ယူနန်ကျင်းဖျင်ခရိုင်၌ လိပ်ပြာများသည် လွင့်ပျံ
2020-07-06 17:08|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဇွန်လဆန်း မှစ၍ ယူနန်ပြည်နယ် ကျင်းဖျင် မြောင်လူမျိုး ယောလူမျိုး တိုင်လူမျိုးတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင် မာအန်းတီမြို့နယ်၌ ပိုလောင်းကောင် သန်းပေါင်းတစ်ရာကျော် သည် လိပ်ပြာ ဖြစ်လာ၍ အကြီးအငယ် လက်ဝါးကဲသို့ ရှိပြီး လက်သည်းကဲသို့လည်း ရှိ၍ အရောင်အဆင်း ပြောက်ကျီးပြောက်ကျားသည့် လိပ်ပြာများသည် ပျံသန်းသွားလာသည်ကို ဝါးရုံထဲ၊ ပန်းပင်များထဲ၊ရေကန်ဘေး၊ လမ်းဘေး စသည့်နေရာအနှံ့ ကြည့်နိုင်ပါသည်၊ အထူးသဖြင့် ရှီးဘေကျေးရွာ ဘေးနား၌ တည်ရှိနေသည့် လိပ်ပြာဥယျာဉ်သည် လိပ်ပြာများ၏ ပျော်ပိုက်ရာရိပ်မြုံ ဖြစ်၍ သောင်းပေါင်းများစွာ ထောင်နှင့်ချီသော ရောင်စုံလိပ်ပြာများသည် ပန်းပင်များထဲတွင် အစာရှာခြင်း သို့မဟုတ် မြူးထူးစွာကစားခြင်း ဆောင်ရွက်၍ လှပသော ရှုခင်း တစ်ချပ် ဖြစ်လာပါသည်။
မာအန်းတီမြို့နယ်၌ လိပ်ပြာ အမျိုးမျိုးအစုံစုံ ရှိပါသည်။ တရုတ်နိုင်ငံ၌ လိပ်ပြာအမျိုးအစား ၁၂ မျိုးရင်းရှိပြီး မာအန်းတီ၌ ၁၁ မျိုးရင်း ရှိ၍ အမျိုး ၃၂၀ ရှိ၍ Stichophthalma louisa၊ patriaLeech,1891၊ KALLIAMINACHUS Boisduval၊ Cethosia cyane (Drury)၊ Meandrusa sciron (Leech, 1890)၊ Teinopalpus imperialis Hope,1843၊ Papilio (Menelaides) memnon Linnaeus စသည်တို့ ပါဝဝင်ပြီး စုစုပေါင်း အရေအတွက် သန်းပေါင်းတစ်ရာကျော် ရှိပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့