“ရေအရည်အသွေး၏ ကုက္ကလံ” Otteliaacuminata var. acuminate များသည် ယူနန်ပြည်နယ် နေရာများမှ ရေထဲ၌ ပေါ်ပေါက်လာ
2020-06-30 10:10|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) Otteliaacuminata var. acuminate သည် တရုတ်နိုင်ငံ၌ ထူးခြားစွာ အသွင်ဆောင်သည့် ရှားပါးသော ရေနေပင် ဖြစ်၍ ရေအရည်အသွေး အတွက် တောင်းဆိုချက်များ သောကြောင့် “ရေအရည်အသွေး၏ ကုက္ကလံ” အဖြစ်လည်း ခေါ်ပေးလျက်ရှိသည်။ Ottelia acuminata var. acuminate များသည် ပေါ်ထွက်လာသည်မှာ ရေထဲမှ ဇီဝပတ်ဝန်းကျင်သည် များများ တိုးမြှင့်လာခြင်းကို သရုပ်ဆောင်ထားပါသည်။ အခုရက်များတွင် လစ်ကျန်းမြို့ နင့်လန်ခရိုင် လူကူးကန်၊ ချူကျင့်မြို့ ဇိုင်းယီခရိုင် ဟိုင်ဖုန်းစိုစွတ်မြေ၊ တလီပြည်နယ်ခွဲ အယ်ယွန်ခရိုင် စီဘိကန်၊ တုန်းကန်၊ ကူမင်းမြို့ တိန်ချီးစောင်ဟိုင်ကန် စသည့် နေရာများမှ ရေထဲ၌ Ottelia acuminata var. acuminate များသည် ဝေဝေဆာဆာ ပွင့်ဖူးနေပါသည်။
Ottelia acuminata var. acuminate များသည် ရှင်သန်းကြီးထွားလာသည့် ပတ်ဝန်းကျင် အတွက် တောင်းဆိုချက်သည် အလွန်မြင့်မား၍ ပိုမြင့်သော အာဟာရတန်းဖိုး ရှိပါသည်။ ၂၀၁၃ ခုနှစ် မှစ၍ ယူနန်ပြည်နယ် တလီပြည်နယ်ခွဲ အယ်ယွန်ခရိုင် ရုတ်စိုမြို့နယ် တုန်းကန်စိုစွတ်မြေ ထွန်စန်းဒေသ၌ Ottelia acuminata var. acuminate များကို သွင်းယူစိုက်ပျိုး၍ အမို ၅၀ ကျော် ကျယ်ဝန်းပါသည်။ အခုတလော တစ်ခရိုင်လုံးအတွင်း Ottelia acuminata var. acuminate အမို ၃၀၀၀ ကျော် စိုက်ပျိုးနေ၍ ရာသီလေးပါးတွင် ဆွတ်ခူးနိုင်ပါသည်၊ နှစ်တိုင်း ထွက်ကုန်အရေအတွက်သည် တစ်မို ဂရမ် ၃.၅ ထောင်ခန့် ရှိပြီး တစ်မို၏ အကျိုးစီးပွားသည် အယွမ် ၇ ထောင်ခန့် ရှိ၍ လစ်ကျန်း၊ ကူမင်း နှင့် ပြည်နယ်ပ နေရာအသီးသီးသို့ ရောင်းချ၍ ဒေသခံ လယ်သမားများသည် ချမ်းသာကြွယ်ဝစေရန် တွန်းအားပေးပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့