓိကကျင်းပသူသည် သတိပေးပါသည်။
昆明信息港讯 记者合宇聪 7月6日,大滇园企业第十一届野生菌美食节正式拉开帷幕,即日起至9月30日,广大野生菌爱好者可到该企业旗下大滇园、蔼若春、留老爷不准走等门店品尝特色野生菌美食。据悉,美食节期间,主办方将在各门店推出一系列优惠措施,感谢消费者对连续举办了十一届的美食节的厚爱与支持。
大滇园企业董事长刘子昆表示,云南独特的气候条件造就了丰富的物产资源,最具代表性的野生菌一直深受广大美食爱好者的青睐。大滇园不断总结经验,创新烹饪方法,把云南独有的食材和更多的制作手法进行完美结合,创新出中西结合的野生菌菜品。
刘子昆还介绍,为了感谢广大消费者对历届美食节的支持,在本届美食节期间,旗下门店将推出了一系列例如买一送一、幸运抽奖、满减等优惠活动。
主办方提示,由于目前仍处于疫情防控期间,美食节期间,各门店将严格按照防控要求,对进店消费者进行测体温、消毒液洗手等,消费者需戴口罩方可进店消费。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့