ယူနန် ကွန်နန်-နစာ အဝေးပြေးလမ်းမကြီး ဇွန်လ ၃၀ ရက်နေ့ ၂၄နာရီတွင် တရားဝင် လမ်းပေါက်မည်
2020-06-29 15:55|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကွန်နန်-ရှင်းကျေး အဝေးပြေးလမ်းမကြီးမှ ကွန်နန်-နစာ လမ်းထောက်၏ အတိုကောက်အမည်သည် ကွန်နန်-နစာ အဝေးပြေးလမ်းမကြီး ဖြစ်၍ ဇွန်လ ၃၀ ရက်နေ့ ၂၄နာရီတွင် တရားဝင် လမ်းပေါက်မည်။
ကွန်နန်-နစာ အဝေးပြေးလမ်းမကြီး စီမံကိန်းသည် စုစုပေါင်း ၄၉.၆ ကိုလိုမီတာ ရှည်ပြီး လိုဏ်ခေါင်းနှင့် တံတားများသည် လမ်းပေါက်မည့် ခရီးတာ၏ ၄၉.၇၁ ရာခိုင်နှုန်း ရှိ၍ စီမံကိန်းတစ်ခုလုံးသည် ဝေစန်းပြည်နယ်ခွဲ ကွန်နန်ခရိုင်တွင်း တည်ရှိနေပြီး လျန်ချမ်၊ ကျုပ်မော်၊ ဝူဇူး၊ နစာ ဖြစ်သည့် ပြည်နယ် ၄ ခုကို ဖုံးလွှမ်းထားပါသည်၊ အရှန်အဟုန် တစ်နာရီလျှင် ကီိလိုမီတာ ၈၀ စီစဉ်၍ တံတား ၅၁ ခု၊ လိုဏ်ခေါင်း ၁၂ ခု ပါဝင်၍ ဝူဇူး၊ ကျုပ်မော်၊ ကွန်နန် ဖြစ်သော ဝင်ပေါက်ထွက်ပေါက် ၃ ခုကို စီစဉ်ထားပါသည်။
ဤလမ်းမကြီးသည် မြောက်ဘက်၌ ကွန်ရှီးပြည်နည် ရှီးလင်ခရိုင်နှင့် ဆက်သွယ်ပြီး တောင်ဘက်၌ နိုင်ငံတော် အဝေးပြေးလမ်းမကြီး G5615 မှ ထျန်ပေါင်-ဟုတ်ချောင် အဝေးပြေးလမ်းမကြီးနှင့် ဆက်သွယ်၍ ကွန်နန်ခရိုင်မှ ဝေစန်းမြို့သို့ သွားရောက်သည့် အရေးကြီးသော ပင်မလိုင်းဖြစ်ပြီး ယူနန်နှင့် ကွန်ရှီး ပြည်နယ် ၂ ခုတို့ကို ဆက်သွယ်သည့် အရေးကြီးသော ပေါက်ရောက်ရာလမ်းဖြစ်ပြီး ယူနန်ပြည်နယ် ဝေစန်းပြည်နယ်ခွဲ၏ အဓိက ကားလမ်းကွန်ရက်၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပါသည်။
လမ်းပေါက်ပြီးနောက် ဝေစန်းမြို့မှ ကွန်နန်ခရိုင်သို့ ကားမောင်းလျှင် လိုသည့် အချိန်သည် ယခင်က ၂ နာရီနှင့် ၁၅ မိနစ်ကြာမှ ၁ နာရီခွဲသို့ အတိုချို့၍ ကွန်နန်ခရိုင်မှ နစာမြို့နယ်သို့ ရောက်လျှင် ယခင်က ၁၀၀ မိနစ်ကြာမှ ၄၀ မိနစ်ကြာသို့ အတိုချို့၍ လမ်းတစ်လျှောက်မှ ဒေသတို့၏ စီးပွားရေး ကူးသန်းရောင်းဝယ်ရေး အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်စေရန် နှင့် စီးပွားရေး လူမှုရေး ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးသက်ရောက်စွာ တွန်းအားပေးနိုင်မည်။
昆明信息港综合整理 广南至兴街高速公路的广南至那洒段,简称广那高速公路,将于2020年6月30日24时正式通车运营。
广那高速公路项目线路全长49.6km,桥隧里程占通车里程的49.71%,项目全段均位于文山州广南县内,全线涉及莲城、旧莫、五珠、那洒等四个乡镇,设计时速为80公里/小时,其中有51座桥梁、12座隧道,共设有五珠、旧莫、广南3个出入口。
广那高速公路是北连广西西林,南接国高G5615天猴高速,是广南县通往州府文山市的主要干线,连接云南和广西两省的重要通道,也是云南省文山州骨架公路网的重要组成部分。
通车运营后,文山市至广南县的车程将从2小时15分钟左右,缩减到1小时30分钟,广南县至那洒镇的车程也由原来的100分钟缩短为40分钟,将有效促进沿线地区经贸往来和经济社会发展。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့