လေကြောင်းမှ တရုတ်ရိုက်ကူးခြင်းဟူသော မှတ်တမ်းတင်ရုပ်ရှင်ကားသည် ယူနန်အလှအပများ ပြသ၍ လစ်ကျန်းရှုခင်းကို ပြန်ပြောင်းသုံးသပ်

2020-06-17 15:31|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မေလ ၂၁ ရက်နေ့တွင် လေကြောင်းမှ တရုတ်ရိုက်ကူးခြင်းဟူသော မှတ်တမ်းတင် ရုပ်ရှင်ကား၏ တတိယအကြိမ် အစီအစဉ် ဖြစ်သော အတူတူ ပျံသန်းဖြတ်ကျော်ခြင်းကို အထူသဖြင့် တင်ပြခဲ့ပါသည်၊ ပထမအပိုင်းသည် ယူနန်ပြည်နယ်၏ ကောင်းကင်ယံရှုခင်းအလှကို ပြသခဲ့ပါသည်။ ဤအပိုင်းထဲတွင် ယခင်၌ ရိုက်ကူးပြသခဲ့သည့် လစ်ကျန်းရှုခင်းကို အတူတူ ပြန်ပြောင်းသုံးသပ်ပါ။

ယိလုံနာဆီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် စီကိုမြို့နယ် အကွေ့

139090649_15905442224981n

139090649_15905443718311n

ဤအကွေ့သည် လစ်ကျန်းရှေးဟောင်းမြို့ အနောက်မြောက်ပိုင်း ၄၅ ကီလိုမီတာ ကာဝေးသည့် စီကိုမြို့နယ်၌ တည်ရှိနေ၍ ကျင်ဆာမြစ်သည် ဤနေရာ၌ ဒီဂရီ ၁၈၀ ကျော် ချိုးကွေ့သောကြောင့် နာမည်ကျော်သော“လီပေါင်းတစ်သောင်း ရှည်လျှားသည့် ယန်စီမြစ်မှ အကြီးဆုံးသော အကွေ့”ဖြစ်လာပါသည်။ ဤနေရာကို နာဆီဘာသာစကားဖြင့် “စိဘာ”ဟု ခေါ်၍ အနက်အဓိပ္ပယ်မှာ “ကျားသည် အသံရှည်ဖြင့် မြည်ကြွေးသည့် နေရာ”ဖြစ်ပါသည်။ ဤအကွေ့သည် တောတောင်ရေမြေ ဝဲရစ်၍ ရှုခင်းရှုကွက်များမှာ ပန်းချီအလှဆေးခြယ်သထားဘိ သကဲ့သို့ “ကျန်းနန်ငယ်”အမည်ကောင်း ရှိပါသည်။ ၎င်းသည် လစ်ကျန်း၏ အရေးကြီးသော ရှုခင်းသာရပ်ကွက် ဖြစ်ရုံသာမက လောင်ကျွင်းတောင် ရှုခင်းသာရပ်ကွက်နှင့်“မြစ်သုံးကြောင်း အတူတူ စီးဆင်းခြင်း” ရှုခင်းသာရပ်ကွက်တို့သို့ ဝင်ရောက်သည့် အရေးကြီးသော နေရာလည်း ဖြစ်ပါသည်။

လူကူကန်

139090649_15905443063821n

139090649_15905443653261n

139090649_15905443949531n

139090649_15905444414581n

ကုန်းပြင်မြင့်မှာ အရောင်တောက်ပသော ပုလဲဟု တင်စားခေါ်ဝေါ်သည့် လူကူကန်သည် ယူနန်ပြည်နယ် ကုန်းပြင်မြင့်ရေကန် ၉ ခုထဲမှ ၁ ခု ဖြစ်၍ ယူနန် ပြည်နယ်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်၊ ပြည်နယ်အဆင့် ခရီးသွားအပန်းဖြေနေရာ၊ နိုင်ငံ AAAA အဆင့် လည်ပတ်ကြည့်ရှုရန်ဒေသလည်း ဖြစ်ပါသည်။ လူကူကန်ဘေးနား၌ နေထိုင်နေကြသည့် မိုစူးလူမျိုးတို့သည် “ယောကျာ်းသည် မိန်းမယူ၊ မိန်းမသည် မပေးစား၊ ကြိုက်သလို တကွဲတပြားစီကွဲကွာကြရခြင်း” ဖြစ်သော “နံနက်မလင်းခင် အမျိုးသားက အိမ်မှ ထွက်ခွာရသော(ယူနန်ပြည်နယ် မိုစူးလူမျိုးတို့၏ လက်ထပ်ဓလေ့ထုံးစံ)” လက်ထပ်မှုဓလေ့ကို ယခုအထိ ထိန်းသိမ်းလျက်ရှိနေပါသည်၊ “အရှေ့ပိုင်း အမျိုးသမီး တိုင်းပြည်” အမည်ကောင်း ရှိပါသည်။

လစ်ကျန်းရှေးဟောင်းမြို့

139090649_15905445118421n

139090649_15905445333491n

139090649_15905446443601n

139090649_15905446155401n

လစ်ကျန်းရှေးဟောင်းမြို့သည် မြစ်ချောင်းအင်းအိုင်နှင့် တောင်တန်းများ ပေါများသောအရပ် ဖြစ်၍ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်၊ နိုင်ငံတော် သမိုင်းဝင် ယဉ်ကျေးမှု နာမည်ကြီးမြို့၊ နိုင်ငံတော် AAAAAအဆင့် ရှုခင်းသာရပ်ကွက်၊ တစ်နိုင်ငံလုံး ယဉ်ကျေးသော ရှုခင်းသာရပ်ကွက်တို့ ဖြစ်ပါသည်။ လစ်ကျန်းရှေးဟောင်းမြို့တွင် ထွေပြားစုံလင်သော ဒေသခံ လူမျိုးဓလေ့ထုံးစံနှင့် ဖျော်ဖြေရေး လှုပ်ရှားမှုများ ရှိပါသည်၊ ဥပမာအားဖြင့် နာဆီလူမျိုး၏ ရှေးဟောင်းရိုးရာ ဂီတ၊ တုံးပါးအခမ်းအနား၊ ရှေးဟောင်းမြို့၏ အရက်ဗားနှင့် နာဆီလူမျိုး၏ မီးတုတ်ပွဲ စသည်တို့ ထူးခြားလှပါသည်။လစ်ကျန်းရှေးဟောင်းမြို့သည် ရှေးခေတ်တုန်းက တရုတ်နိုင်ငံ၏ မြို့ပြ တည်ဆောက်ပုံ၏ အရေးကြီးသော အောင်မြင်မှုကို ထင်ဟပ်ပြသ၍ တရုတ်နိုင်ငံ အရပ်သားနေအိမ်မျိုးများ ထဲတွင် ထင်ရှားသော ထူးခြားချက်များနှင့် ဟန်အမူအရာများ ရှိသည့် အမျိုးတစ်မျိုး ဖြစ်ပါသည်။

ယိလုံဆီးနှင်းတောင်

139090649_15905446925761n

139090649_15905447201651n

139090649_15905451538511n

139090649_15905448376271n

ယိလုံဆီးနှင်းတောင်သည် နေရာအနှံ့ ငွေဖြူအရောင် ဖြစ်၍ တောင်အထွတ်အထိပ် ၁၃ လုံး မပြတ်မလပ် ဆက်စပ်လျက်ရှိသည်။ ယိလုံဆီးနှင်းတောင်၏ ကျောက်ဆောင် အမျိုးအစားသည် ထုံးကျောက်ကျောက်ဆောင်နှင့် မီးတောင်ချော်နက်တို့ အဓိကဖြစ်ပြီး အဖြူနှင့်အမည်း ထင်ထင်ရှားရှား ကွဲပြားသောကြောင့် “အဖြူအမည်း ဆီးနှင်းတောင်”ဟုလည်း ခေါ်လျက်ရှိသည်။ ဤနေရာတွင် ခရီးသွား သယံဇာတပစ္စည်းများ ပေါများကြွယ်ဝ၍ ရှုခင်းသည် ဆီးနှင်း-ရေခဲမြစ် ရှုခင်း၊ ကုန်းမြင့် မြေနိမ့်အရပ် ရှုခင်း၊ သဘာဝသစ်တောရိုင်း ရှုခင်း၊ ဆီးနှင်းတောင်၏ ရေရှုခင်း စသည်တို့ကို ယေဘုယျအားဖြင့် ခွဲခြားနိုင်ပါသည်။ ယိလုံဆီးနှင်းတောင်သည် နာဆီလူမျိုးနှင့် လစ်ကျန်းမြို့၏ လူမျိုးအမျိုးမျိုးတို့၏ ရင်ထဲမှ မွန်မြတ်သော တောင်တစ်လုံး ဖြစ်၍ နာဆီလူမျိုးတို့၏ ကာကွယ်နတ် “စန်တော်”သည် ယိလုံဆီးနှင်းတောင်၏ ကိုယ်ခွဲ ဖြစ်ပါသည်။ ဆွဲဆောင်နိုင်စွမ်းကြီးမားသော ရှုခင်းရှုကွက်များနှင့် လျှို့ဝှက်နက်နဲသော ဥဒါန်းစကားများကြောင့် လူသားများသည် ယိလုံဆီးနှင်းတောင်ကို စိတ်ဝင်စား လျက်ရှိသည်။

လားစိဟိုင်သဘာဝထိန်းသိမ်းရေးဇုန်

139090649_15905449404581n

139090649_15905449809711n

ဤသဘာဝထိန်းသိမ်းရေးဇုန်သည် ကုန်းပြင်မြင့် ရေကန်၊ Ciconia nigra၊ Grus nigricollis၊ Mergus squamatus စသည့် ရှားပါး သို့မဟုတ် လုံးဝပပျောက်တော့မည့် သဘာဝတောရိုင်း တိရစ္ဆာန်များ၊ အလေ့ကျပေါက်သော ရုက္ခပင်များ နှင့် ၎င်းတို့သည် အသက်ရှင်သည် ဇီဝပတ်ဝန်းကျင်တို့ကို အဓိက ထိန်းသိမ်းကာကွယ် လျက်ရှိသည်။ ထူးခြားသော ဇီဝလက္ခဏာစနစ် ဝန်ဆောင်မှု စွမ်းဆောင်နိုင်မှုနှင့် ပေါများကြွယ်ဝသော သတ္တဝါ အမျိုးအစားရှိခြင်း တို့ကြောင့် လားစိဟိုင်သဘာဝထိန်းသိမ်းရေးဇုန်သည် ၂၀၀၄ ခုနှစ်တွင် နိုင်ငံတကာ အရေးပါသော စိုစွတ်မြေစာရင်းထဲသို့ ထည့်သွင်း ခံခဲ့ပါသည်၊ ၂၀၀၅ ခုနှစ်တွင် တစ်နိုင်ငံလုံး သဘာဝတောရိုင်း တိရစ္ဆာန်များ ပေါ်ပြူလာသိပ္ပံ ပညာပေး အခြေခံစခန်း၊ နိုင်ငံတော်အဆင့် သဘာဝတောရိုင်း တိရစ္ဆာန်များအတွက် ကပ်ရောဂါနှင့် ရောဂါ၏ အကြောင်းရင်းများ ကြီးကြပ်စစ်ဆေးရေးဌာနနှင့် အနောက်တောင်ပိုင်း ကုန်းပြင်မြင့် စိုစွတ်မြေ ပတ်ဝန်းကျင် ပညာပေး အခြေခံစခန်းတို့ အဖြစ် သတ်မှတ် ခံခဲ့ပါသည်။ ထိန်းသိမ်းရေးဇုန်ထဲတွင် သတ္တဝါ အမျိုးအစား ပေါများကြွယ်ဝ၍ ယခုအထိ မှတ်တမ်းတင်ခဲ့သည့် ငှက်မျိုးများမှာ ၁၇၄၄ Families၊ ၂၃၅ မျိုး ရှိ၍ တရုတ်နိုင်ငံ ရေငှက်မျိုး စာရင်းထဲသို့ထည့်သွင်းခဲ့သည့် ရေငှက်များသည် ၉၆ မျိုး ရှိပါသည်။

လောင်ကျွင်းတောင်

139090649_15905450848591n

139090649_15905451039511n

လောင်ကျွင်းတောင် နိုင်ငံတော် ဥယျာဉ်သည် လီမင်ရပ်ကွက်၊ ၉၉ လုံထန်ရပ်ကွက်၊ ကျင်းစ်ချမ်ရပ်ကွက်၊ လစ်ဇူ ယူနန့်ရွှေခြည်မွေးမျောက် ထိန်းသိမ်းရေးဇုန်၊ ရှင်းဇူသဘာဝရုက္ခပင်ဥယျာဉ် ရပ်ကွက်ဖြစ်သော ရပ်ကွက် ၅ ခုကို ခွဲခြားလျက်ရှိသည်။

 

昆明信息港综合整理 5月21日,《航拍中国》第三季《一同飞越》重磅上线,第一期展现了云南的天际美景。这一期我们把聚光灯对准丽江,一起来回顾一下《航拍中国》中出现过的丽江场景。

玉龙石鼓镇大拐弯

139090649_15905442224981n

139090649_15905443718311n

位于丽江城西北45公里的石鼓镇,金沙江在这里转向180多度,形成著名的“万里长江第湾”。纳西语称这里为“剌巴”,意为“虎啸处”。长江第一湾山萦水绕,景色如画,享有“小江南”的美誉。长江第一湾不仅是丽江的重要风景名胜区,而且是进入老君山景区和“三江并流”景区的咽喉重地。

泸沽湖

139090649_15905443063821n

139090649_15905443653261n

139090649_15905443949531n

139090649_15905444414581n

被誉为高原明珠的泸沽湖,是云南省九大高原湖泊之一,也是云南省级自然保护区、省级旅游度假区、国家4A级旅游景区。居住在泸沽湖畔的摩梭人至今仍保留着“男不娶、女不嫁、结合自由、离散随意”的“走婚”婚姻习俗,被誉为“东方女儿国”。

丽江古城

139090649_15905445118421n

139090649_15905445333491n

139090649_15905446443601n

139090649_15905446155401n

丽江古城兼有水乡之容,山城之貌,是世界文化遗产,国家历史文化名城,国家5A级旅游景区,全国文明风景区。丽江古城有着多彩的地方民族习俗和娱乐活动,例如纳西古乐、东巴仪式、古镇酒吧以及纳西族火把节等都别具一格。丽江古城体现了中国古代城市建设的重要成就,是中国民居中具有鲜明特色和风格的类型之一。

玉龙雪山

139090649_15905446925761n

139090649_15905447201651n

139090649_15905451538511n

139090649_15905448376271n

玉龙雪山银装素裹,十三峰连绵不断。因玉龙雪山的岩性主要为石灰岩与玄武岩,黑白分明,所以又称为“黑白雪山”。这里旅游资源丰富,景观大致可分为雪域•冰川景观、高山草甸景观、原始森林景观、雪山水景等。玉龙雪山是纳西族及丽江各民族心目中一座神圣的山,纳西族的保护神“三朵”就是玉龙雪山的化身。玉龙雪山凭其迷人的景观、神秘的传说令人心驰神往。

拉市海

139090649_15905449404581n

139090649_15905449809711n

这片自然保护区主要保护对象为高原湖泊、黑鹳、黑颈鶴、中华秋沙鸭等珍稀濒危野生动植物及其生境。由于其特殊的生态服务功能和丰富的生物多样性,2004年被列入《国际重要湿地名录》,2005年被列为“全国野生动物科普教育基地”“国家级野生动物疫源疫病监测站”和“西南高原湿地环境教育基地”。保护区生物物种丰富,到目前为止,已记录鸟类有1744科235种,列入中国水鸟类名录的水鸟有96种。

老君山

139090649_15905450848591n

139090649_15905451039511n

老君山国家公园共分为五大片区,分别为黎明片区、老君山99龙潭片区、金丝厂片区、利菹滇金丝猴保护区、新主天然植物园片区。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်