ယူနန်ပြည်နယ်နှင့် ကူမင်းမြို့ “ကျွန်မတို့၏ ပွဲတော်- ကောက်ညင်းထုတ်ပွဲတော် ” လှုပ်ရှားမှုကို ဖန်လုံဒေသ၌ ကျင်းပခဲ့
2020-06-24 14:57|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဇွန်လ ၂၂ ရက်နေ့တွင် ယူနန်ပြည်နယ်နှင့် ကူမင်းမြို့ ၂၀၂၀ခုနှစ် “ကျွန်မတို့၏ ပွဲတော်- ကောက်ညင်းထုတ်ပွဲတော် ” ခေါင်းဆောင်ဖြင့် လှုပ်ရှားမှုကို ဖန်လုံဒေသ ပင်းကျန်းကျွင့်ယွန် ကွင်းပြင်၌ ကျင်းပခဲ့ပါသည်။
ကောက်ညင်းထုတ်ပွဲတော်သည် တရုတ်နိုင်ငံ၏ အရေးကြီးသော ရိုးရာပွဲတော် ဖြစ်၍ တရုတ်နိုင်ငံတွင် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် အဖြစ် ပထမဦးဆုံး သတ်မှတ်ခဲ့သည့် ပွဲတော်လည်း ဖြစ်၍ ကျယ်ပြန့်နက်ရှိုင်းသော ယဉ်ကျေးမှု ထိခိုက်နိုင်စွမ်း ရှိပါသည်။ ဤနှစ် လှုပ်ရှားမှု၏ ခေါင်းဆောင်သည် “ကောက်ညင်းထုတ်ပွဲတော်ကို ခံစားခြင်း၊ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းခြင်း” ဖြစ်၍ ရည်မှန်ချက်မှာ ပွဲတော် လှုပ်ရှားမှုကို နက်ရှိုင်းဆက်လက်စွာ ကျင်းပခြင်းအားဖြင့် ကောင်းမွန်ထူးချွန်သော ရိုးရာယဉ်ကျေးမှုကို လက်ဆင့်ကမ်းပြီး ခေတ်ကာလတွင် ယဉ်ကျေးသော အကျင့်ဓလေ့သစ်ကို အဆိုပြုပြီး မြို့သူမြို့သားများသည် ယဉ်ကျေးမှုအသိစိတ် ခိုင်မြဲစေရန်၊ ယဉ်ကျေးမှု ယုံကြည်စိတ် ခိုင်မြဲစေရန် ရှေ့ဆောင်ညွှန်ပြ၍ ယဉ်ကျေးသောမြို့ပြ တည်ဆောက်ခြင်း အောင်မြင်မှုကို အတူတကွ တည်ဆောက်ပြီး အတူစံစားရန် ဖြစ်ပါသည်။ လှုပ်ရှားမှု ကျင်းပရာနေရာ၌ “ကောက်ညင်းထုတ်ပွဲတော်တွင် မွှေးရနံ့ လွင့်စေခြင်း” ပြိုင်ပွဲ၊ “ကြက်ဥပေါ်တွင် ပန်းချီဆွဲခြင်း” လှုပ်ရှားမှု စသည်တို့ကို စီစဉ်၍ ဧည့်သည်များနှင့် မြို့သူမြို့သားများ တို့ကို ဆွဲဆောင်လာ၍ ပွဲတော်၏ ညှို့နိုင်စွမ်းကို အတူတူ ခံစားခဲ့ပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့