ကူမင်းမြို့ မြေအောက်ရထားလမ်းသစ် နှစ်လမ်းသည် ယခုနှစ်အတွင်း စတင်လမ်းပေါက်
2020-07-09 16:58|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဧပြီလ ၁၅ ရက်နေ့ ကူမင်းမြို့ အမှတ် ၆ မြေအောက်ရထားလမ်း ၏ ဒုတိယအပိုင်းသည် ခရီးသည် မသယ်ဘဲ စမ်းသပ်လည်ပတ် ပြီးနောက် ကူမင်းမြို့ အမှတ် ၄ မြေအောက်ရထားလမ်းသည်လည်း မေလ ၃၀ ရက်နေ့တွင် ခရီးသည် မသယ်ဘဲ စတင် စမ်းသပ်လည်ပတ် ခဲ့ပါသည်၊ အတပ်အဆင် ပစ္စည်းကိရိယာများကို မြောက်မြားစွာ ထိန်းညှိစမ်းသပ် ခြင်းအားဖြင့် နှစ်လမ်းသည် ယခုနှစ်အတွင်း ခရီးသည်များကို စတင်သယ်ဆောင်၍ လမ်းပေါက်တော့မည်။
အမှတ် ၄ မြေအောက်ရထားလမ်းသည် ကူမင်းမြို့၌ PPP စနစ်ကို အသုံးပြု၍ ဆောက်လုပ်သည့် ပထမလုပ်ငန်းရပ် ဖြစ်ပါသည်၊ စုစုပေါင်း ၄၃.၄၂၂ ကီလိုမီတာ ရှည်၍ ဘူတာရုံ ၂၉ ခုနှင့် မြေအောက်ရထားရပ်နားစခန်း ၂ ခုကို တည်ဆောက်ထားပါသည်။ ဤလမ်းသည် မြောက်ဘက်တွင် ချန်ကြားယာဉ် (ကျင်ချွမ်လမ်း) မှစ၍ တောင်ဘက်၌ ကူမင်းမြို့တောင်ဘူတာရုံသို့ အထိ ဖြစ်၍ ကူမင်း အဓိကမြို့တွင်းရပ်ကွက်၏ အနောက်မြောက်ဘက်တွင် တည်ရှိနေသော နိုင်ငံတော် အဆင့်မြင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်၊ ကူမင်းအဓိကမြို့တွင်းရပ်ကွက်မှ ဗဟိုနေရာဖြစ်သည့် ဝူဟွာရပ်ကွက်၊ ဖမ်လုံရပ်ကွက်၊ ကွမ်တုရပ်ကွက်၊ အဓိကမြို့တွင်းရပ်ကွက်၏ အရှေ့တောင်ဘက်တွင် တည်ရှိနေသော နိုင်ငံတော် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ် များကို ချိတ်ဆက်ထားပါသည်၊ တောင်ဘက်၌ ချန်ကုန်းရပ်ကွက်နှင့်လည်း ဆက်သွယ်ထားပါသည်။ အမှတ် ၆ မြေအောက်ရထားလမ်း၏ ဒုတိယအပိုင်းသည် ၇.၂၈ ကီလိုမီတာ ရှည်၍ ဘူတာရုံ ၄ ခုကို တည်ဆောက်ထားပါသည်။ ဤလမ်းသည် ထန်ဇီရှန်းမှစ၍ ထန်ဇီရှန်း ဘူတာရုံတွင် အမှတ်၂ မြေအောက်ရထားလမ်းနှင့် အချင်းချင်း ပြောင်းလဲစီး၍ ကျီဟွာဘူတာရုံတွင် အမှတ် ၄၊ အမှတ်၈ မြေအောက်ရထားလမ်းတို့နှင့် အချင်းချင်း ပြောင်းလဲ စီးနိုင်ပါသည်။ လမ်းပေါက်ပြီးနောက် မြို့သူမြို့သား များသည် ထန်ဇီရှန်၌ မြေအောက်ရထားစီးပြီး ကူမင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက်ရောက်နိုင်ပါမည်။
ယခုအချိန် ကူမင်းမြို့တွင် အမှတ် ၁၊ ၂ မြေအောက်ရထားလမ်း၏ ပထမအပိုင်း၊ အမှတ် ၁ မြေအောက်ရထားလမ်း၏ လမ်းခွဲ၊ အမှတ် ၃ နှင့် အမှတ် ၆ ၏ ပထမအပိုင်းများသည် လမ်းပေါက်ပြီ ဖြစ်ပါသည်၊ သွားလာခုတ်မောင်း ခရီးတာသည် ၈၈.၇ ကီလိုမီတာ ရှည်ပြီး ဘူတာရုံ စုစုပေါင်း ၅၉ ခုကို တည်ဆောက်၍ ကူမင်းအဓိကမြို့တွင်းရပ်ကွက်၌ ကြက်ခြေပုံစံ ဖြစ်သည့် မြေအောက်ရထားလမ်း ပဏာမဖြစ်လာပြီ ဖြစ်ပါသည်။
昆明信息港综合整理 自4月15日昆明地铁6号线二期空载试运行后,昆明地铁4号线于5月30日进入空载试运行阶段,通过大量的调试以及设施设备的磨合,两条线路将于年内开通载客运营。
地铁4号线是昆明市首个采用PPP模式投资建设和运营的项目,全线长43.422公里,共设29个车站、2个停车场。线路北端起于陈家营(金川路),南端止于昆明火车南站,串联了主城西北的国家高新技术产业开发区、主城中心的五华区、盘龙区和官渡区,主城东南的国家经济技术开发区,并向南连接呈贡新城。6号线二期长约7.28公里,设4个车站。线路起于塘子巷,设塘子巷站与2号线换乘,设菊华站与4、8号线换乘。通车后,市民即可从塘子巷乘坐地铁直抵机场。
目前,昆明地铁已开通1、2号线首期及1号线支线、3号线和6号线一期,运营里程达88.7公里,车站59座,已初步形成昆明主城区“十”字交叉轨道运行网络。(云南日报 记者龙舟)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့