ဤကုန်ထုတ်လုပ်သည့် ရာသီချိန်အတွင်း ယူနန်ပြည်နယ်တွင်း သကြား အတန် ၂၁၆ သောင်း ထုတ်လုပ်ပါပြီ

2020-06-28 17:24|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မေလကုန်အထိ ယူနန်ပြည်နယ်တွင်း သကြား အတန် ၂၁၆.၁၃ သောင်း ထုတ်လုပ်ပြီ ဖြစ်၍ လွန်ခဲ့သည့် ကုန်ထုတ်လုပ်သည့် ရာသီချိန်ထက် အတန် ၈ သောင်း ပိုများပြီး ထုတ်လုပ်ပါသည် ဟု သတင်းထောက်သည် အခုတလော တရုတ်နိုင်ငံ သကြားလုပ်ငန်းများ အသင်း၏ သတင်းအရ သိရှိရခဲ့ပါသည်။

ယူနန်သည် တရုတ်နိုင်ငံတွင်း သကြား ထုတ်လုပ်ခြင်း အများဆုံးသော ပြည်နယ်များထဲမှ တစ်ခု ဖြစ်ပါသည်၊ ဇွန်လ ၁၂ ရက်နေ့အထိ ယူနန်ပြည်နယ်၌ သကြားကြိတ်ခြင်း ရပ်စဲသည့် သကြားစက်ရုံ ၄၉ ခု ရှိပါပြီ၊ သကြားမသိမ်းသည့် စက်ရုံ ၁ ရုံသာ ကျန်ရိပါသည်။ မေလကုန် အထိ၊ ဤကုန်ထုတ်လုပ်သည့် ရာသီချိန်အတွင်း ယူနန်ပြည်နယ်တွင်း ကြံပင် အတန် ၁၆၇၄.၄၄ သောင်းကို ကြိတ်၍ သကြား အတန် ၂၁၆.၁၃ သောင်း ထုတ်လုပ်ပြီး သကြားထွက်နှုန်း ၁၂.၉၁ ရာခိုင်နှုန်းဖြစ်၍ သစ်လွင်သော သကြား အတန် ၉၉.၉၆ သောင်း ရောင်းချပြီး ရောင်းချနှုန်း ၄၆.၂၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ တစ်နိုင်ငံလုံးမှ ကြည့်လျှင် ဤကုန်ထုတ်လုပ်သည့် ရာသီချိန်အတွင်း တစ်နိုင်ငံလုံးတွင်း စားသုံးသကြား အတန် ၁၀၄၀.၇၂ သောင်း ထုတ်လုပ်၍ လွန်ခဲ့သည့် ကုန်ထုတ်လုပ်သည့် ရာသီချိန်ထက် အတန် ၃၅.၃၂ သောင်း လျှော့ကျပါသည်။ ၎င်းအနက်၊ ကွန်ရှီးပြည်နယ်၌ သကြား အတန် ၆ သန်း ထုတ်လုပ်ပြီး အများဆုံးသော ပြည်နယ်ဖြစ်၍ ယူနန်ပြည်နယ်၌ သကြား အတန် ၂၁၆.၁၃ သောင်း ထုတ်လုပ်ပြီး ဒုတိယအများဆုံးသော ပြည်နယ်ဖြစ်၍ နေမန်ဂူ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသ၌ သကြား အတန် ၇၂.၅ သောင်း ထုတ်လုပ်ပြီး တတိယ အများဆုံးသော ပြည်နယ် ဖြစ်ပါသည်။

昆明信息港讯(昆明日报 记者杨官荣)记者日前从中国糖业协会获悉,截至5月底,云南产糖216.13万吨,比上榨季多产糖8万吨。

云南是国内产糖大省之一,截至6月12日,云南已有49家糖厂停榨,仅有1家糖厂尚未收榨。截至5月底,本榨季云南累计入榨甘蔗1674.44万吨,产糖216.13万吨,产糖率12.91%,累计销售新糖99.96万吨,销糖率46.25%。从全国来看,本榨季全国共生产食糖1040.72万吨,比上季制糖期少产糖35.32万吨。其中,广西产糖600万吨位列第一,云南产糖216.13万吨位列第二,内蒙古产糖72.5万吨位列第三。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်