ကူမင်းမြို့ ဈေးကွက်တွင် တောမှို အများအပြား စတင်ရောင်းချ၍ ဈေးနှုန်းသည် တစ်နေ့ထက်တစ်နေ့ ပိုချိုလာ

2020-06-18 18:11|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုရက်များတွင် မိုးရွာခြင်း နှင့်အမျှ Thelephora ganbajun Zang၊ Lactarius volemus၊ ချောင်မြန်မှို၊ ဖီထျောင်မှို စသည့် တောမှို အမျိုး ၂၀ ကျော်ကို ဈေးတွင် ရှေ့စဉ်နောက်ဆက် စတင်ရောင်းချ၍ နေ့တိုင်း ရောင်းချသည့် တောမှိုအရေအတွက်သည် အတန် ၁၅၀ နီးပါး ရှိပြီး လွန်ခဲ့သည့် လဝက်ထက် ၅ ဆ တိုးပွားလာ၍ တောမှို အမျိုးမျိုးတို့၏ ဈေးသည်လည်း များများ ကျဆင်းလာပြီး တစ်နေ့ထက်တစ်နေ့ ပိုချိုလာပါသည်။

554948_670x670

554949_670x670

ဈေးတွင် စတင်ရောင်းချသည့် တောမှို အမျိုး ၂၀ ကျော်ရှိ

ဇွန်လ ၁၅ ရက်နေ့တွင် သတင်းထောက်သည် မူဆွေဟွာ တောမှို ရောင်းဝယ်ရေးဈေးတန်းသို့ လက်တွေ့ ကွင်းဆင်းလေ့လာခဲ့ပါသည်။ တောမှို၏ အမျိုးအစားသည် များပြားလှ၍ ယခင်က ဈေးတွင် စတင်ရောင်းချခဲ့သည့် Boletus မျိုးများနှင့် Collybia albuminosa များတို့ အပြင် ဈေးချိုသည့် Lactarius volemus၊ Russula virescens၊ Ramaria botrytoides၊ ချောင်မြန်မှိုနှင့် အရည်အသွေးကောင်းပြီး ဈေးကြီးသော Thelephora ganbajun Zang နှင့် Tricholoma matsutake (lto et lmai) Singer များကိုလည်း ဈေးတွင် စတင်ရောင်းချပါသည်။ ယခု ဈေးတွင် စတင်ရောင်းချသည့် တောမှိုများသည် အမျိုး ၂၀ ကျော် ရှိ၍ Boletus မျိုးနှင့် Collybia albuminosa များတို့ကို အဓိက ရောင်းချနေပါသည်။

554951_670x670

554952_670x670

554953_670x670

Tricholoma matsutake (lto et lmai) Singer ၏ဈေးသည် များများ ကျဆင်းလာ

ယခုတလော ဈေးတွင် ရောင်းချနေသည့် တောမှိုများ၏ ဈေးနှုန်းသည် တည်ငြိမ်စွာ နေ၍ Collybia albuminosa တစ်ကီလိုဂရမ် ယွမ် ၁၀၀ မှ ၄၅၀ အထိ ဖြစ်ပြီး Boletus luridus တစ်ကီလိုဂရမ် ယွမ် ၈၀ မှ ၂၃၀ အထိ ဖြစ်ပါသည်။ လွန်ခဲ့သည့် လဝက် မတိုင်မီ တစ်ကီလိုဂရမ် ယွမ် ၁၀၀၀ ဖြင့် ရောင်းချခဲ့သည့် Russula virescens များကို ယခု ယွမ် ၉၀ မှ ၂၆၀ သာဖြင့် ဝယ်ယူနိုင်ပါသည်။ ထို့ပြင်၊ ဈေးတွင် စတင်ရောင်းချနေသည့် Lactarius volemus၊ ချောင်မြန်မှို၊ Ramaria botrytoides များ၏ ဈေးနှုန်းသည် ပိုချိုပြီး တစ်ကီလိုဂရမ် ယွမ် ၁၀၀ နီးပါးသာ ဖြစ်ပါသည်။ ချူရွှန်မြို့မှ ထွက်သည့် Thelephora ganbajun Zang များ၏ ဈေးသည် တစ်ကီလိုဂရမ် ယွမ် ၆၀၀ မှ ၉၅၀ အထိ ဖြစ်၍ ဝေစန်းမြို့မှ ထွက်သည်မှာ ယွမ် ၃၀၀ မှ ၄၀၀ အထိ ဖြစ်ပါသည်။ ဈေးတွင် ဈေးနှုန်းကျဆင်းမှု အကြီးဆုံးသော တောမှိုသည် ရှန်ဂရိလာမြို့မှ ထွက်သည့် Tricholoma matsutake (lto et lmai) Singer ဖြစ်၍ ယခု တစ်ကီလိုဂရမ် ယွမ် ၉၀၀ မှ ၁၅၀၀ အထိ ဖြစ်ပါသည်။ တောမှို၏ ထွက်ကုန်အရေအတွက်သည် ဈေးကို တိုက်ရိုက်ထိခိုင် နိုင်ခြင်းအကြောင်း၊ ၁၀ ရက်ကြာ မတိုင်မီ Tricholoma matsutake (lto et lmai) Singer များ၏ ဈေးသည် တစ်ကီလိုဂရမ် ယွမ် ၁.၅ သောင်း ဖြစ်သေးသော်လည်း အခုရက်များတွင် ထွက်ကုန်အရေအတွက် များလာသောကြောင့် ဈေးသည်လည်း များများ ကျဆင်းလာပါသည် ဟု ကုန်သည်များ မိတ်ဆက်ပြောပြ ခဲ့ပါသည်။

554955_670x670

မိုးရာသီ ကျရောက်နေသည်နှင့်အမျှ ယူနန်ပြည်နယ် နေရာအသီးသီး၏ ဈေးတွင် တောမှိုများကို  ရှေ့စဉ်နောက်ဆက် စတင်ရောင်းချနေပါပြီ ဖြစ်၍ အမျိုးအစားလည်း ပေါများကြွယ်ဝပါသည် ဖြစ်ကြောင်း၊ အခု ဈေးတွင် နေ့တိုင်း ရောင်းချသည့် တောမှို အရေအတွက်သည် အတန် ၁၅၀ နီးပါး ရှိ၍ ဈေးသည်လည်း သက်သာပါသည် ဖြစ်ကြောင်း၊ တောမှို အကြီးအကျယ် ရောင်းချသည့် အချိန်ကာလသို့ ချက်ချင်း လာရောက်တော့မည်ဟု မူဆွေဟွာ တောမှို ရောင်းဝယ်ရေးဈေးတန်း မန်နေဂျာ ချမ်အိုင်လီသည် ပြောပြခဲ့ပါသည်။ ဤနှစ် တောမှိုကို ဈေးတွင် စတင်ရောင်းချသည့် အချိန်သည် မနှစ်ကထက် ပိုမိုနောက်ကျ သော်လည်း ရောင်းချသည့်အရေအတွက်သည် မနှစ်ကနှင့် ကွာခြားချက် မကြီးပေ ဖြစ်ပြီး ဈေးသည်လည်း မနှစ်ကထက် နည်းနည်းသာ ကြီးပါသည်။ တစ်နှစ်လုံးတွင် ဇူလိုင်လမှ သြဂုတ်လအထိ ထွက်သည့်တောမှို၏ အရည်အသွေးသည် အကောင်းဆုံး ဖြစ်၍ ဈေးသည်လည်း အချိုဆုံး ဖြစ်ပါသည်။

554957_670x670

ယခုဈေးကွက်တွင် ယူနန်ပြည်နယ်မှ ထွက်သည့် တောမှိုများအပြင် ဟိုနန်ပြည်နယ်မှ ထွက်သည့် Collybia albuminosa များလည်း ရှိ၍ ဈေးသည် တစ်ကီလိုဂရမ် ယွမ် ၁၃၀ မှ ၁၄၀ အထိ ဖြစ်ပါသည်။ ဟိုနန်၏ Collybia albuminosa များသည် Collybia albuminosa ဆီကို ကြော်ရန် ပိုမိုသင့်တော်ပါသည်။

တောမှို အမျိုးမျိုး၏ ဈေးစာရင်း (တစ်ကီလိုဂရမ်)
Collybia albuminosa ။။ ယွမ် ၁၀၀ မှ ၄၅၀ အထိ
Collybia albuminosa (ဟိုနန်ပြည်နယ်မှ ထွက်သည်)။။ ယွမ် ၁၃၀ မှ ၁၄၀ အထိ
Boletus luridus ။။ ယွမ် ၈၀ မှ ၂၃၀ အထိ
Russula virescens ။။ ယွမ် ၉၀ မှ ၂၆၀ အထိ
Thelephora ganbajun Zang (ချူရွှန်မြို့မှ ထွက်သည်)။။ ယွမ် ၆၀၀ မှ ၉၅၀ အထိ
Thelephora ganbajun Zang (ဝေစန်းမြို့မှ ထွက်သည်)။။
ယွမ် ၃၀၀ မှ ၄၀၀ အထိ
Tricholoma matsutake (lto et lmai) Singer ။။ ယွမ် ၉၀၀ မှ ၁၅၀၀ အထိ
Lactarius volemus ။။ ယွမ် ၁၀၀ နီးပါး
ချောင်မြန်မှို ။။ ယွမ် ၁၀၀ နီးပါး
Ramaria botrytoides ။။ ယွမ် ၁၀၀ နီးပါး

昆明信息港综合整理 这几天随着阴雨天气的来临,干巴菌、奶浆菌、荞面菌、皮条菌等20多种野生菌陆陆续续上市,每天的上市量有150吨左右,与半个月前相比,野生菌上市量翻了5倍,各类野生菌价格也大幅降低,日趋实惠。

554948_670x670

554949_670x670

上市菌子达20多种

6月15日,记者来到木水花野生菌交易市场实地走访。野生菌品种多样,除了之前上市的牛肝菌类和鸡枞外,价格亲民的奶浆菌、青头菌、扫帚菌、荞面菌,以及高档野生菌干巴菌和松茸也进入了市场。据了解,目前上市的野生菌达20多种,牛肝菌类和鸡枞占据市场半壁江山。

554951_670x670

554952_670x670

554953_670x670

松茸价格大跳水

目前,市场上的野生菌价格普遍比较平稳,鸡枞在100~450元/公斤,红牛肝菌在80~230元/公斤。半个月前商户叫价1000元/公斤的青头菌,目前90~260元/公斤。而刚上市的奶浆菌、荞面菌、扫帚菌,价格更为亲民,每公斤在100元左右。楚雄产的干巴菌价格在600~950元/公斤,文山产的价格在300~400元/公斤。据商户介绍,市场上价格跌幅最大的是来自香格里拉的松茸,目前900~1500元/公斤。“野生菌产量的多少直接影响价格。”商户介绍,10天前,松茸价格还高达1.5万元/公斤,这两天量一上来,价格就猛地降了下来。

554955_670x670

据木水花野生菌交易市场经理成爱丽介绍,随着雨季到来,云南各地野生菌已陆续上市,而且种类丰富。目前该市场每天的上市量有150吨左右,价格也比较实惠,意味着马上就要进入野生菌上市高峰期。
今年野生菌整体上市时间比去年晚,但上市量差不多,价格也没比去年贵多少。全年当中,7~8月的野生菌品质最好,价格也是最低的。

554957_670x670

目前,除了云南本地的野生菌,市场上还有来自湖南的鸡枞,价格在130~140元/公斤。湖南的鸡枞比较适合炸鸡枞油。

各类菌子市价表

鸡枞:100~450元/公斤

鸡枞(湖南产):130~140元/公斤

红牛肝菌:80~230元/公斤

青头菌:90~260元/公斤

干巴菌(楚雄产):600~950元/公斤

干巴菌(文山产):300~400元/公斤

松茸:900~1500元/公斤

奶浆菌:100元左右

荞面菌:100元左右

扫帚菌:100元左右

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်